ငွေကြေးကမ္ဘာ

ငွေကြေးကမ္ဘာ - Property News in Myanmar from iMyanmarHouse.com
10 Oct 2018 11:52 am တွင် တင်ခဲ့သည်
2397 ကြိမ် ကြည့်ရှု့ပြီး

တစ်လောက ကမ္ဘာတစ်လွှားတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက် လာသည့်အတွက် အခြားသောနိုင်ငံများ ၏ ငွေကြေးများမှာ အလိုအလျောက် နေရင်းထိုင်ရင်း တန်ဖိုးကျဆင်းသွားခဲ့ ကြသည်။ တကယ်တွင် တန်ဖိုးကျဆင်း သွားခဲ့ကြသည်။ တကယ်တွင် ယင်းသို့ သောဖြစ်ရပ်မှာ ထူးထူးခြားခြားကား မဟုတ်။ ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရပ်တစ်ခုသာဖြစ်သည်။ သို့ဆိုစေ၊ အမေရိ ကန်ဒေါ်လာ တန်ဖိုးမြင့်တက်မှုကြောင့် ပြည်တွင်းငွေကြေး ရုပ်ပျက်ဆင်းပျက် မဖြစ်ရလေအောင် ဗဟိုဘဏ်များက ၎င်းတို့၏ လက်ထဲရှိ အရန်နိုင်ငံခြားငွေများ (foreign exchange reserves) ကို ထုတ်သုံးကာ ကာကွယ်တတ်ကြသည်။

အမေရိကန်ဒေါ်လာသည် ကမ္ဘာ သုံးငွေကြေးဖြစ်နေသည်။ အမေရိကန် ဒေါ်လာကို လက်ထဲကိုင်ထားကြသော နိုင်ငံတိုင်းသည် အမေရိကန် ဗဟိုဘဏ် (Federal Reserve) ၏ မူဝါဒအပြောင်း အလဲကို မျက်ခြည်မပြတ် မျက်စိဒေါက်ထောက် ကြည့်နေကြရသည်။ အမေရိ ကန်မူဝါဒ ပြောင်းလဲလျှင် မိမိတို့ကလည်း သင့်တော်သလို လိုက်ပြောင်းနိုင်ရန်ဖြစ် ၏။ ထို့ကြောင့် ဗဟိုဘဏ်များက အမှန်တကယ်လိုအပ်သည်ထက်ပို၍ အမေရိကန်ဒေါ်လာကို အရန်ငွေအဖြစ် စုဆောင်းထားကြရသည်။

ယနေ့ ငွေကြေးလောကကို အမေရိကန်ဒေါ်လာ လွှမ်းမိုးကြီးစိုးထား သည်။ အမေရိက၏ ဘဏ္ဍာရေးပါဝါမှာ အလွန်အမင်းကြီးမား၏။ ကမ္ဘာ့ကုန်သွယ် ရေးနယ်ပယ်တွင် ဒေါ်လာဖြင့် ကုန်ရောင်း ကုန်ဝယ်လုပ်ကြသည်။ သို့ဖြစ်၍ ဗဟို ဘဏ်များက ဒေါ်လာကို မရှိမဖြစ် လက်ထဲ ကိုင်ထားကြရသည်။ ဂလိုဘယ် နိုင်ငံခြား အရန်ငွေ၏ သုံးပုံနှစ်ပုံမှာ အမေရိကန် ဒေါ်လာဖြစ်သည်။ အမေရိကန်ငွေတိုက် စာချုပ်များ ၀ယ်ယူထားကြရသည်။ အဆို ပါ အမေရိကန်အာမခံငွေတိုက်စာချုပ် များ (T Bills) မှာ ငွေဖြစ်လွယ်ဆုံးဖြစ် ၏။ အရောင်းအ၀ယ်လုပ်ပြီး ချက်ချင်း ငွေပေါ်အောင်လုပ်နိုင်သည်။ ထုတ်မရောင်း ဘဲ လက်ထဲကိုင်ထားလျှင်လည်း အတိုးရ နေသည်။

