ပြန်လည်အပ်နှံလာသော တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို မဲပြန်ဖောက်မည်

ပြန်လည်အပ်နှံလာသော တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို မဲပြန်ဖောက်မည် - Property News in Myanmar from iMyanmarHouse.com
10 Sep 2018 9:54 am တွင် တင်ခဲ့သည်
1531 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့်ရောင်းချသည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းမလိုချင် ၍ ပြန်လည်အပ်နှံမှုများရှိသဖြင့် ယင်းတိုက်ခန်းများကို ဒုတိယအကြိမ် ပြန်လည်မဲဖောက်မည်ဟု ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးသာအောင်က ပြော ကြားသည်။

‘‘တချို့က ကိုယ်လိုချင်တဲ့ အခန်း၊ လိုချင်တဲ့အထပ်မရလို့မ ယူတော့ဘူးဆိုပြီး ပြန်အပ်တာ တွေရှိတယ်။ နောက်ပြီးလက်ကျန် တိုက်ခန်းတွေလည်း ကျန်ရှိနေ သေးတယ်။ ဒါတွေစုပေါင်းပြီး တန်းစီဇယားမှာ ကျန်တဲ့သူတွေ ကို ဒုတိယအကြိမ်မဲပြန်နှိုက်ပေးသွားမယ်’’ ဟု ဦးသာအောင်ကပြောသည်။တန်ဖိုးနည်းအိမ်ရာဝယ်ယူ ခွင့်ရရှိသူ ၈၆၄ ဦးကို ပထမအသုတ်အဖြစ်ရွှေပေါက်ကံ၊ ရွှေ လင်ဗန်း၊ ယုဇနနှင့် ကနောင်တန်ဖိုးနည်းအိမ်ရာတို့ကို ပြီးခဲ့သည့်   ဇူလိုင်က မဲဖောက်ပေးခဲ့သည်။

မဲဖောက်ပေးသည့် တိုက်ခန်းနေရာနှင့် ၀ယ်ယူသူများလိုချင်သည့် အထပ်မြင့်သည် ခန့်မှန်းချက်များနှင့် ကွဲလွဲရာတိုက်ခန်းအလိုက် ဈေးအနည်းအများအပေါ်မူတည်၍ ပေးသွင်းရခြင်း ကြောင့် ငွေကြေးအခက်အခဲများ  ရှိကြောင်း ယင်းတိုက်ခန်းဝယ်သူများက ပြောသည်။

‘‘လက်ရှိတော့ စာရင်းအ ရေအတွက်လုပ်နေတုန်းပဲရှိသေး တယ်။ တိုက်ခန်းပြန်အပ်တဲ့အ ရေအတွက်ဘယ်လောက်ရှိတယ် ဆိုတာမသိရသေးဘူး။ အရေအတွက်သိတာနဲ့ အိုးအိမ်မှာစာရင်း ထုတ်ပြန်ပေးမယ်။ ဒုတိယအ သုတ်မဲနှိုက်မယ့်ရက်ကိုလည်း မသတ်မှတ်ရသေးပါဘူး။ ရက်သေချာတာနဲ့ထုတ်ပြန်ပေးမယ်’’ ဟု ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးခင်ဇော်ကပြောသည်။

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူ မိသားစုဝင်ငွေသည် တစ်လကျပ်သုံးသိန်းမှ ငါးသိန်းကြား ရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ကျပ်ငါးသိန်းမှ ၁၂ သိန်း ကြားရှိရမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ဝယ်ယူလိုသူသည် ပထမအဆင့်ငွေသွင်းရာ၌ ကုမ္ပဏီဝန် ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရ၀န်ထမ်းဖြစ်ပါ က ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက  သတ်မှတ်ထားသည်။

လက်ရှိတွင် ကနောင်အိမ်ရာမှ ၆၉ ခန်းနှင့် ရွှေလင်ဗန်းအိမ်ရာမှ ၂၃ ခန်းရောင်းချရန် ကျန်ရှိ နေပြီး အခြားမြေနေရာများ၌ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရန်ပြည်သူ့အိမ်ရာ ရောင်းချရေး  ကော်မတီက စီစဉ်နေသည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service