ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက်

ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
15 Aug 2018 11:31 am တွင် တင်ခဲ့သည်
1536 ကြိမ် ကြည့်ရှု့ပြီး
ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်းသည် ကားလ် XVI ဂတ်စ်တက်ဖ် ဘုရင်မင်းမြတ်နှင့် ဘုရင်မကြီး ဆီလ်ဗီယာတို့၏ ဒုတိမြောက်၊ အငယ်ဆုံးသမီးတော်ဖြစ်သည်။

အမေရိကန် ဘဏ်လုပ်ငန်းရှင် ခရစ္စတိုဖာ အိုနီးလ်နှင့် လက်ထပ်ခဲ့ပြီး ရင်သွေးတော် ၃ ဦး ထွန်းကားခဲ့ရာ မင်းသမီး လီယိုနိုရီ၊ မင်းသား နီကိုလပ်စ်နှင့် မင်းသမီး အေဒရီယန်နီတို့ ဖြစ်ကြသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ နာမည်ကျော် Palm Beach ရှိ နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၆၅ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

ခရစ္စတိုဖာ အိုနီးလ် ပူးတွဲကွပ်ကဲသည့် ကုမ္ပဏီတစ်ခုမှတဆင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဘဟားမားလမ်း ၊ အမှတ် ၂၀၇ တွင်ရှိသော အိပ်ခန်း ၅ ခန်းပါနေအိမ်ကို Bahama Beach Holdings LLC မှတဆင့် ရောင်းထုတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီမှာ ခရစ္စတိုဖာ အိုနီးလ် ဦးဆောင်မှုများရှိသည့် ကုမ္ပဏီလည်း ဖြစ်သည်။

မင်းသမီး မယ်ဒလင်း၏ ယောက္ခမတော်သည် Palm Beach သို့ရောက်လျှင် အဆိုပါစံအိမ်တော်ကြီး၌ စံမြန်းလေ့ရှိသည်ဟု ဆိုသည်။

မင်းသမီးမယ်ဒလင်းနှင့် ခရစ္စတိုဖာ အိုနီးလ်တို့သည် Palm Beach တွင် အခြားစံအိမ်တစ်လုံး ထပ်မံဝယ်ယူခဲ့ခြင်း ရှိ၊ မရှိကိုမူ မသိရချေ။

အိမ်ခြံမြေမှတ်တမ်းများအရ ခရစ္စတိုဖာ အိုနီးလ်သည် မင်းသမီး မယ်ဒလင်းနှင့် လက်မထပ်မီ ၆ နှစ်ခန့်အလို ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် သူ၏ ကုမ္ပဏီမှတဆင့် ကန်ဒေါ်လာ ၂ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။

စံအိမ်ကြီးကို ၁၉၅၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကြမ်းခင်းဧရိယာ ၄၃၆၀ စတုရန်းပေရှိကာ မြေအကျယ်အဝန်းမှာ တစ်ဧက၏ သုံးပုံတစ်ပုံခန့်ရှိကာ ၂၀၁၅ ခုနှစ်ကတည်းက ငှားရန် (သို့မဟုတ်) ရောင်းရန်ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

မယ်ဒလင်းတို့ နှစ်ဦးသည် ၂၀၁၀ ပြည့်နှစ်တွင် နယူးယောက်မြို့ ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

နယူးယောက်တွင် မယ်ဒလင်းက World Childhood Foundation တွင် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး ယင်းဖောင်ဒေးရှင်းမှာ သူ၏မယ်တော် ဘုရင်မကြီး ဆီလ်ဗီယာက တည်ထောင်ထားခြင်း ဖြစ်သည်။

ခရစ္စတိုဖာ အိုနီးလ်ကို လန်ဒန်မြို့တွင် မွေးဖွားပြီး ဖခင်မှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ပေါလ် အိုနီးလ် ဖြစ်သည်။

ခရစ္စတိုဖာအိုနီးလ်သည် အမေရိကန်တွင် ကောလိပ်တက်ကာ ကျောင်းပြီးခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးရင်သွေးဖြစ်သော သမီးတော် လီနိုရီကို ၂၀၁၄ ခုနှစ်တွင် နယူးယောက်မြို့၌ မွေးဖွားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဆွီဒင်တော်ဝင်မင်းသမီး မယ်ဒလင်း၏ ဖလော်ရီဒါပင်လယ်ကမ်းခြေကြီး ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service