ခွင့်ပြုမိန့်မရဘဲလုပ်နေသည့် မြေလွတ် မြေရိုင်းများ ခြောက်လအတွင်း ခွင့်ပြုချက်ယူရမည်

ခွင့်ပြုမိန့်မရဘဲလုပ်နေသည့် မြေလွတ် မြေရိုင်းများ ခြောက်လအတွင်း ခွင့်ပြုချက်ယူရမည် - Property News in Myanmar from iMyanmarHouse.com
5 Nov 2018 10:01 am တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး

ခွင့်ပြုမိန့်မရဘဲ လုပ်ကိုင်နေသည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ ခြောက်လအတွင်း ခွင့်ပြုချက်ပြန်လည် ရယူရ မည်ဖြစ်ပြီး မလျှောက်ထားပါက သတ်မှတ်ထားသော နည်းလမ်း နှင့်အညီ သိမ်းယူဖယ်ရှားခြင်း ခံ ရမည်ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီက နိုဝင်ဘာ ၂ ရက် တွင် ထုတ်ပြန်သည်။

မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်၍ စက်တင်ဘာ ၁၁ ရက် တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ ထိုဥပဒေ ထဲတွင် ခွင့်ပြုမိန့်မရဘဲ လုပ်ကိုင် နေသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဥပဒေပြင်ဆင် ပြဋ္ဌာန်းပြီးချိန်မှ ခြောက်လအ တွင်း ပြန်လည်လျှောက်ထားရ မည်ဟု ပါရှိသည်။

ထိုသို့ ပြန်လည်လျှောက် ထားရာတွင် မြေဧရိယာနှင့် လုပ် ငန်းအသေးစိတ်ကို ပြည့်စုံစွာ ဖော်ပြရမည်ဟု ဆိုထားသည်။ အကယ်၍ လျှောက်ထားဆောင် ရွက်ခြင်း မရှိလျှင်ဖြစ်စေ၊ ခွင့်ပြု မိန့်မရလျှင်ဖြစ်စေ လက်ရှိလုပ် ကိုင်နေသည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းမှာ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်ဟု ဆိုထားသည်။

‘‘ဥပဒေဘောင်နဲ့ အုပ်ချုပ် တဲ့ အစိုးရဖြစ်နေလို့ ဥပဒေ ဘောင်ဝင်အောင် ပြန်လုပ်တာ ပါ’’ ဟု ပြည်သူ့လွှတ်တော် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ကျေး လက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် လုပ်ထုံး လုပ်နည်း နည်းဥပဒေဆက်လက် ထုတ်ပြန်ရန်ရှိသည်ဟု ၎င်းကဆို သည်။

ထို့ပြင် ယခုအချိန်မှ စတင်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင် များကို လုပ်ကိုင်လိုသူများလည်း လျှောက်ထားနိုင်သည်ဟု ကြေ ညာထားသည်။

မြေအသစ်လျှောက်ထားသူ များသည် စိုက်ပျိုးရေးအတွက် ဧက ၃၀၀၊ မွေးမြူရေးအတွက် ဧက ၅၀ ထက်ပိုသော မြေဧရိ ယာ၊ ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် အစိုးရက ခွင့်ပြုထား သော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဗဟိုကော်မတီသို့ လျှောက် ထားရမည်ဟု ဆိုထားသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ နှင့် မွေးမြူရေးလုပ်ငန်းအ တွက် ဧက ၅၀ အောက် မြေဧရိ ယာများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်စီမံခန့် ခွဲရေးကော်မတီများထံ လျှောက် ထားရမည်ဟု ဆိုထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service