ဤသဘာဝပတ်ဝန်းကျင်ဦးစားပေး အဆောက်အအုံလိန်က သြစတြေးလျတိုက်၏ အမြင့်ဆုံးဖြစ်လာမည်

ဤသဘာဝပတ်ဝန်းကျင်ဦးစားပေး အဆောက်အအုံလိန်က သြစတြေးလျတိုက်၏ အမြင့်ဆုံးဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
28 Aug 2018 12:29 pm တွင် တင်ခဲ့သည်
1935 ကြိမ် ကြည့်ရှု့ပြီး

သြစတြေးလျတိုက်၏ ဤမုန့်ကျိုးလိန်ပုံစံ အမြင့်ဆုံးမိုးမျှော်တိုက်စီမံကိန်းသည် သြစတြေးလျ၏ သဘာဝပတ်ဝန်းကျင်ရှေးအရှုဆုံးမိုးမျှော်တိုက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေး ကုမ္ပဏီ) Beulah International အတွက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ သြစတြေးလျဒေါ်လာ ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ) တန် စီမံကိန်းတစ်ခုအား ဒီဇိုင်းရေးဆွဲပေးခွင့်ကို နယ်သာလန်ရှိ ဗိသုကာကုမ္ပဏီ UNStudio နှင့် သြစတြေးလျရှိ Cox Architecture ဗိသုကာကုမ္ပဏီတို့က သြဂုတ် ၁၅ တွင် ပူးတွဲရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Southbank by Beulah ဒီဇိုင်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ၎င်းကုမ္ပဏီနှစ်ခု၏ Green Spine (အစိမ်းရောင်ကျောရိုး) ဒီဇိုင်းတွင် မိုးမျှော်တိုက်နှစ်ခု ပါဝင်မည်ဖြစ်သည်။ တစ်ခုက မဲလ်ဘုန်းမြို့၏ ဝေဟင်သို့ ၃၅၆ မီတာ (၁၁၆၈ ပေ) ကျော် ထိုးထွက်နေပြီး သြစတြေးလျတိုက်၏ အမြင့်ဆုံးအဆောက်အအုံ ဖြစ်လာမည်ဖြစ်ကာ ကျန်တစ်ခုက ၂၅၂ ဒသမ ၂ မီတာ မြင့်မည်ဖြစ်သည်။

ယင်းစီမံကိန်းက Gold Coast တွင် ၂၀၂၀ ပြည့်နှစ်၌ စတင်တည်ဆောက်မည့် Q1 တာဝါ၏ အမြင့်မီတာ ၃၂၂ မီတာစံချိန်ကို ကျော်မည်ဖြစ်သည်။ Beulah International ၏ တာဝန်ခံဒါရိုက်တာ အဒယ်လင်းတာက Green Spine အား Southbank ရှိ တပ်မက်ဖွယ်ကောင်းသော စက္ခုအာရုံပြတိုက်တစ်ခုဟု တင်စားခေါ်ဝေါ်ခဲ့သည်။

Green Spine ဟူသော နာမည်နှင့်အညီ သစ်ရွက်ဝေဆာသော လသာဆောင်များ၊ တိုက်တန်းလျားနှင့် ဖန်အိမ်ရှေ့မျက်နှာစာများတစ်လျှောက် အဆောက်အအုံအမြင့်အတိုင်း ဖော်ဆောင်ထားသည့် ဥယျာဉ်လေးများဖြင့် လိန်ကောက်နေသော ကျောရိုးများပုံစံ မြင်တွေ့ရမည်ဖြစ်သည်။

မိုးမျှော်တိုက်နှစ်ခုအနက် ပိုမိုမြင့်သော မိုးမျှော်တိုက်၏ အပေါ်ဆုံးတွင် အသက်ရှူမှားလောက်သည့် အံ့မခန်းဖွယ်ရာ၊ အများပြည်သူဝင်ထွက်သွားလာနိုင်သည့် ဝေဟင်ဥယျာဉ် Future Botanic Garden ပါရှိမည်ဖြစ်သည်။ မဲလ်ဘုန်း၏ အရပ်ဘက်အခြေခံအဆောက်အအုံကဏ္ဍသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှေးရှုမှုများ ပိုမိုဦးစားပေးလုပ်ဆောင်လာကြရန် အရေးကြီးသည့် အချက်ကို အခြေခံ၍ ၎င်းဒီဇိုင်းအား ပုံဖော်ခဲ့ကြခြင်းဖြစ်သည်ဟု Cox Architecture ၏ ဒါရိုက်တာ ဖိလစ်ရိုဝီက ပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service