တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင်

တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
29 Jun 2018 11:35 am တွင် တင်ခဲ့သည်
2816 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည် အရှေ့တောင်ပိုင်း Zhejiang ပြည်နယ်၏ မြို့တော် ဟန်ကျိုးမြို့တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာနှင့် လူနေပြီးဖြစ်သော second-hand နေအိမ်များအပါအဝင် အိမ်ခြံမြေများကို ကုမ္ပဏီများနှင့် အဖွဲ့အစည်းများထံ ရောင်းချခြင်း ပိတ်ပင်လိုက်ကြောင်း တရုတ်အခြေစိုက် ယိစိုင်းဂလိုဘယ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဟန်ကျိုးမြို့၏ နေရာအားလုံးကားမဟုတ်ဘဲ ကန့်သတ်ထားသည့် အချို့နေရာများအတွက်ဖြစ်သည်ဟု ဆိုသည်။

ဟန်ကျိုးသည် ယခုအခါ တရုတ်ပြည်တွင် အဆိုပါဥပဒေမျိုး ချမှတ်ခြင်းခံရသည့် တတိယမြောက်မြို့တစ်မြို့ ဖြစ်လာခဲ့သည်။

တရုတ်ပြည်တွင်းရှိ ဒုတိယတန်းစားမြို့ကြီးများသည်လည်း အိမ်ခြံမြေကဏ္ဍကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်ရန် ပြင်ဆင်လာလျက်ရှိနေသည်။

ဟန်ကျိုးမြို့တွင် ပြီးခဲ့သော ဇွန်လ ၂၅ ရက်က အိမ်ခြံမြေထီပေါက်သူများစာရင်း ထုတ်ပြန်ခဲ့ရာတွင် မှတ်ပုံတင်ထားသည်မှာ တစ်လခန့်သာရှိသေးသော ကုမ္ပဏီ ၃ ခု မဲပေါက်ခဲ့ပြီး နေအိမ်ဝယ်ယူခွင့် ၃ ခုရရှိခဲ့ကြသည်။

အိမ်ခြံမြေထီပေါက်နိုင်ချေ ၀ ဒသမ ၃၄ ရာခိုင်နှုန်းသာ ရှိသော်လည်း ကုမ္ပဏီ ၃ ခုမှ မဲပေါက်ခဲ့ခြင်းမှာ သမားရိုးကျမဟုတ်ကြောင်း သုံးသပ်ကြပြီး အများပြည်သူတို့၏ ဝေဖန်မှု၊ ရတက်မအေးမှုများ မြင့်တက်လာလျက်ရှိသည်။

သို့အတွက် ဟန်ကျိုးမြို့အကြီးအကဲများက နေအိမ်ဝယ်ယူမှုဆိုင်ရာ မူဝါဒတင်းကျပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေထီများကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
တရုတ်အနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ်၊ ရှိယန်မြို့သည် ကုမ္ပဏီးများနှင့် အဖွဲ့အစည်းများသို့ နေအိမ်ရောင်းချမှု ပထမဆုံးပိတ်ပင်ခဲ့သည့် မြို့ဖြစ်ပြီး ဇွန်လ ၂၄ ရက်တွင် စတင်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်၏ သမ္မတကြီး ရှီကျင့်ဖျင်က အိမ်ခြံမြေသည် ရင်းနှီးမြှုပ်နှံရန် မဟုတ်ဟု ပြောကြားထားချက်အပေါ် အခြေခံ၍ ကုမ္ပဏီများကို အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မလာစေရန် ရည်ရွယ်ကာ ပိတ်ပင်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုမူဝါဒကို အကောင်အထည်ဖော်ခဲ့သည့် အခြားမြို့ကြီးတစ်မြို့မှာ ဟူနန်ပြည်နယ်၏မြို့တော်၊ ချန်းရှာတွင် ဖြစ်သည်။

ချန်းရှာမြို့တွင် အိမ်ခြံမြေဝယ်ယူပြီး ၄ နှစ်အတွင်း ပြန်လည်ရောင်းချခွင့်မပြုသော စည်းမျဉ်းလည်း ချမှတ်ထားသည်။

အိမ်ခြံမြေဝယ်ယူမှုများမှာ အမှန်တကယ်နေထိုင်မည့်သူများ၏ ဝယ်ယူမှုများကိုသာ ဦးစားပေးသင့်ကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝအဆင်ပြေရေးကို ပထမနေရာတွင် ထားရမည်ဖြစ်ကြောင်း ရှန်ကျောက်တောင် တက္ကသိုလ် အိမ်ခြံမြေသုတေသနသိပ္ပံ၏ ညွှန်ကြားရေးမှူး ယန် ဒေါင်လန်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service