ပိုင်ဆိုင်မှုတွေ ခိုင်မာစေမယ့် တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေဆိုတာ ဘာလဲ

ပိုင်ဆိုင်မှုတွေ ခိုင်မာစေမယ့် တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေဆိုတာ ဘာလဲ - Property News in Myanmar from iMyanmarHouse.com
17 Aug 2018 12:59 pm တွင် တင်ခဲ့သည်
2711 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်းပိုင်ဆိုင်မှု ပိုမိုခိုင်မာစေတဲ့ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေ အဆိုပြုမှုကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်ပြထားတယ်လို့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (MCLA)က သိရပါတယ်။

လက်ရှိမှာ တိုက်ခန်းနဲ့ ပက်သက်ပြီး လွှဲပြောင်းရောင်းချတဲ့အခါ ဝယ်သူ၊ ရောင်းသူတွေရဲ့ ပိုင်ဆိုင်မှု၊ ဆောက်လုပ်မှုတွေမှာ သတ်မှတ်တဲ့ ပြဋ္ဌာန်းချက်တွေ မရှိတဲ့အတွက် ဥပဒေတစ်ခု အမှန်တကယ် လိုအပ်နေတာ ဖြစ်ပါတယ်။ အခုလို ပြဿနာတွေကို ပြေလည်စေဖို့အတွက် တိုက်ခန်း၊ အိမ်ရာ အဆာက်အအုံဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။

' ပြည်သူက ရေးဆွဲတဲ့ဥပဒေတစ်ခုဖြစ်တယ်၊ အောက်ခြေကနေ အပေါ်ထိတင်တဲ့ ဥပဒေဖြစ်တယ်၊ အဲဒီကနေ ပြည်သူ့လွှတ်တော်ရေးရာကော်မတီတွေက အဆင့်ဆင့်ကြားနာလိမ့်မယ်၊ လိုတာတွေပြင်မယ်၊ ဖြည့်မယ်၊ ဖြုတ်မယ်၊ အဲဒါတွေ ပြီးရင် ဥပဒေကြမ်းကော်မတီကို တင်မယ်၊ ဥပဒေကြမ်းကော်မတီက ကြားနာပြီးပြီဆိုရင် အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ကို တင်မယ် ' လို့ Apartment Law ကို ဦးဆောင်ရေးဆွဲနေတဲ့ MLCA နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က ပြောပါတယ်။ လက်ရှိမှာတော့ အဆိုပြု ဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်တွင် တင်ပြထားပြီး တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ရှိလာဖို့အချိန် (၆)လခန့် ကြာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

+++ အဆိုပြုဥပဒေမူကြမ်းမှာ ဘာတွေပါသလဲ +++

ပြည်သူ့လွှတ်တော်မှာ တင်ပြထားတဲ့ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေအဆိုပြုမူကြမ်းဟာ တတိယအကြိမ်ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခန်းပေါင်း (၁၂)ခန်း ပါဝင်ပြီး ပုဒ်မခွဲ (၃၅)ခု ပါဝင်ပါတယ်။

+++ ဗဟိုကော်မတီ +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ အဆိုပြုဥပဒေမှာ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေပါဝင်တဲ့ ဗဟိုကော်မတီ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ သည်ကော်မတီဟာ ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်နဲ့ မူဝါဒများ ချမှတ်တာ၊ မူဝါဒတွေကို အကောင်အထည်ဖော်မှုကို သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီကိုတင်ပြတာ၊ တိုက်ခန်း၊ အိမ်ရာအကောင်အထည်ဖော်မှုတွေကို စစ်ဆေးတာစတဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

+++ စီမံခန့်ခွဲရေးကော်မတီ +++

စီမံခန့်ခွဲရေးကော်မတီမှာ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရေးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း၊ စည်ပင်သာယာရေးကော်မတီ စတဲ့ဌာန၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်မှာ ဖြစ်ပါတယ်။