အမေရိကန်ဒေါ်လာမှာ ကမ္ဘာ သုံးငွေကြေးဖြစ်နေသည့်အတွက် အမေရိ ကန်ဗဟိုဘဏ်မှလွဲ၍ အခြားသော ဗဟိုဘဏ်များအနေဖြင့် အမေရိကန် ဗဟိုဘဏ်၏ တီးလုံးတေးသွားသံစဉ်အလိုက် က,နေကြရသည်။ သို့သော် ပြဿနာမှာ အခြားမဟုတ်။ ကမ္ဘာသုံးဖြစ်နေသည့် အမေရိကန်ဒေါ်လာမှာ အမေရိကန်နိုင်ငံ ပြည်တွင်းသုံးငွေကြေးလည်း ဖြစ်နေခြင်း ဖြစ်ပါ၏။ သို့ဖြစ်၍ အမေရိကန်ဗဟိုဘဏ် သည် အမေရိကန် စီးပွားရေးအခြေအနေ အရ အတိုးနှုန်းကို အလျော့အတင်းလုပ်သည်။ အမေရိကန်ဗဟိုဘဏ်အနေဖြင့် ကမ္ဘာ့စီးပွားရေးထက် အမေရိကန်စီးပွားရေးကို ဦးစားပေးသည်။ ကမ္ဘာ့အကျိုးထက် အမေရိကန်နိုင်ငံအကျိုးကို ပိုကြည့်သည်။

သို့ဆိုလျှင် ကမ္ဘာက ဘာကြောင့် အမေရိကန် ပြည်တွင်းသုံးငွေကြေးကို ကမ္ဘာသုံးငွေကြေးအဖြစ် အသုံးပြုနေကြ ပါသလဲ။ ယင်းသို့မေးခွန်းထုတ်စရာရှိပါ ၏။ စင်စစ်အားဖြင့် ကမ်္ဘာကလည်း ပြည် တွင်းသုံးငွေကြေးဖြစ်သည့် အမေရိကန် ဒေါ်လာကို ကမ်္ဘာသုံးငွေကြေးအဖြစ် အသုံးမပြုချင်ကြပေ။ တစ်စုံတစ်ရာကို ကမ္ဘာသုံးငွေကြေးအဖြစ် အသုံးပြုချင်နေ ကြသည်။ ကမ္ဘာသုံးငွေကြေးတစ်ရပ်ထွက် ပေါ်စေရန်လည်း ကြိုးပမ်းခဲ့ကြဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတော့ မည့်အချိန်လောက်ကဖြစ်ပါ၏။ အမေရိ ကန်နိုင်ငံသည် စစ်အင်အားအရရော၊ စီးပွားရေးအရပါ အကြီးမားဆုံးနိုင်ငံတစ် နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။ အမေရိကန်က ကြီးမှူးပြီး စစ်ပြီးခေတ်ကုန်သွယ် ရေးနှင့် ငွေရေးကြေးရေးအခင်းအကျင်း အတွက် အမေရိကန်နိုင်ငံတွင် နိုင်ငံအတော် များများပါဝင်သည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြသည်။ ဘရစ်တန်ဝုဒ်တွင်ကျင်းပခဲ့သည့်အတွက Bretton Woods အစည်းအဝေးဟု ခေါ်ဆိုခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် ယူနိုက် တက်ကိန်းဒင်း (ု့) ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည့် ဘောဂဗေဒပညာ ရှင်ဂျွန် မေနတ်ကိန်းစ် (John Maymard Keynes) က၊ ကမ္ဘာသုံးငွေကြေးတစ်ရပ် ဖော်ဆောင်ရန် တင်ပြခဲ့သည်။ သူက ကမ္ဘာ့ဘဏ်တစ်ခု ဖော်ဆောင်ဖန်ဆင်း မည်။ ကုန်သွယ်ရေးပိုငွေ (trade surplus) ပြသော နိုင်ငံများက ယင်းကုန်သွယ်ရေး ပိုငွေကို အဆိုပါဘဏ်တွင် အပ်နှံကြရ မည်။ ပိုငွေပြနိုင်ငံများက အပ်နှံသည့် trade deficit ငွေများကို၊ ကုန်သွယ်ရေးလို ငွေ (trade deficit) ပြနိုင်ငံများသို့ ဘဏ် က ငွေထုတ်ချေးပေးရန်ဖြစ်သည်။ ဤ နည်းဖြင့် ကမ္ဘာသုံးငွေကြေးတစ်ရပ် ဖန် ဆင်းမည်ဟု ကိန်းစ်က ဆိုသည်။

