လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဖခင်နှင့် ညီမဖြစ်သူတို့ ပိုင်ဆိုင်သည့် နယူးယောက်ရှိ ၁၀ ဧက ခြံဝန်းကြီး ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဖခင်နှင့် ညီမဖြစ်သူတို့ ပိုင်ဆိုင်သည့် နယူးယောက်ရှိ ၁၀ ဧက ခြံဝန်းကြီး ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
13 Sep 2018 11:48 am တွင် တင်ခဲ့သည်
1171 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဆက်နွှယ်မှုရှိသော နေအိမ်ကြီးတစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။

တည်နေရာမှာ နယူးယောက်မြို့၊ ဘရစ်ခ်ျဟမ့်ပ်တန်အရပ်၊ ဆာဂါပိုနက်ခ်လမ်း၊ အမှတ် ၃၅၁ တွင် ဖြစ်သည်။

ရောင်းချမည့်မြေနေရာကြီးတွင် ခြံကွက် ၂ ခုပါဝင်နေပြီး တစ်ခုကို ဂျွန်အက်ဖ်ကနေဒီ၏ ဖခင် ဂျိုးဆက် ပီ-ကနေဒီက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ကွက်ကိုမူ ဂျွန်အက်ဖ်ကနေဒီ၏ ညီမဖြစ်သူ ဂျင်းန် ကနေဒီ စမစ်က ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဂျင်းန် ကနေဒီ စမစ်သည် ကနေဒီမျိုးဆက်တွင် အသက်အရှည်ဆုံး ရှင်သန်ကျန်ရစ်သူဖြစ်ကာ အသက် ၉၀ အရွယ်ရှိပြီ ဖြစ်သည်။

ခြံဝန်းကြီးအတွင်းရှိ ပင်မနေအိမ်ကြီးမှာ စတုရန်းပေ ၆၀၀၀ အကျယ်အဝန်းရှိပြီး ဂျင်းန် ကနေဒီ စမစ် ပိုင်ဆိုင်သည့် အဆောက်အအုံဖြစ်သည်။

၁၈၅၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြေအကျယ်အဝန်း ၄ ဒသမ ၉ ဧကရှိသည်။

ပင်မနေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ဆိပ်ခံတစ်ခု၊ ရေကန်တစ်ကန်နှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။

အခြားနေအိမ်တစ်လုံးမှာ ကြမ်းခင်းဧရိယာ ၂၈၅၀ ကျယ်ဝန်းပြီး အိပ်ခန်း ၄ ခန်း ပါဝင်ကာ ခြံဝန်းအကျယ် ၅ ဒသမ ၂၇ ဧကတွင် ကိုယ်ပိုင်ရေကန်တစ်ခုလည်း သီးခြားပါဝင်သည်။

စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသည့် နေအိမ်ကြီးမှာ ခြံအမှတ် ၃၆၃ ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀ ဈေးခေါ်ထားသည်။

စတုရန်းပေ ၃၀၀၀ ခန့်ကျယ်ဝန်းသည့် နေအိမ်မှာ ခြံအမှတ် ၃၅၁ တွင် တည်ရှိကာ ကန်ဒေါ်လာ ၁၅ သန်း ဈေးခေါ်ထားသည်။

ခြံဝန်းတစ်ခုလုံး၏ စုစုပေါင်းအကျယ်အဝန်းမှာ ၁၀ ဧက ဖြစ်သည်။

ဈေးကွက်တင်သည့် မှတ်တမ်းများအရ နေအိမ် ၂ ခုလုံးကို စတုရန်းပေ ၁၀၀၀၀ ခန့်အထိ တိုးချဲ့နိုင်ခွင့် ရှိသည်ဟု ဆိုသည်။

ဂျင်းန် ကနေဒီ စမစ်သည် သံတမန်ဟောင်းတစ်ဦးဖြစ်ပြီး အိုင်ယာလန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မသန်စွမ်းများအရေး ဆောင်ရွက်ခဲ့မှုများအပေါ် ဂုဏ်ပြုသောအားဖြင့် သမ္မတမှ ပေးအပ်သည့် သူရဲကောင်းဆုကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပေးအပ်ခဲ့သည်။

မက်ဆာချူးဆက်ပြည်နယ်၊ ဘန်းစတေဘယ်လ်မြို့၊ ဟိုင်ယန်းနစ်ကျေးရွာသည် ကနေဒီမိသားစု၏ အဓိကစံအိမ်တည်ရှိရာအဖြစ် နာမည်ကျော်သော်လည်း နယူးယောက်မြို့၊ ဟမ့်ပ်တန်အရပ်တွင်လည်း ကနေဒီမိသားစု၏ သမိုင်းကြောင်းများစွာ တည်ရှိနေသည်။

ဂျက်ကလင်း ကနေဒီ အိုနာစစ်ကလေးဘဝက နေထိုင်ခဲ့သည့် လာဆာတာအမည်ရှိ နေအိမ်ကြီးကို မကြာသေးမီကပင် ခြံကွက် ၂ ခုအဖြစ် ပိုင်းခြားရောင်းထုတ်ခဲ့ရာ ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းနှင့် ကန်ဒေါ်လာ ၂၄ သန်း အသီးသီးဖြင့် ဖြစ်သည်။ လာဆာတာဟူသည့် အမည်မှာ အမေရိကန်ဌာနေတိုင်းရင်းသားတို့၏ ဘာသာစကားအရ ငြိမ်းချမ်းသောနေရာဟု အဓိပ္ပာယ်ရသည်။

ထိုစဉ်က ရောင်းချခဲ့သူမှာ ဖက်ရှင်ဒီဇိုင်နာ ရိဒ် ကရာကော့ဖ်ဖြစ်သည်။

ကရာကော့ဖ်သည် အဆိုပါခြံဝန်းကြီးကို ရောင်းချခြင်းမတိုင်မီက ရုရှားရေနံသူဌေးကြီး ရိုမန် အဗရာမိုဗစ်ခ်ျအား ငှားရမ်းခဲ့ဖူးရာ ၂၀၁၆ ခုနှစ်အတွင်းက ဖြစ်လေသည်။ ယခုအရောင်းဈေးကွက်တင်လာသည်မှာ Corcoran ကုမ္ပဏီမှ တစ်ဆင့်ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service