အိမ်ရှင် အိမ်ငှား . . . အို ပွဲစား

အိမ်ရှင် အိမ်ငှား . . . အို ပွဲစား - Property News in Myanmar from iMyanmarHouse.com
1 Aug 2018 12:54 pm တွင် တင်ခဲ့သည်
2632 ကြိမ် ကြည့်ရှု့ပြီး
အိမ်ရှိသောသူကလည်း အိမ်ရှိသည့်အလျောက် ရင်မောရသည်။ အိမ်မရှိသေးသူများကလည်း အိမ်မရှိ၍ ရင်မောရသည်။ အိမ်ရှိသူများက မိမိတို့အိမ်အတွက် လိုအပ်သည်မျးကို ဖြည့်လို့မဆုံးနိုင်ဖြစ်နေတတ်သည်။ မိမိ၏ လက်ဝယ်ပိုင်ပိုင် အဆောက်အအုံအား ရေရှည်ခိုင်ခံ့စေဖို့ အမြဲတစေ တွေးကြံကြည့်ရှု စောင့်ရှောက်ရသည်။ ပြုပြင်တန် သည်ကို ပြုပြင်ရသည်။ ဒီလို ဘ၀အမောတွေက အိမ်ပိုင်ဆိုင် သူမှာလည်း ရှိသည်။ အိမ်ငှားဆိုသည်ကတော့ ပိုင်ဆိုင်ခွင့် ကိုယ့်ဟာမဟုတ်သော်လည်း ကိုယ်နေထိုင်ရသည့် အဆောက် အအုံကို စာချုပ်ပါစည်းကမ်းချက်တို့အရ နေထိုင်စဉ်ကာလ တစ်လျှောက်လုံး မိမိအိမ်ရာကဲ့သို့ စောင့်ရှောက်ထိန်းသိမ်း ရသည်။ မိမိမနေထိုင်လိုတော့၍သော်လည်းကောင်း၊ အိမ်ရှင် က ဆက်လက်ငှားရမ်းခြင်း မပြုလိုတော့၍သော်လည်းကောင်း၊ အိမ်ငှားအနေနှင့် အခန်းပြန်အပ်ရတော့မည်ဆိုလျှင် မငှားရမ်း ခင်ကအတိုင်း ရှိနေဖို့လိုသည်။ ၎င်းင်းအတိုင်း ပြန်လည်အပ်နှံ ပေးနိုင်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက မိမိနေထိုင်စဉ် ချို့ယွင်း ချက်များအား ငှားရမ်းသူ မိမိက တာဝန်ယူရသည်။

ယခုကာလသည် အိမ်ရာရှာဖွေနေသူတို့အဖို့ အရေး တကြီး အလျင်တလို အိမ်ရာရှာဖွေနေကြသည့်ကာလ ဖြစ် သည်။ ဧပြီနှင့် မေလတို့က စတင်၍ တိုက်ခန်းအိမ်ရာတို့ကို စုံစမ်းမှု စတင်ရသည်။ ၀ါဝင်ကာလမတိုင်ခင် အပြီးပြုလုပ် ကြရသည်။ အိမ်ငှား၊ တိုက်ငှား တစ်ယောက်အဖို့ ပိုက်ဆံ တတ်နိုင်လို့ ငှားသည်ဖြစ်ဖြစ်၊ ရှိစုမဲ့စုလေးနှင့် ငှားသည်ပဲ ဖြစ်ဖြစ် မိမိငှားရမ်းမည့် အဆောက်အအုံကို သွားရောက် ကြည့်ရှုစစ်ဆေးရသည်။ နေထိုင်ရန် သင့်မသင့်၊ အိမ်သာ ရေမီးတို့ကို စစ်ဆေးရသည်။ သုံး၍ အဆင်ပြေမပြေလုပ် ကြည့်ရသည်။ ဒါကလည်း မိမိနှစ်သက်သဘောကျမှ စစ်ဆေး ကြည့်သည်။ ပွဲစားကတော့ လွတ်နိုင်မည့်အခန်းများကို ပြ ပေးမည်။ သူ့ကို (ပွဲစား)အားနာ၍ တစ်ခန်းကြည့် တစ်ခန်း ယူလုပ်၍မရ။

