ကန်ဒေါ်လာလဲနှုန်း နှစ်လကျော်အတွင်း ကျပ် ၁၁၀ တက်လာ၊ တစ်ဒေါ်လာကျပ် ၁,၄၆၀ သို့ ရောက်ရှိ

ကန်ဒေါ်လာလဲနှုန်း နှစ်လကျော်အတွင်း ကျပ် ၁၁၀ တက်လာ၊ တစ်ဒေါ်လာကျပ် ၁,၄၆၀ သို့ ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
6 Aug 2018 11:11 am တွင် တင်ခဲ့သည်
2211 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းငွေကြေးဈေး ကွက်တွင် နှစ်လကျော်အတွင်း ကန်ဒေါ်လာတန်ဖိုး ၉ ရာခိုင်နှုန်း ခန့်မြင့်တက်ပြီး ဩဂုတ် ၃ ရက် တွင် တစ်ဒေါ်လာကျပ် ၁,၄၆၀ သို့ ရောက်လာသည်။

ဇွန်လ ၁ ရက်က ကျပ် ၁,၃၅၀ ခန့်ဈေးရှိသော ကန်ဒေါ် လာတန်ဖိုးသည် နှစ်လကျော်အ တွင်း တစ်ဒေါ်လာကျပ် ၁၁၀ တက်လာသည်။

လက်ရှိအစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း နိုင်ငံခြားငွေ တန်ဖိုးစံချိန်တင်မြင့်တက်ခြင်း ဖြစ်ပြီး တစ်ဒေါ်လာကျပ် ၁,၅၀၀ အထိရောက်လာနိုင်သည်ဟု စီး ပွားရေးလုပ်ငန်းရှင်အချို့က မှန်း ဆသည်။

‘‘ကျပ်ငွေက ထပ်ကျနိုင် သေးတယ်’’ ဟု စီးပွားရေးပညာ ရှင်ဒေါက်တာအောင်ကိုကိုက သူ ၏အမြင်ကိုပြောသည်။ နိုင်ငံ့စီး ပွားရေးသည် အရေးကြီးသည့်အ ခြေအနေတွင် ရှိနေပြီး ဒေါ်လာ တန်ဖိုးမြင့်တက်၍ ကျပ်ငွေတန် ဖိုးကျဆင်းသည်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

လက်ရှိ ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းက နိုင်ငံတကာ အခြေအနေအပေါ်လိုက်၍ ဈေးဆွဲတင်မှုများ၊ ဈေးကစားမှုများ ကြောင့် ပိုမိုမြင့်တက်နေခြင်းဖြစ် သည်ဟု စီးပွားရေးလုပ်ငန်းရှင်အ ချို့က ဆိုသည်။

နိုင်ငံတကာ ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးမြင့် တက်နေသည်ဆိုသော်လည်း မြန် မာနိုင်ငံက ပိုမိုတက်နေခြင်းသည် ဈေးကစားမှုများကို သိသာစေ ကြောင်း ၎င်းတို့ကပြောသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တွင် ဆန်စပါးနှင့်ပြည်ပပဲမျိုးစုံ တင်ပို့ရောင်းချခြင်းက လက်ရှိ တွင် လျော့နည်းနေကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့က ပြော သည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ သည် မိုးရာသီတွင်လျော့ကျလေ့ ရှိခြင်းကြောင့် လက်ရှိဒေါ်လာ တန်ဖိုးမြင့်တက်ချိန်တွင် ပြည် တွင်းကုန်ဈေးနှုန်းပါ လိုက်မြင့် တက်ကြောင်း ၎င်းတို့ကဆိုသည်။

ကန်ဒေါ်လာတန်ဖိုးနှင့်တိုက် ရိုက်ချိတ်ဆက်နေသည့် ပြည် တွင်းစက်သုံးဆီဈေးသည် တစ် လီတာလျှင် ၄ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်လာသည်။ ဇွန်လ ၁ရက်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၈၇၀ မှ ဩဂုတ် ၃ ရက်တွင် တစ်လီတာကျပ် ၉၀၀ သို့တက်လာသည်။ ထို့ကြောင့် ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဒေါ်လာတန် ဖိုးမြင့်တက်မှု သက်သာစေရန် မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် ဈေးကွက်ကို ၀င်ဟန့်သင့်သည် ဟု အငြိမ်းစားဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။

ယခင်အစိုးရ လက်ထက် တွင် ဒေါ်လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းပါက ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟို ဘဏ်တို့က ပုဂ္ဂလိကဘဏ်လုပ် ငန်းရှင်များ၊ ငွေလဲကောင်တာ များကို ခေါ်ယူတွေ့ဆုံဆွေးနွေး ပြီးနောက် ဒေါ်လာတန်ဖိုး ပြန်လည်ကျဆင်းမှုများ ရှိခဲ့သည်။

လက်ရှိအစိုးရ လက်ထက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်မှုကို ဗဟိုဘဏ်က စောင့်ကြည့်သည့်အဆင့်၌သာ ရှိနေသည်။

ကန်ဒေါ်လာနှင့် မြန်မာကျပ် လဲနှုန်းသည် ဒီချုပ်အစိုးရ ပထမ ဆုံးနှစ် ၂၀၁၆ ကုန်ခါနီးက တစ် ဒေါ်လာ ၁,၄၄၄ ကျပ်အထိစံချိန် တင် မြင့်တက်ခဲ့ဖူးသည်။ ထို့ နောက်ဒေါ်လာတန်ဖိုး ပြန်လည် ကျဆင်းပြီး ၂၀၁၇ တစ်နှစ်လုံးနှင့် ၂၀၁၈ ဇွန်လလယ်အထိ တစ်ဒေါ် လာကျပ် ၁,၃၅၀ ခန့်တွင် ဈေးအ ပြောင်းအလဲရှိခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...

Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service