ကိန်းစ်၏ တင်ပြချက်ကို အမေရိ ကန်နိုင်ငံက ပယ်ချသည်။ လက်မခံ။ အဘယ်ကြောင့်ဆိုသော် ထိုခေတ် ထိုအခါ က အမေရိကန်နိုင်ငံ၏လက်ထဲတွင် ကုန် သွယ်ရေးပိုငွေအများကြီးရှိနေသောကြောင့် ဖြစ်၏။ ထို့ပြင် အမေရိကန်နိုင်ငံတွင် ရွှေအမြောက်အမြားလည်းရှိနေသည်။ အမေရိကန်က အစီအစဉ်သစ်တစ်ခု တင်ပြသည်။ ဒေါ်လာ လဲလှယ်နှုန်းစ (dollar exchange standard) ဖြစ်၏။ အမေရိက က ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာဖြင့် အရောင်း အ၀ယ်လုပ်ပေးမည်။ (အမေရိကန်ပြည်သူ များအနေဖြင့် ရွှေမသုံးစွဲရ။) အခြားနိုင်ငံ များအနေဖြင့် ၄င်းတို့၏ ငွေကြေးများ ကို အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ကြ ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံက သူ့ပြည် တွင်းသုံးစွဲရန်အတွက် ငွေကြေးထုတ်ဝေ လိုပါက ရွှေတုံးများကို အမေရိကန်နိုင်ငံ တွင်အပ်နှံပြီး သတ်မှတ်အတိုင်းအတာ တစ်ခုအထိ ငွေကြေးထုတ်ဝေနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏လက်ထဲ၌ အမေရိကန် ဒေါ်လာ အမြောက်အမြားရှိနေ၍ ရွှေ ဖြင့်လဲလှယ်ချင်လျှင် အမေရိကန်နိုင်ငံက သတ်မှတ်ပုံသေ ဈေးနှုန်းဖြင့် ရွှေလဲလှယ် ပေးမည်ဖြစ်၏။ သို့ဖြစ်၍ ထိုခေတ်ကို ပုံသေငွေလဲနှုန်းစနစ် (fixed exchange rates system) ခေတ်ဟု ခေါ်ဆိုခဲ့ကြသည်။

ထိုစနစ်ကို ထိန်းကျောင်းပေးရန် အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund (IMF) ကို တည်ထောင်ခဲ့ကြသည်။ IMF ကုန်သွယ်ရေးလိုငွေပြနေသော နိုင်ငံများကို ငွေထုတ်ချေးရန်ဖြစ်၏။ သို့ ရာတွင် ငွေချေးယူလိုသည့်နိုင်ငံ သည် IMF ချမှတ်သည့် စီးပွားရေး ကောင်းမွန်အောင် လုပ်ကိုင်ပေးသော အစီအစဉ်များကို လက်ခံရမည်ဖြစ်ပါ၏။ လက်မခံလျှင် IMF ငွေထုတ်ချေးပေး မည်မဟုတ်ပေ။ ဤသည်မှာ IMF ငွေ ချေးယူလိုသော နိုင်ငံအနေဖြင့် သူ၏ အချုပ်အခြာအာဏာကို IMFယာယီ လွှဲအပ်လိုက်ရသလိုဖြစ်နေသည့်အတွက် အခြားနည်းလမ်းများ မရှိတော့မှသာ IMF ငွေချေးယူကြသည်။

ထိုခေတ်က မြန်မာနိုင်ငံအနေ ဖြင့်လည်း အခြားသောနိုင်ငံများကဲ့သို့ ရွှေတုံးများကို အမေရိကန်နိုင်ငံ၌အပ်နှံ ပြီး၊ ရွှေကျောထောက်နောက်ခံဖြင့် ငွေ ကြေးများ ထုတ်ဝေကာ ပြည်တွင်း၌သုံးစွဲ ခဲ့ပါသည်။ ရွှေနောက်ခံရှိသဖြင့် ထိုခေတ် က မြန်မာကျပ်ငွေမှာ ခိုင်မာသည်။ တန်ဖိုး ရှိသည်။ အကြွေစေ့ ၁ ပြား၊ ၅ ပြား၊ ၁၀ ပြား၊ ၂၅ ပြား၊ ၅၀ ပြားနှင့် ကျပ်စေ့ မှစ၍ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ၁၀ ကျပ်တန် စသည်ဖြင့် ငွေစက္ကူများကို ကိုင်တွယ်သုံးစွဲ၍ရသည်။ တန်ဖိုးအကြီး ဆုံး ငွေစက္ကူမှာ ကျပ် ၁၀၀ တန်ဖြစ်၏။ မိသားစု ငါးယောက်ရှိသောအိမ်တွင် တစ်ကျပ်ပြား ၅၀ ရှိလျှင် တစ်နေ့အတွက် ဆန်၊ ဆီ၊ ဆား၊ သားငါး၊ ဟင်းသီးဟင်းရွက် စုံစီနဖာ အကုန်ဝယ်၍ရသည်။

