ငွေလဲနှုန်းမတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ အခက်တွေ့နေ

ငွေလဲနှုန်းမတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ အခက်တွေ့နေ - Property News in Myanmar from iMyanmarHouse.com
1 Aug 2018 10:50 am တွင် တင်ခဲ့သည်
1538 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်း မတည်ငြိမ်ခြင်းက သွင်းကုန်လုပ်ငန်းများသာမက ပို့ ကုန်လုပ်ငန်းများအတွက်လည်း အခက်အခဲ ဖြစ်နေသည်ဟု
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကျော်က ပြောသည်။

ဇူလိုင် ၃၀ ရက်တွင် တစ် ဒေါ်လာ ၁,၄၄၈ ကျပ်ဖြင့် ဈေး ပိတ်သော်လည်း ဇူလိုင် ၃၁ ရက်တွင် တစ်ဒေါ်လာ ၁,၄၄၂ ကျပ်သို့ ကျဆင်းခဲ့သည်။ ပြည်တွင်း ငွေ ကြေးဈေးကွက်တွင် ၂၀၁၈ ဇွန်လ လယ်ကစတင်၍ ဈေးနှုန်းအတက် အကျများနှင့် တည်ငြိမ်မှု မရှိခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရန်ခက်ခဲကြောင်း
စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

‘‘ပထမသွင်းတုန်းက ငွေလဲ နှုန်းနဲ့ အခုပြန်သွင်းမယ့် ငွေလဲ နှုန်းကွာတော့ ဓာတ်မြေသြဇာ တွေက ဈေးတက်ပြီး ရောင်းရ တော့မယ်။ စပါးစိုက်ချိန်ဆိုတော့ လယ်သမားတွေ ထိခိုက်တာပေါ့’’ဟု ဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ တစ် ဆင့်ခံ ကုန်သွယ်ရေးဖြင့် ကုန် ပစ္စည်းများ တင်ပို့နေသူများအ တွက်လည်း ဒေါ်လာဈေးနှုန်းအ ပြောင်းအလဲ ယွမ်ငွေတန်ဖိုးကျ ဆင်းမှုက လုပ်ငန်းများ၌ အခက်အခဲအချို့ဖြစ်စေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

‘‘ကုန်သည်တွေအတွက်က တော့ ဒေါ်လာတည်ငြိမ်တာကိုပဲ လိုချင်ကြတယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အားနည်းချိန်ဖြစ်နေသောကြောင့် ကန်ဒေါ်လာတန်ဖိုး အတက်၊ အကျများခြင်း ဖြစ်ရသည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။ မြန်မာနိုင်ငံ ဆန်နှင့် ပဲမျိုးစုံ ပြည်ပတင်ပို့မှု လျော့ကျနေကြောင်း ၎င်းတို့ကဆိုသည်။

အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်း ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ မြှင့်တင်ခြင်း ကြောင့် အမေရိကန်ဘဏ်များ တွင် ငွေစုသူများပြီး နိုင်ငံတကာ ငွေကြေး ဈေးကွက်တွင် ဒေါ်လာရှားပါး၍ တန်ဖိုးမြင့်တက်ခဲ့သည်။ ထို့ကြောင့် ပြည်တွင်းငွေကြေး ဈေးကွက်၌ ကန်ဒေါ်လာနှင့် လဲ လှယ်ရသည့် မြန်မာကျပ်ငွေတန် ဖိုးက နှစ်လအတွင်း ၈ ရာခိုင်နှုန်း ခန့် ကျဆင်းခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service