ကျန်းမာရေး ၀န်ထမ်းများအတွက် ယခုနှစ်အတွင်း ဆောက်လုပ်ရန်လျာထားသည့် ၀န်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၀၀ ကျော် ဆောက်လုပ်ပြီးစီး

ကျန်းမာရေး ၀န်ထမ်းများအတွက် ယခုနှစ်အတွင်း ဆောက်လုပ်ရန်လျာထားသည့် ၀န်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၀၀ ကျော် ဆောက်လုပ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
24 Sep 2018 11:49 am တွင် တင်ခဲ့သည်
1006 ကြိမ် ကြည့်ရှု့ပြီး

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနအောက်ရှိ ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်လျက်ရှိရာ ယခုနှစ်အတွင်း ဆောက်လုပ်ရန် လျာထားသည့် ၀န်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၄၄ ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဘဏ္ဍာနှစ်တွင် အိမ်ရာအလုံးပေါင်း ၃၈၀ ကျော်ဆောက်လုပ်ရန် လျာထားခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆောက်လုပ်လျက်ရှိသည့် အိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ၀န်ထမ်းများအတွက် အိမ်ရာပေါင်း ၂၉၄ ခု (အိမ်ခန်းပေါင်း၂၉၇၇ ခန်း)၊ ပြည်သူ့ကျန်းမာရေး ၀န်ထမ်းများအတွက် အိမ်ရာပေါင်း ၅၈ ခု (အိမ်ခန်းပေါင်း ၁၆၂ ခန်း)၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာပေါင်းတစ်ခု (အိမ်ခန်းပေါင်း ၃၆ ခန်း)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် အိမ်ရာပေါင်း၂၇ ခု (အိမ်ခန်းပေါင်း ၄၀၀)၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအတွက် အိမ်ရာတစ်ခု (အိမ်ခန်းတစ်ခန်း)တို့ ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

“၀န်ကြီးဌာနအနေနဲ့ ၀န်ထမ်းတွေရဲ့ နေထိုင်ရေး အဆင်ပြေစေဖို့ ဒီ ၂၀၁၈ ခုနှစ်ကို ၀န်ထမ်းအိမ်ရာများ ဦးစားပေး ဆောက်လုပ်မည့်နှစ်အဖြစ် သတ်မှတ်လုပ်ဆောင် နေပါတယ်။ ဒီလိုဆောက်လုပ်တဲ့အခါ သတ်မှတ်ချက်နှင့်အညီ နိုင်ငံတော်က ခွင့်ပြုခွဲဝေရရှိသော ဘဏ္ဍာငွေအပေါ် မူတည်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ဘဏ္ဍာနှစ်နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွေမှာ ဦးစီးဌာန အသီးသီးက ဆောက်လုပ်ရန်လျာထားတဲ့ ၀န်ထမ်းအိမ်ရာနဲ့ ပြီးစီးမယ့် ခန့်မှန်းဝန်ထမ်းအိမ်ရာ စာရင်းကို တွက်ချက်ထားပါတယ်။ အခုခြောက်လ ကာလတို ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး ပြည်နယ်အားလုံးမှာ ၀န်ထမ်းအိမ်ရာပေါင်း ၃၈၁ ခု ဆောက်လုပ်နေပါတယ်။ လာမယ့် ဘဏ္ဍာနှစ်မှာလည်း ဆက်လက် ဆောင်ရွက်မယ့် အိမ်ရာတွေကိုလည်း တွက်ချက်ထားပြီး ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service