သို့သော် ဤပုံသေငွေလဲနှုန်း စနစ်သည် အမေရိကန်သမ္မတ Richard Nixon လက်ထက်၊ ၁၉၇၁ ခုနှစ် သြဂုတ် လ ၁၅ ရက်နေ့တွင် နိဂုံးချုပ်သွားခဲ့ပါ သည်။ အကြောင်းမှာ ဗီယက်နမ်စစ်ပွဲ ကြောင့် ငွေသုံးစွဲမှု တိုးတက်များပြားလာ သည့်အပြင် အမေရိကန်နိုင်ငံပိုင် ရွှေတုံး များလည်း ပြည်ပသို့အထွက်များလာသော ကြောင့်ဖြစ်၏။ သို့ဖြစ်၍ ယခင်က အမေရိ ကန်နိုင်ငံက ကတိပြုထားသည့် ရွှေနှင့် ဒေါ်လာ ချိတ်ဆက်မှုကို အမေရိကန်နိုင်ငံ ကပင် ဖျက်သိမ်းပစ်ခဲ့သည်။ ပုံသေငွေ လဲနှုန်းစနစ်လည်း ပြိုလဲသွားခဲ့သည်။ ဤဖြစ်ရပ်ကို ဘလုစ်တန်ဝုဒ်စနစ်ပြိုလဲ မှုအဖြစ် ဘဏ္ဍာရေးလောကသားများက ရှုမြင်ကြသည်။

ပုံသေငွေလဲနှုန်းစနစ်ပြိုလဲသွား ပြီးနောက် နှုန်းရှင်မျောစနစ် (flexible or floating exchange rates system) သို့ ကူးပြောင်းလာသည်။ ဤစနစ်တွင် နိုင်ငံခြားငွေလဲနှုန်းကို ဈေးကွက်၏၀ယ် လိုအားနှင့် ရောင်းလိုအားတို့က သတ်မှတ် ပေးသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည် တွင်းငွေကြေးထုတ်ဝေရန်အတွက် ရွှေကို ကျောထောက်နောက်ခံအဖြစ် ထားစရာ မလိုတော့။ အမေရိကန်နိုင်ငံတွင် ယခင်က အပ်နှံထားခဲ့သည့် ရွှေတုံးများကို ပြန် ထုတ်ယူလိုက ယူနိုင်သည်။ သို့မဟုတ် ရောင်းချလိုကလည်း ပေါက်ဈေးဖြင့် ရောင်းချနိုင်သည်။ (ဆိုရှယ်လစ်ခေတ် တွင် မြန်မာနိုင်ငံက ရွှေတုံးများကို ပြန် မသယ်တော့ဘဲ ရောင်းချပစ်ခဲ့ပါ၏)

ဤနှုန်းရှင်မျောစနစ်က အစိုးရ များကို လွတ်လွတ်လပ်လပ် ငွေကြေးထုတ် ဝေရန် ခွင့်ပြုပေးလိုက်သည်။ အစိုးရများ စိတ်ကြိုက်ငွေစက်္ကူများ ထုတ်ဝေနိုင်သည်။ ငွေစက္ကူပုံနှိပ်စက်တစ်လုံးသာလိုပါ၏။ မှတ်မိကြလိမ့်မည် ထင်ပါသည်။ စစ်ကာလ အတွင်းက မြန်မာနိုင်ငံသို့ ဂျပန်များ ၀င် ရောက်လာသည့်အခါ သူတို့နှင့်အတူ ငွေစက္ကူရိုက်နှိပ်စက်ပါလာသည်။ မြန်မာ ပြည်အတွက် သီးသန့်ငွေစက္ကူများ ရိုက် နှိပ်ပြီး အသုံးပြုခဲ့ကြသည်။ ဂျပန်များ ထွက်ပြေးသွားသည့်အခါ ဂျပန်ငွေစက္ကူ မှာ စက္ကူအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။

