အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အမှန်တကယ်လိုအပ်သလား

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အမှန်တကယ်လိုအပ်သလား - Property News in Myanmar from iMyanmarHouse.com
1 Aug 2018 11:36 am တွင် တင်ခဲ့သည်
1646 ကြိမ် ကြည့်ရှု့ပြီး
တရားဝင် စည်းမျဉ်း စည်းကမ်း ကန့်သတ်ချက်တွေမရှိဘဲ မိရိုးဖလာပုံစံမျိုးနဲ့ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ကြတဲ့ အိမ်ခြံမြေအကျိုးဆောင်၊ တစ်နည်းအားဖြင့် အိမ်ခြံမြေပွဲစားတချို့အနေနဲ့ လတ်တလောမှာ ဥပဒေကြမ်း ပေါ်ထွက်တဲ့အဆင့်ကို ရောက်လာတဲ့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေအပေါ်မှာ အမှန်တကယ်လိုအပ်ရဲ့လားလို့ အချို့က မေးခွန်းထုတ်လာပါတယ်။

တစ်ဖက်မှာလည်း ဝါရင့်အကျိုးဆောင်ကြီးတွေဖြစ်တဲ့ အိမ်ခြံမြေဝန်ဆောင်မှု အသင်းတွေက တာဝန်ရှိသူတွေ ကတော့ ဥပဒေကြမ်းကို ကြိုဆိုထောက်ခံကြပါတယ်။

အိမ်ခြံမြေဝန်ဆောင်မှုပေးသူဟာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့ လိုင်စင်ရရှိထားသူဖြစ်ဖို့၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီဟာ နိုင်ငံခြားသားနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ကုမ္ပဏီဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ရရှိပြီးဖြစ်ဖို့ စတဲ့သတ်မှတ်ချက်တွေ ပါဝင်ထားတဲ့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ပြုစုဖို့အတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာကစပြီး ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဦးတင်မောင်က ပြောပါတယ်။

"အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို တချို့က အမှတ်မှားနေပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှု အသင်းအဖွဲ့တွေက ဒါတွေကို ကိုင်တွယ်ကျင့်သုံးတော့မယ်လို့ နားလည်မှုလွဲမှားနေကြတယ်။ ကျွန်တော်တို့ အသင်းအဖွဲ့မှန်သမျှ သည် ဥပဒေကို ရေးဆွဲခွင့်မရှိပါဘူး။ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အိမ်ခြံမြေရောင်းဝယ်ကြတဲ့ ကိစ္စရပ်တွေမှာ ရောင်းသူနဲ့ ဝယ်သူကြား၊ အကျိုးဆောင်နဲ့ ပြည်သူကြား၊ အစိုးရကြားမှာ ကြုံတွေ့ရတဲ့ကိစ္စရပ်တွေကို ဥပဒေကြမ်း ကော်မရှင်မှာ ပါဝင်ဆွေးနွေးဖလှယ်ခဲ့ခြင်းသာ ဖြစ်ပါတယ်"လို့ ဦးတင်မောင်က ဆိုပါတယ်။

ပေါ်ထွက်လာတဲ့ ဥပဒေကြမ်းအရ လိုင်စင်မရှိသူဟာ ပွဲစားလုပ်ကိုင်ခွင့်ရမှာမဟုတ်ဘဲ ဒီအချက်ကို ဖောက်ဖျက်ရင် ထောင်ခြောက်လအထိဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။

လတ်တလော အိမ်ခြံမြေဈေးကွက်မှာတော့ ရုံးခန်းဖွင့်ပြီးလုပ်ကိုင်နေတဲ့ အိမ်မြေအကျိုးဆောင်လုပ်ငန်းတွေ၊ ရုံးခန်းမဖွင့်ထားပေမဲ့ အကျိုးဆောင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လုပ်ကိုင်ခဲ့တဲ့ ဝါရင့်အကျိုးဆောင်တွေနဲ့အတူ ခရီးသွားဟန်လွဲ လမ်းကြုံလို့ ပွဲဝင်တိုက်ပေးတဲ့သူမျိုးတွေလည်း များစွာရှိနေပါတယ်။ ဥပဒေသာ ပေါ်ထွက်လာခဲ့ရင် လိုင်စင်မရှိဘဲ အကျိုးဆောင်သူတွေကို ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာ မေးစရာရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးတင်မောင်က ဆရာဝန်မရှိတဲ့ တောရွာတွေမှာ ရမ်းကုတွေ ရှိကြကြောင်း၊ အချင်းချင်း ကျေနပ်နေရင် ပြဿနာမရှိနိုင်ပေမဲ့ မကျေနပ်ရင်တော့ ပြဿနာဖြစ်လာမှာပဲလို့ ဥပမာပေးပါတယ်။