စီမံခန့်ခွဲရေးကော်မတီဟာ ဒေသအသီးသီးမှာရှိတဲ့ အသေးစား၊ အလတ်စား အိမ်ရာကဏ္ဍတိုးတက်ရေး၊ တိုက်ခန်း၊ အိမ်ရာဆောက်လုပ်ရေးတွေကို မူဝါဒနဲ့အညီ ခွင့်ပြုချက်လက်မှတ်ထုတ်ပေးတာ၊ ပိုင်ဆိုင်မှုလွှဲပြောင်းဖို့အတွက် ထောက်ခံချက်ထုတ်ပေးတာ၊ မှတ်ပုံတင်စာချုပ်တွေကို စိစစ်ပြီး ပိုင်ဆိုင်မှုလက်မှတ်ထုတ်ပေးတာ၊ ကြီးကြပ်မှုကော်မတီက တင်ပြလာတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပေးတာ၊ ဆောင်ရွက်ချက်တွေကို စီမံခန့်ခွဲရေး နည်းလမ်းတွေအရဆောင်ရွက်ပေးတာ၊ တိုက်ခန်း၊ အိမ်ရာအဆောက်အအုံ စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စီစဉ်ဆောင်ရွက်တာ၊ လိုအပ်တဲ့ကြီးကြပ်မှုကော်မတီနဲ့ အိမ်ရာကော်မတီတွေကို ဖွဲ့စည်းရမယ့် တာဝန်တွေရှိပါတယ်။

+++ ကြီးကြပ်မှုကော်မတီ +++

ကြီးကြပ်မှုကော်မတီဟာ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ရရှိသူများဖြင့် သက်ဆိုင်ရာ အိမ်ရာကော်မတီတွေဖွဲ့စည်းတာ၊ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေး ရန်ပုံငွေနဲ့ ဝန်ဆောင်ခတွေကို ကြီးကြပ်ဆောင်ရွက်တာ၊ အိမ်ရာကော်မတီရဲ့ ရန်ပုံငွေတွေကို လိုအပ်သလိုစစ်ဆေးနိုင်တာ အငြင်းပွားမှုဖြစ်ပွားပါက ညှိုနှိုင်းဖျန်ဖြေပေးရန်၊ တည်ဆဲဥပဒေများနဲ့ မဆန့်ကျင်စေရေး ထိန်းကျောင်းပေးတာ၊ ဥပဒေပါ အချက်တွေကို လိုက်နာဖို့ ပျက်ကွက်ပါက အရေးယူဆောင်ရွက်ပေးဖို့ စီမံခန့်ခွဲရေးကော်မတီကို တင်ပြတာ၊ စီမံခန့်ခွဲရေကော်မတီမှ တာဝန်ပေးအပ်ပါက ကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်တစ်ဦးဦးကတရားလိုပြုလုပ်ပြီး တရားစွဲဆိုတာတွေ ပြုလုပ်ဖို့ တာဝန်ရှိတာ ဖြစ်ပါတယ်။

+++ ဥပဒေမှာပါတဲ့ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံ ဆောက်လုပ်ရမယ့် သတ်မှတ်ချက်များ +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံ ဆောက်လုပ်တဲ့ မြေကွက်ဟာ တည်ဆဲဥပဒေနဲ့အညီ လူနေအိမ်ရာ ဆောက်လုပ်ခွင့်နဲ့ လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစားဖြစ်တာ၊ မြေကွက်ဟာ ပိုင်ရှင်အမည်ပေါက်ဖြစ်တာ၊ ပိုင်ဆိုင်သူ၊ မ, တည်ငွေထည့်ဝင် ရင်းနှီးမြှုပ်နှံသူ၊ အဆောက်အအုံလုပ်မယ့် ကန်ထရိုက်တာတို့ဟာ သဘောတူစာချုပ်ကို သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီးတာ၊ ဆောက်လုပ်ရေးဆိုင်ရာခွင့်ပြုချက် လက်မှတ်ရရှိတာ စတဲ့အချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။