ငွေလဲနှုန်းကို နှုန်းရှင်မျောလိုက် ရသဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးကျ ဆင်းသွားခြင်းမရှိ။ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်တွင် အမေရိကန်ဒေါ်လာ မှာပို၍ပင် အရေးပါအရာရောက်လာ သည်။ နိုင်ငံတိုင်းက အမေရိကန်ဒေါ်လာ ကို လိုချင်ကြသည်။ အရန်ငွေအဖြစ် ဗဟိုဘဏ်များက အမေရိကန်ဒေါ်လာ တစ်ခုတည်းကိုသာ တမြတ်တနိုးထားရှိ လာကြသည်။ ဤသို့ဖြင့် အမေရိကန် ဒေါ်လာမှာ ဘဏ္ဍာရေးဇာတ်ခုံပေါ်၌ ကမ္ဘာသုံးငွေကြေးအဖြစ် ဆက်လက်ရပ် တည်နိုင်ခဲ့သည်။

သို့ဖြစ်လင့်ကစား အမေရိကန် ဒေါ်လာတစ်ခုတည်းက ကမ္ဘာသုံးငွေ ကြေးဖြစ်နေသည်ကို ကမ်္ဘာ့နိုင်ငံအတော် များများက ဘ၀င်မကျဖြစ်နေခဲ့ကြသည်။ အထူးသဖြင့် ဥရောပနိုင်ငံများက သဘော မကျကြပေ။ သို့ဖြစ်၍ ဥရောပနိုင်ငံအချို့ က ဥရောပသမဂ္ဂဖွဲ့စည်းပြီးနောက် နောက် ပိုင်းတွင် ယူရိုဇုန်တစ်ခုကိုပါ ထူထောင် ခဲ့ကြသည်။ ဥရောပသမဂ္ဂ၀င်နိုင်ငံတိုင်း ပါဝင်ခြင်းကား မရှိပေ။ သို့သော် ယူရိုဇုန် အဖွဲ့ဝင်နိုင်ငံများသည် ယခင် ၎င်းတို့၏ ပြည်တွင်းသုံးငွေကြေးများကို စွန့်လွှတ်ခဲ့ ကြပြီး ဘုံငွေကြေးအနေနှင့် ယူရိုငွေကြေး ကို အသုံးပြုလာခဲ့ကြသည်။ ယူရိုငွေကြေး မှာ အမေရိကန်ဒေါ်လာနှင့်ယှဉ်ပြိုင်လာ နိုင်သည်။ ဗဟိုဘဏ်များကလည်း အရန် နိုင်ငံခြားငွေအဖြစ် အမေရိကန်ဒေါ်လာ အပြင် ယူရိုငွေကြေးကိုပါ ကိုင်ဆောင်လာ ခဲ့ကြသည်။ ဤသို့ဖြင့် ကမ္ဘာသုံးငွေကြေး တစ်ခု ထပ်မံတိုးတက်လာခြင်းဖြစ်သည်။

တကယ်တွင် ဂျပန်နိုင်ငံ အလွန် အမင်းတိုးတက်ခဲ့သည့် ၁၉၈၀ နှစ်များ က ဂျပန်ယန်းငွေ (yen) ကိုလည်း ကမ္ဘာသုံးငွေအဆင့်သို့ တက်လှမ်းရန် နိုင်ငံ အချို့က တိုက်တွန်းခဲ့ကြသည်။ ဂျပန်က ငြင်းဆန်ခဲ့ပါ၏။ အလားတူပင် ဂျာမန် စီးပွားရေးကောင်းမွန်နေစဉ်က ဂျာမန် ငွေကြေး ဒွိုက်ခ်ျမတ (Deutschmark) ကိုလည်း ကမ္ဘာသုံးငွေကြေးအဖြစ် ဆွဲတင်ရန် ကြိုးပမ်းခဲ့ကြသေးသည်။ ဂျာမန် ကလည်း ငြင်းပယ်ခဲ့သည်။ သို့သော် ယနေ့ ကမ္ဘာသုံးငွေကြေးဖြစ်နေသည့် ယူရို(euro) သည် ဂျာမန်မတ်ငွေအပေါ် ၌ အခြေခံထားခြင်းဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ခိုင်မာ သည့် ငွေကြေးများကို ကမ္ဘာသုံးငွေအဖြစ် သုံးချင်ကြသည်။ သို့ဖြစ်၍ ၁၉၆၉ ခုနှစ် ကပင် ကိန်းစ်၏အတွေးအခေါ်အပေါ် အခြေပြုလျက် ဖွဲ့ဝင်နိုင်ငံကြီး ၁၀ နိုင်ငံက SDRs (Special Drawing Rights) ဟုခေါ်သည့် အထူးငွေထုတ်ယူ ခွင့်တစ်ခုကို ဖန်ဆင်းရန် သဘောတူညီ ခဲ့ကြသည်။ ဤသည်မှာ ငွေကြေးတစ်ရပ် ဖြစ်သော်လည်း အစိုးရများအကြား ချေးယူ အသုံးပြုနိုင်သည့် ငွေကြေးအဖြစ်သာ ရှိသေးသည်။ လူအများဆုံးဖြစ်မလာခဲ့။ သို့သော် SDRs ကို တန်ဖိုးသတ်မှတ်ရာ တွင် အခိုင်အမာ ရပ်တည်လျက်ရှိသည့် ငွေကြေးများကို အလေးပေးကာ (weighted) တွက်ချက်သည်။ ယခုအခါ ယင်းသို့ တွက်ချက်ရာ၌ တရုတ်၏ ယွမ်ငွေကြေး (yuan) ကိုပါ ထည့်သွင်းတွက်ချက်သည်။