"အကျိုးဆောင်လုပ်ခွင့်ကို ကန့်သတ်ထားခြင်း မရှိပါ ဘူး။ ဘယ်အကျိုးဆောင်ကိုမှ ချန်မထားပါဘူး။ အိမ်ခြံမြေ ဝန်ဆောင်မှုလိုင်စင် လျှောက်ထားဖို့ ပညာအရည်အချင်းကန့်သတ်မထားဘူး။ ဝန်ဆောင်မှုဥပဒေ စတင်အာဏာတည်ခဲ့ရင် ဝန်ဆောင်မှုလုပ်ငန်းလုပ်လိုသူဟာ တစ်နှစ်အတွင်း လုပ်ငန်းမှတ်ပုံတင်ခြင်းနဲ့ ယာယီလိုင်စင်လျှောက်ထားနိုင်ပါတယ်။ ယာယီလိုင်စင်ရတဲ့အခါ သုံးနှစ်အတွင်းမှာသတ်မှတ်သင်တန်းကို တက်ပြီး လိုင်စင်လျှောက်ထားနိုင်မှာပါ"လို့ ဦးတင်မောင်က ပြောပါတယ်။

လက်ရှိမှာ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ကျကျနန သင်တန်းပေးထားတာမျိုး မရှိသေးတာ၊ အကျိုး ဆောင်လုပ်ခွင့်ကို ကန့်သတ်ထားခြင်း မရှိတာကြောင့် (အရောင်းအဝယ်) အမှားအယွင်းဖြစ်တဲ့အခါ နှစ်ဦး နှစ်ဖက် နစ်နာရတာတွေ အများကြီးရှိနေတယ်လို့ ထောက်ပြပါတယ်။

တရားရုံးတွေမှာ မြေယာနဲ့ပတ်သက်တဲ့ အမှုအခင်းတွေ အများကြီးတွေ့ရမှာဖြစ်သလို ကျူးကျော်နေရာတွေကို တရားမဝင်ရောင်းဝယ်နေကြတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက် အကျိုးဆောင်ပေးသူတွေကို အရေးမယူနိုင်တာ ဟာ ဒီလိုဝန်ဆောင်မှုဥပဒေ၊ စည်းကမ်းတွေမရှိသေးတာကြောင့်လို့လည်း ဆိုပါတယ်။

"ရန်ကုန်မှာ ကျူး သိန်းချီ၊ မန္တလေးမှာ ကျူး သောင်းချီနေတယ်။ အကျိုးဆောင်လိုင်စင် ပြဋ္ဌာန်းခြင်းသည် အကျိုးဆောင်တွေကို နှိပ်ကွပ်ခြင်းမဟုတ်ပါဘူး။ မမှန်မကန်လုပ်လိုသူတွေ နောက်ကိုရှဲသွားမယ်"လို့ ဦးတင်မောင်က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းအတွင်းရေးမ·း ဦးဝဏ္ဏစိုးက တော့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေဟာ လိုအပ်တဲ့အပြင် ပေါ်ပေါက်ဖို့တောင် နောက်ကျနေပြီလို့ မှတ်ချက်ပြု ပါတယ်။

"ဒီဥပဒေပေါ်မလာရင် နစ်နာမှုတွေ ပိုဖြစ်လာဖို့ပဲ ရှိမယ်။ ဥပဒေပေါ်လာရင် အိမ်မြေအကျိုးဆောင်တွေအနေနဲ့ လိုအပ်တဲ့သင်တန်းတွေရှိလာပြီး ဆောင်ရန် ရှောင်ရန် လိုက်နာရန်တွေ သိလာမယ်။ အခုက နားလည်လွယ်အောင် ပြောရရင် လယ်မြေတွေ အကွက်ရိုက်ရောင်း တာမျိုး၊ မည်သူမဆို အိမ်မြေအကျိုးဆောင် အလွယ်တကူလုပ်လို့ရတော့ နားမလည်ဘဲ ဝင်လုပ်နေတာမျိုးတွေရှိတယ်။ ဥပဒေကြောင့် မြေယာပြဿနာတွေ နည်းသွားမယ်၊ ရောင်းမှား ဝယ်မှားနည်းမယ်။ ဒီဥပဒေဟာ မဖြစ်မနေ လိုအပ်ပါတယ်"လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။

အခြားတစ်ဖက်မှာလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က အိမ်မြေအကျိုးဆောင် ဦးပြူးကတော့ ဒီဥပဒေပေါ်ထွက်လာခဲ့လို့ မဖြစ်မနေ လိုင်စင်လုပ်ရတော့မယ်ဆိုမှသာ လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ လက်ရှိ အိမ်မြေအရောင်းအဝယ်က များစွာငြိမ်သက်နေပြီး သူ့အနေနဲ့ မုန့်ဖိုးပဲဖိုး ရဖို့တောင် မနည်းရုန်းကန်နေရတယ်လို့ ပြောပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service