+++ ဆောက်လုပ်ခွင့်မှတ်ပုံတင်လိုတဲ့ အဆောက်အအုံတွေဟာ +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆောက်လုပ်လိုသူတွေဟာ ဆောက်လုပ်ခွင့် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ခွင့်မှတ်ပုံတင်ဖို့အတွက် ပိုင်ဆိုင်သူများက အချိုးအစားအလိုက် ပါဝင်ရမယ့် အများသုံးပစ္စည်းပါဝင်ခြင်း၊ သတ်မှတ်ချက် စံချိန်စံညွန်းတွေနဲ့ ကိုက်ညီခြင်း၊ ဆောက်လုပ်မယ့် မြေနေရာ အကျယ်အဝန်းဟာ ဥပဒေအရ ပြဋ္ဌာန်းထားတဲ့အမိန့်ကြေညာချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိပါက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို (၃၅)ရာခိုင်နှုန်းထက် မပိုဘဲ လွှဲပြောင်းနိုင်တယ်လို့ သိရပါတယ်။

+++ ဖြိုဖျက်မယ်ဆိုရင် +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံကို ဖြိုဖျက်မယ်ဆိုရင် တိုက်ခန်းပိုင်ရှင်အများစုပါဝင်တဲ့ အထူးအစည်းအဝေးမှာ တက်ရောက်သူ (၇၅)ရာခိုင်နှုန်းက သဘောတူဆုံးဖြတ်ချက်နဲ့ ဖြိုဖျက်ခွင့် ရှိတာပါ။

+++ ပြစ်မှု၊ ပြစ်ဒဏ် +++

ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်သည့်အမိန့်၊ ညွှန်ကြားချက်တွေကို မလိုက်နာပါက အနည်းဆုံး ကျပ် (၁၀)သိန်းမှ ငွေကျပ် သိန်း (၃၀)ထက် မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ ပြစ်မှုအတွက် စီရင်မှုခံရပြီး သည်ပြစ်မှုကို ဆက်လက်ကျူးလွန်ပါက အများဆုံးချမှတ်ထားတဲ့ ငွေဒဏ်ရဲ့(၁၀)ရာခိုင်နှုန်းကို ထပ်မံတိုးမြှင့်ချမှတ်မှာ ဖြစ်ပါတယ်။ ထပ်မံပြီး ပြစ်မှုဆက်လက်ကျူးလွန်ပါက ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုမှာ ဖြစ်ပါတယ်။

' လတ်တလောက ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုလုံး ပြိုလဲနေတယ်၊ ငွေအရင်းအနှီးမြှုပ်နှံထားသူတွေ၊ မြေစိုက်ထားတဲ့သူ၊ တိုက်ခန်းဝယ်ထားတဲ့သူ အားလုံး အရောင်းအဝယ်တွေ မရှိဘူး၊ လူထုကလဲ မဝယ်ရဲဘူး၊ ဝယ်ပြီးပြီဆိုရင်လဲ လှောင်ထားရတယ်၊ တချို့က ထုတ်ရောင်းကြတယ်၊ အရှုံးတွေ ပေါ်ကြတယ်၊ အဲဒီတော့ နစ်နာမှုတွေ အများကြီးရှိတယ် ' လို့ Apartment Law ကို ဦးဆောင်ရေးဆွဲနေတဲ့ MLCA နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က ပြောပါတယ်။

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဥပဒေ (Apartment Law) ပြဋ္ဌာန်းနိုင်ပါက ဥပဒေအရ မှတ်ပုံတင်ပြုလုပ်ရတဲ့အတွက် ပိုင်ဆိုင်မှုတွေ ခိုင်မာလာမှာ ဖြစ်ပါတယ။ အာမခံချက်ရှိတဲ့ ပိုင်ဆိုင်မှုဖြစ်တာကြောင့် ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေမှာ ပေါင်နှံတာ၊ ငွေချေးတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service