တရုတ်တို့က ၎င်းတို့၏ယွမ် ငွေကြေးကို အမေရိကန်ဒေါ်လာကဲ့သို့ ကမ္ဘာသုံးငွေဖြစ်လာစေရန် ကြိုးပမ်းလုပ် ဆောင်လျက်ရှိသည်။ တရုတ်အနေဖြင့် ကုန်သွယ်ရေးတွင် မိတ်ဆွေရန်သူ မခွဲ ခြားဘဲ ဘယ်နိုင်ငံနှင့်မဆို ရောင်းဝယ် ဖောက်ကားမှုလုပ်သည်။ ယခင်က ဥရောပ နိုင်ငံများက ကိုလိုနီများ ထူထောင်ပြီး နယ်ချဲ့ကာသွေးစုပ်ခဲ့ကြသလို သို့မဟုတ် စစ်ပြီးခေတ်၌ အမေရိကန်နိုင်ငံက ဘဏ္ဍာ ရေးဖြင့် ကမ္ဘာကို စိုးမိုးထားသလို၊ တရုတ် တို့ကလည်း ကမ္ဘာ့နိုင်ငံအများအပြားတွင် အခြေခံအဆောက်အအုံများ တည်ဆောက် ပေးမည်ဆိုကာ ငွေထုတ်ချေးပေးပြီး နယ် ပယ်ချဲ့ထွင်လျက်ရှိသည်။ အချို့သော နိုင်ငံများတွင် တရုတ်က ဆောက်လုပ်ပြီးစီးသည့် အခြေခံအဆောက်အအုံများ အတွက် ချေးယူငွေကို အတိုးရော အရင်း ပါ ပြန်မဆပ်နိုင်သဖြင့် တရုတ်လက်ထဲ ထိုးအပ်နေကြသည်။

တရုတ်၏ ကုန်ထုတ်လုပ်နိုင်စွမ်း နှင့် တိုးတက်မြင့်မားလာသော ကုန်သွယ် မှုပမာဏတို့ကြောင့် တရုတ်ငွေကြေးယွမ် သည် အနာဂတ်တွင် ကမ္ဘာသုံးငွေကြေး ဖြစ်လာနိုင်ပါသည်။ အမေရိကန်ဒေါ်လာ လည်း ကျဆင်းသွားနိုင်သည်။ ကမ္ဘာတွင် အမြဲတမ်းတည်တံ့နေသည့် ငွေကြေးဟူ၍ ငွေကြေးသမိုင်းကြောင်းတွင် မရှိ။ ကာလ တစ်ခုအထိသာ ငွေကြေးတစ်ရပ်မှာ သက် တမ်းရှည်နိုင်ပါ၏။ သို့သော် တရုတ်၏ နောက်ခံပန်းချီကားချပ်မှာ ကွန်မြူနစ်နိုင်ငံ ဖြစ်နေသည်။ တစ်ပါတီ အာဏာရှင်စနစ် ကိုကျင့်သုံးသည်။ တရုတ်ပြည်တွင် တရုတ် ဗဟိုဘဏ်မှာ လွတ်လပ်မှုမရှိ။ ပါတီက ကြိုးကိုင်ထားသည်။ ယွမ်ငွေကြေးကို ကမ္ဘာသုံး ငွေကြေးအဖြစ်အသုံးပြုလျှင် ကမ္ဘာ့ပြည်သူများ၏ယုံကြည်ကိုးစားမှု ရ နိုင်ပါ့မလား။ ရင်းနှီးမြှုပ်နှံသူများက စိတ်ချလက်ချ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ပါ့မလား။

