တရုတ်တွင် အိမ်အရောင်းအဝယ်ပြုလုပ်ခြင်းများအား ဆိုင်းငံ့ထားသင့်ဟု UBS ဘဏ်အကြံပြု

တရုတ်တွင် အိမ်အရောင်းအဝယ်ပြုလုပ်ခြင်းများအား ဆိုင်းငံ့ထားသင့်ဟု UBS ဘဏ်အကြံပြု - Property News in Myanmar from iMyanmarHouse.com
2 Aug 2018 11:05 am တွင် တင်ခဲ့သည်
1500 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အခြေအနေသည် ယိုင်တိယိုင်တိုင်
အနေအထားသို့ ပိုမိုရောက်ရှိလာသဖြင့် တရုတ်တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိမ်အရောင်းအဝယ်ပြုလုပ်ခြင်းများအား ဆိုင်းငံ့ထားသင့်ကြောင်း
ဆွစ်ဇာလန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းရင်းနှီးမြှုပ်နှံမှုဘဏ် UBS က ဇူလိုင် ၃၁
တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် အကြံပြုခဲ့သည်။

ဘဏ်ချေးငွေကြွေးမြီမြင့်တက်လာမှု၊ ဆောက်လုပ်ဖော်ဆောင်မှုများ
များပြားလာမှုနှင့် အစိုးရ၏ ထိန်းချုပ်မှုတို့က နိုင်ငံအား အိမ်ခြံမြေစီးပွားရေး
အလွန်ကောင်းမွန်သော ကာလအပိုင်းအခြားသို့ ရင်းနှီးမြှုပ်နှံဦးတည်လာပြီ
ဖြစ်ကြောင်း၊ ထို့ကြောင့် အိမ်ခြံမြေကိုင်ထားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်
အကျိုးဖြစ်ထွန်းမည့် အရောင်းအဝယ် ပြုလုပ်ရန်အတွက် လတ်တလော
ရှည်ကြာနေသော အိမ်ခြံမြေဈေးကွက် အေးနေမှုကာလ၌ တောင့်ခံထားသင့်
ကြောင်းလည်း ၎င်းအစီရင်ခံစာတွင် UBS က ဖော်ပြခဲ့သည်။

တရုတ်စီးပွားရေးတွင် အစိုးရ၏ ထိန်းချုပ်စွက်ဖက်မှုသည်ရုတ်တရက်ဈေးနှုန်းထိုးကျခြင်းကို ကာကွယ်နိုင်ခြေရှိမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

တရုတ်အစိုးရက ပုဂ္ဂလိကအိမ်ခြံမြေပိုင်ဆိုင်မှုဥပဒေကို စတင်ပြဋ္ဌာန်းခဲ့သည့်
၁၉၉၈ ခုနှစ်ကတည်းက တရုတ်တွင် ဆောက်လုပ်မှုများနှင့် အိမ်ဝယ်ယူမှုများ
လျင်မြန်စွာတိုးတက်လာခဲ့သည်။

"ယနေ့မှာလည်း ဈေးကွက်ထိုင်းမှိုင်းမှုလက္ခဏာတွေမြင်နေရတယ်ဆိုပေမဲ့
ဈေးကွက်သက်ဝင်မှုနဲ့ ဈေးနှုန်းအဆင့်တွေဟာ မကြုံစဖူးမြင့်မားနေဆဲပါပဲ" ဟု
အစီရင်ခံတွင် ဖော်ပြခဲ့သည်။

ကွမ်ကျိုး၊ ပေကျင်းနှင့် ရှန်ဟိုင်းတို့ရှိ ဇိမ်ခံအိမ်ဈေးများအားလုံး
မြင့်တက်လာကြပြီဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight
Frank မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်နှစ်က တရုတ်အစိုးရသည် အိမ်ဝယ်ယူမှုဆိုင်ရာဘဏ်ချေးငွေ
စည်းမျဉ်းများ တင်းကျပ်မှုအပါအဝင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေး
စီမံချက်များကို စတင်ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း အိမ်သစ်အများအပြား
ဈေးကွက်ထဲရောက်ရှိလာမှုကို တားဆီးနိုင်ခြေမရှိဟု သုံးသပ်ရကြောင်း UBS က ဖော်ပြခဲ့သည်။

တရုတ်ရှိ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုအချိန်တွင် အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ရန် ကြိုးပမ်းခြင်းထက် မဖွံ့ဖြိုးသေးသော အငှားဈေးကွက်တွင်
အာရုံစိုက်သင့်ကြောင်းလည်း UBS က အစီရင်ခံစာတွင် အကြံပြုခဲ့သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...

Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service