မိမိကြည့်မည့်အခန်းရှိသည့် တိုက်မြင့်ကို စတက်ပြီ ဆိုကတည်းက လှေကားကစပြီး အခန်းတိုင်း အခန်းတိုင်း၊ အလွှာတိုင်း အလွှာတိုင်းရှိသူတို့၏ သက်ဆိုင်ရာဝန်းကျင်ကို မည်ကဲ့သို့ ထားသိုနေထိုင်ကြသည်။ သန့်ရှင်းရေးလုပ်ကြသည်။ မလုပ်ကြသည်ကအစ ကြည့်ရှုသွားရသည်။ ထိုအထပ်မြင့်တိုက် ရှိ အခန်းတစ်ခန်းကို မိမိငှားရမ်းနေထိုင်ပြီဆိုလျှင် မိမိ ပတ်ဝန်းကျင်ရှိ အခန်းတို့၏ စရိုက်လက်္ခဏာက ဘယ်သို့ရှိ သည်ကို သိထားခြင်းအားဖြင့် လိုက်လျောညီထွေနေနိုင်ပါ လိမ့်မည်။

တစ်ခါတစ်ရံ မိမိနေထိုင်မည့် တိုက်မြင့်ရှိ အခန်း တို့မှ အချို့သောအခန်းပိုင်ရှင်တို့က အိမ်ငှားနေထိုင်သူတို့ကို အမြင်မကြည်ရှိတတ်သည်။ ပြဿနာရှာတတ်သည်တို့ကို ကြုံ တွေ့ရသည်။ တစ်ခါ စိတ်မနှံသူ (စိတ်ကစဥ့်ကလျား)ရှိသည့် အိမ်တို့လည်း ရှိတတ်သည်။ ခဏတဖြုတ် သွားကြည့်ရုံနှင့် အလွှာတိုင်းရှိလူတို့၏ စရိုက်ကို အခြေအနေကို မသိနိုင်ပေ။ ငှားရမ်းနေထိုင်ပြီဆိုမှ တဖြည်းဖြည်းနှင့် ကြုံတွေ့လာရသည်။ ပတ်ဝန်းကျင်၏ အခြေအနေမှန်ဖြစ်သည်။ ငှားပြီးမှသိရသော ထိုအခြေအနေကို မိမိချုပ်ဆိုထားသော စာချုပ်၏ လအလိုက်၊ နှစ်အလိုက် သည်းခံရပေတော့မည်။

ထို့ကြောင့် တစ်ခါတစ်ရံ ပွဲစားလည်းအားမနာနိုင် ဘဲ (၇)လွှာ၊ (၈)လွှာ အထပ်မြင့်တိုက်တို့ကို ချွေးတလုံးလုံး၊ လေချွန်သံထွက်မျှ လိုက်လံကြည့်ရှုပြီး မကြိုက်လျှင် ငြင်းပယ် ပြီး၊ နောက်တစ်တိုက် နောက်တစ်ခန်းကြည့်ရသည်။
မိမိသုံးမည့် ငွေပမာဏကို ပွဲစားကိုပြောထားရသည်။ ပွဲစားကလည်း မိမိသုံးမည့်ငွေပမာဏနှင့် ကိုက်ညီမည့် အခန်း ကိုရှာဖွေပေးသည်။ လက်ရှိ (၇)လွှာ၊ (၈)လွှာသည် နှစ်သိန်း ခွဲနှင့် နှစ်သိန်းကြားမှာရှိသည်။ တန်ဖိုးနည်းနည်းပေးချင်လျှင် တော့ အထပ်မြင့်မြင့်တော့ တက်ကြရမည်ဖြစ်သည်။

မြေညီထပ်ဈေးက အမြင့်ဆုံးဈေးဖြစ်နေပြီး ပထမ ထပ်မှစ၍ တစ်ထပ်တက်လေ ပျမ်းမျှ နှစ်သောင်းနှုန်းလျော့ နည်းသွားသည်။ သို့ပါသော်လည်း အခန်းဖွဲ့စည်းပုံ အကောင်း အဆိုးပေါ် မူတည်ပြီး သီးခြားဈေးနှုန်းလည်း ရှိသည်။ ရိုးရိုး သမံတလင်း အခန်းလွတ် Hall Type ဆိုလျှင် ငှားရမ်းခ ဈေးနည်းပြီး အိမ်ခန်းနှင့် ဧည့်ခန်း ပါကေးခင်း၊ ဘေစင်၊ မီးဖို ကြွေပြားခင်း၊ ရေချိုးခန်း၊ ရေကန်၊ အိမ်သာ ကြွေပြားကပ် ဆိုလျှင် ဈေးက ကောင်းတတ်သည်။

