ကမ္ဘာ့အိမ်ခြံမြေဈေးနှုန်းအမြင့်မားဆုံး ဟောင်ကောင်တွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်နိုင်ချေ အမြင့်မားဆုံးဖြစ်ပေါ်နေ

ကမ္ဘာ့အိမ်ခြံမြေဈေးနှုန်းအမြင့်မားဆုံး ဟောင်ကောင်တွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်နိုင်ချေ အမြင့်မားဆုံးဖြစ်ပေါ်နေ - Property News in Myanmar from iMyanmarHouse.com
1 Oct 2018 11:59 am တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့အိမ်ခြံမြေဈေးနှုန်းအမြင့်မားဆုံးဖြစ်သော ဟောင်ကောင်တွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်နိုင်ချေ အမြင့်မားဆုံး ဖြစ်ပေါ်နေ ကြောင်း UBS Global Wealth Management ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြသည်။

ဟောင်ကောင်သာမကဘဲ ပြီးခဲ့သောနှစ်အတွင်း မြူးနစ်၊ တိုရွန်တို၊ ဗန်ကူးဗား၊ လန်ဒန်နှင့် အမ်စတာဒမ်တို့တွင်လည်း အိမ်ခြံမြေဈေးနှုန်း များ အလွန်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း UBS က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေပူဖောင်းဖြစ်စဉ် ညွှန်းကိန်း တွင် ဖော်ပြသည်။

ပြီးခဲ့သောနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုများ ဖြစ်ခဲ့သည့်တိုင် တိုရွန်တိုနှင့် လန်ဒန်တို့သည် အိမ်ခြံမြေပူဖောင်းဖြစ်စဉ် ပေါ်ပေါက်ရန် အန္တရာယ်ရှိသော မြို့များအဖြစ် ဆက်လက်ရပ်တည်နေသည်။

အဆိုပါလေ့လာချက်အရ ကမ္ဘာ့ဘဏ္ဍာရေးအချက်အခြာမြို့ပြအများစုတွင် အိမ်ခြံမြေဈေးနှုန်းအလွန်အကျွံတန်ဖိုးဖြတ်မှုများ ဖြစ်ပေါ်နေပြီး ချီကာဂိုတစ်မြို့တည်းသာလျှင် ပုံမှန်အောက်လျှော့ချတန်ဖိုးသတ်မှတ်မှုကို တွေ့ရှိခဲ့ကြသည်။

ဟောင်ကောင်တွင် ပြီးခဲ့သော ၃ လပတ်ကာလပေါင်း ၄ ခုအတွင်း လူနေအိမ်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ဟောင်ကောင်၏ အိမ်ခြံမြေဈေးနှုန်းမျှတသင့်တင့်မှု အခြေအနေမှာ အခြားကမ္ဘာ့မြို့ကြီးများ အားလုံးထက် ဆိုးရွားလျက်ရှိနေခဲ့သည်။

ဈေးကွက်သို့ အိမ်ခြံမြေသစ်များ ဖြည့်တင်းနိုင်မှု နည်းပါးပြီး ဝယ်လိုအားမှာ ဆက်လက်မြင့်တက်နေခဲ့သောကြောင့်လည်း ဖြစ်သည်။

မကြာတော့သည့် အနာဂတ်အတွင်း ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှု နှေးကွေးသွားဖွယ်ရာရှိကြောင်းလည်း UBS က ဟောကိန်းထုတ်သည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း အာရှတွင် အိမ်ခြံမြေဈေးနှုန်းများ တန်ဖိုးမျှတသင့်တင့်မှု အခြေအနေတိုးတက်မှုရှိခဲ့သော မြို့ကြီးအနည်းငယ်အနက် စင်္ကာပူလည်း ပါဝင်သည်။

ဘော့စ်တွန်နှင့် မီလန်မြို့ကြီးများမှာလည်း အိမ်ခြံမြေတန်ဖိုးမျှတသည့် မြို့ကြီးများအဖြစ် ရပ်တည်လျက်ရှိနေသည်။

စတော့ဟုမ်းမှာမူ ပြီးခဲ့သော ၂၀၁၇ နှစ်လယ်ပိုင်းမှ စတင်ပြီး အိမ်ခြံမြေဈေးနှုန်းများ ၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သော်လည်း အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်နိုင်ဖွယ်ရှိသည့် အန္တရာယ်ရှိနေဆဲ ဖြစ်ကာ ဆစ်ဒနီသည်လည်း အဆိုပါစာရင်းတွင် ပါဝင်နေသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service