၂၀၀၈ ခုနှစ်တွင် အမေရိကန် ဘဏ္ဍာရေး ပြိုလဲတော့မလိုဖြစ်သွားခဲ့ သည်။ ယခု ၂၀၁၈ တွင် ၁၀ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်၏။ သို့သော် အမေရိကန် နိုင်ငံသည် လဲကျရာမှ ပြန်ထနိုင်ခဲ့သည်။ ဘဏ္ဍာရေးပြိုလဲတော့မလို ဖြစ်စဉ်က အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်း များကို သုညနီးနီးလျော့ချပစ်ခဲ့သည်။ ထို့ပြင် ငွေစက္ကူသစ်များ ဘီလီယံနှင့်ချီ ကာ ရိုက်နှိပ်ပြီး အက်ဆက်များဝယ်ယူ ခဲ့သည်။ ထိုသည့် အစီအစဉ်ကြောင့် အမေရိကန်ဘဏ္ဍာရေးလောကသည် ပြန် လည်ထူထူထောင်ထောင် ဖြစ်လာခဲ့သည်။ ယခု ဂျီဒီပီမှာ သုံးရာခိုင်နှုန်းသို့ ပြန်တက် လာသည်။ လုပ်သားများ အလုပ်အကိုင် များ ရရှိလာကြသည်။ ငွေဖောင်းပွနှုန်း မှာ နှစ်ရာခိုင်နှုန်းသို့ပင် မရောက်တတ် သေး။ ခြုံငုံသုံးသပ်လျှင် အမေရိကန် စီးပွားရေးကောင်းမွန်လာသည်။ သို့ဖြစ် ၍ အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းကို တစ်စတစ်စ မြှင့်တင်လျက်ရှိ သည်။ ယင်းသို့ မြှင့်တင်မည်ဖြစ်ကြောင်း ကမ္ဘာသို့ စောစောပိုင်းကပင် ကြေညာ ထားခဲ့သည်။

သို့ပါလျက် အမေရိကန်ဗဟို ဘဏ်က အတိုးနှုန်းကို ပွိုင့် ၂၅လောက်စီ မြှင့်တင်လိုက်သည့်အခါ အမေရိကန် ဒေါ်လာဈေးတက်လာပြီး ကမ္ဘာတစ်လွှား ငွေကြေးများ ယောက်ယက်ခတ်သွားသည်။ အရေးထဲ အမေရိကန်သမ္မတကြီး Donald Trump ကလည်း ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲတစ်ရပ်ကို စတင်လိုက်သည်။ ကမ္ဘာ့ကုန်သွယ်ရေး ကမောက်ကမဖြစ်သွားခဲ့ ၏။ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးတွင် လိုငွေပြနေခြင်းကို ပြန်လည်တည့်မတ်ရန် ကုစားနေခြင်းဖြစ် ၏။ ထို့ကြောင့် အချို့သောနိုင်ငံများကို သွင်းကုန်ခွန်များ တိုးမြှင့်လိုက်သည်။ အမေရိကန်နိုင်ငံအနေဖြင့် အဖွဲ့အစည်းအလိုက် ကုန်သွယ်ရေးများကို ဖျက်သိမ်း ပြီး နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဆွေးနွေး ညှိနှိုင်းသော လွတ်လပ်သည့် ကုန်သွယ် ရေးစနစ်သို့ ဦးတည်ပုံဖော်လျက်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ လောက်ကပင် ကျင့်သုံးလာခဲ့သည့်စနစ်ကို အမေရိကန် နိုင်ငံက ပြောင်းပြန်လှန်ပစ်လိုက်ခြင်းဖြစ် ပါ၏။ ကမ္ဘာ့ကုန်သွယ်ရေး ဘာဖြစ် လာမလဲ။ အမေရိကန်ဒေါ်လာက ဘာဖြစ် လာမလဲ။စောင့်ကြည့်ရန်ရှိပါ၏။ Ref : (i) Emerging markets:         The Econo mist, Aug,18.2018         (ii) Hubris by Meghnad Desai

 

မင်းရွှေမောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service