တစ်တိုက်ဆင်း တစ်တိုက်တက် လိုက်လံကြည့်ရှု သည့်အခါ အချို့သောအခန်းတို့သည် လက်ရှိနေသူတို့ မဆင်း သေးဘဲရှိတတ်သည်။ ထိုအခါ ၎င်းတို့ကိုလည်း ဘာကြောင့် မနေတော့သလဲ၊ ဘာကြောင့် ဆက်မငှားသလဲ မေးရသည်။ တချို့ကလည်း လူခုနှစ်ဦး၊ ရှစ်ဦးပေါင်းနေရာက လူနည်းသွား သဖြင့် ဆက်မနေတော့ကြောင့် မငှားနိုင်တော့ကြောင်း ပြော ကြသည်။ တချို့က လုပ်ငန်းကိုင်ငန်းလုပ်ကိုင်နေကြသော အခန်းဖြစ်ပြီး နေရာပြောင်းမှာဖြစ်ခြင်းကြောင့် အခန်းပြန် အပ်ခြင်းဖြစ်ကြောင်း ပြောကြသည်။ ၎င်းတို့နေစဉ်အတွင်း ရေတင်ရလွယ်ကူမှုရှိမရှိ၊ မီတာခအရမ်းကျသလား မကျဘူး လား မေးရသည်။ အမှန်နေခဲ့သူတို့၏စကားကိုယူ၍ ငှားဖို့ မငှားဖို့ စဉ်းစားရသည်။ မိုးတွင်းရောက်လာ၍ ခေါင်မိုးရေလုံ မလုံဆိုတာကလည်း အပေါ်ဆုံးထပ်အခန်းနေရသူတို့အဖို့ ကြုံတွေ့လာရနိုင်မည့်ကိစ်္စဖြစ်ရာ မေးနိုင်မြန်းနိုင် စစ်ဆေးနိုင် မှ တော်ကာကြမည်ဖြစ်သည်။

ထိုသို့ ရှာဖွေ၊ ကြည့်ရှု၊ စစ်ဆေးမေးမြန်းပြီး၍ ကြိုက် ပြီဆိုသောအခါ ပွဲစားသည် အိမ်ရှင်နှင့်ပေးတွေ့ပါတော့သည်။ လိုအပ်သည့်ကိစ်္စများပြုပြင်ရန် ကိစ်္စများ၊ အခန်းလက်ရှိ အနေအထားတို့၏ အားနည်းချက်တို့ကို ပြောပြပြီး ဈေးညှိနှိုင်း ရသည်။ ကာလညှိနှိုင်းရသည်။ ဈေးကြိုက်၊ အခန်းကြိုက်ဖြစ် သော်လည်း ပိုင်ရှင်ဘက်က ငှားရမ်းသူ မိမိတို့၏ လူဦးရေ အနေအထားကို မကြိုက်တာမျိုးရှိတတ်သည်။ တစ်ဖန် တစ်နှစ် စာချုပ်မှဖြစ်မည်ဟု ဆိုလာခြင်းများရှိသည်။ ခြောက်လစာ သာနိုင်သော ငှားရမ်းသူ မိမိတို့အနေနှင့် ခြောက်လနှင့် တစ်နှစ်အကြား အိမ်ရှင်နှင့် ညှိနှိုင်းမရဘဲ ကြိုက်သော်လည်း လက်လျော့လိုက်ရသော အဖြစ်လည်း ရှိသည်။

ထိုကဲ့သို့ ရှာဖွေလိုက် အဆင်မပြေဖြစ်နေလိုက် လက်ရှိအိမ်ကလည်း သက်တမ်းပြည့်၍ ပြန်အပ်ဖို့ နီးလာလေ နှင့် အိမ်ငှားဘ၀ ပျာယာခတ်သည့် အနေအထားဖြစ်လာ သည်။ ပြောင်းရ ရွှေ့ရမည့်ပစ်္စည်းတို့ကလည်း များလျှင်ပိုပြီး ရင်ပူရသည်။ အိမ်ငှားဘ၀နှင့် ပစ်္စည်းများများဝယ်ထားမိလျှင် အိမ်အရွှေ့အပြောင်းတွင် သေချင်စော်နံလောက်အောင် ခံစား ရသည်။ နောက်ဆုံးတွင် နီးကပ်လာသော အချိန်ကာလ အတိုင်း အတာအရ မဖြစ်မနေ ငှားရမ်းနိုင်ဖို့ ပွဲစားကို အရှာအဖွေ ခိုင်းရသည်။ ပွဲစားလည်း သူတို့မှတ်သားထားသော သတင်း အချက်အလက်များ၊ အပ်နှံထားသော အိမ်ရှင်တို့၏ အခန်း များကို စစ်ထုတ်ဖုန်းခေါ်၍ မေးမြန်းပြီး လက်ရှိ မိမိတို့နေ ထိုင်သော တိုက်ခန်းမှ အဆင်း နောက်တစ်ခန်းကိုထပ်တက် နိုင်ဖို့ သူတို့လည်း အားကြိုးခနဲ ရှာဖွေပေးကြသည်။

ရှာဖွေလေ တွေ့ရှိလေထဲမှ အကောင်းဆုံးဖြစ်နိုင် မည့် အခန်းတစ်ခုကို ရွေးချယ်လိုက်ရတော့သည်။ သို့သော် လည်း မိမိသတ်မှတ်ထားသော ငွေကြေးထက် အနည်းငယ် များနေသည်။ အိမ်ရှင်က အပ်ထားသော (အိမ်ရှင်၏ပွဲစား) ကို ငှားရမ်းမည့်သူနှင့် အိမ်ငှားပွဲစားတို့တွေဆုံပြီး အိမ်ရှင်ထံ ဈေးဆစ်ခိုင်းရသည်။ ကာလသက်တမ်းညှိနှိုင်းရသည်။ မိမိ လိုချင်သလောက် မဖြစ်သော်လည်း ထိုက်သင့်သော အကျိုး တရားတော့ရသည်။ သတ်မှတ်ဈေးထက် လျော့ပေးပြီး ပျက် စီးနေသည်များကိုလည်း ပြင်ဆင်ပေးသည်။

ပြောဆိုမှု အဆင်ပြေသောအခါ သုံးဦးသုံးဖလှယ် တွေ့ဆုံကြသည်။ အိမ်ရှင်၊ အိမ်ငှား၊ ပွဲစား (သို့မဟုတ်) နှစ်ဖက်အကျိုးဆောင်တို့ တွေ့ဆုံပြီး စာချုပ်ကြရသည်။ ရှိစု မဲ့စုလေးများနှင့် နေစရာရှာကြံရသောအခါ အဆင်မပြေလို့ ရင်မောရသည်များရှိသလို အဆင်ပြေလို့လည်း ရင်မောရ သည်။ အဆင်ပြေရဲ့သားနှင့် ဘာကြောင့် ရင်မောရသလဲဟု မေးလျှင် အကျိုးဆောင်ခဆိုသည် ပေးရဦးမည်ဖြစ်သော ကြောင့် ဖြစ်သည်။ ဒါက မိမိ၏ခံစားချက်ဖြစ်သည်။

တကယ်တမ်း ပွဲစားတို့၏ အကျိုးဆောင်ခကို ပေး လိုခြင်း မပေးလိုခြင်းကိုနောက်ထား၊ နေရာကဏ္ဍလုပ်ငန်း ကိုင်ငန်း အသီးသီးအလိုက် လွယ်ကူအဆင်ချောနိုင်ဖို့ အကျိုးဆောင် ပွဲစားတို့ကို ငြင်းပယ်၍မရနိုင်ပါ။ ယခု တိုက် ခန်းအငှားတို့အတွက် တိုက်တိုင်းကို တက်ရောက်မေးမနေ နိုင်ပေ။ သက်ဆိုင်ရာ နယ်မြေခံ အကျိုးဆောင်ပွဲစားတို့ကို ရှာခိုင်းလိုက်သောအခါ လျင်မြန်လွယ်ကူစွာ အလုပ်ဖြစ်ကြ သည်။

ထို့ကြောင့် မချစ်လို့ဘဲ အောင့်ကာနမ်းနမ်း၊ ချစ် လို့ပဲ နမ်းနမ်း၊ အားလုံး အဆင်ပြေကြလေသတည်းနှင့် ပြီးကြရသည်။ ထိုက်သင့်သော ၀န်ဆောင်ခကိုတော့ အိမ်ရှင် ရော အိမ်ငှားရော ပေးကြရသည်။ အိမ်ငှားဘ၀ ရင်မောရ ခြင်းနှင့်အတူ ကြုံတွေ့ရ၊ နားလည်ရသော လုပ်ငန်းသဘော လေးတွေကို မှတ်တမ်းပြုလိုက်ရပါသည်။

ဦးအောင်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်ရှင် အိမ်ငှား . . . အို ပွဲစား - Property News in Myanmar from iMyanmarHouse.com
အိမ်ရှင် အိမ်ငှား . . . အို ပွဲစား - Property News in Myanmar from iMyanmarHouse.com
အိမ်ရှင် အိမ်ငှား . . . အို ပွဲစား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service