လီကာရှင်း၏ သားငယ် ဗစ်တာလီက လန်ဒန်ရှိ UBS ရုံးချုပ်အဆောက်အအုံကို ပေါင် ၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) ဖြင့် ဝယ်ယူ

လီကာရှင်း၏ သားငယ် ဗစ်တာလီက လန်ဒန်ရှိ UBS ရုံးချုပ်အဆောက်အအုံကို ပေါင် ၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Jun 2018 11:46 am တွင် တင်ခဲ့သည်
3423 ကြိမ် ကြည့်ရှု့ပြီး
ဖခင်ဖြစ်သူ လီကာရှင်းထံမှ ကုမ္ပဏီအရိုက်အရာကို ဆက်ခံပြီး တစ်လခန့်သာရှိသေးချိန်တွင် ဗစ်တာလီသည် လန်ဒန်ရှိ UBS ရုံးချုပ်အဆောက်အအုံကြီးကို GIC ထံမှ ပေါင် ၁ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

UBS ရုံးချုပ်အဆောက်အအုံကြီးကို ပိုင်ဆိုင်ထားသည်မှာ စင်္ကာပူအစိုးရပိုင် sovereign wealth fund နှင့် ဗြိတိန်အခြေစိုက် developer ဖြစ်သော British Land တို့ဖြစ်ပြီး လန်ဒန်ရှိ အဆောက်အအုံကြီးကို CK Asset Holdings ထံရောင်းချလိုက်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြသည်။

CK Asset သည် ပြီးခဲ့သောလအတွင်း ဟောင်ကောင်ရှိ the Center အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် ရောင်းချထားခဲ့ရာ အဆိုပါငွေများကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

Broadgate complex အမည်ရှိ အဆောက်အအုံကြီးသည် စတုရန်းပေ ၄ ဒသမ ၇ သန်း အကျယ်အဝန်းရှိပြီး ရုံးခန်းတာဝါမှာ ၁၂ ထပ်အမြင့်ရှိသည်။ အဆိုပါအကျယ်အဝန်းအနက် စတုရန်းပေ ၇၀၀၀၀၀ ကို အရောင်းအဝယ်ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအရောင်းအဝယ်က ညွန်ပြနေသည်မှာ လန်ဒန်သည် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူတို့ မျက်စိကျရာ ဈေးကွက်ဖြစ်နေဆဲဟူသည့် အချက်ပင် ဖြစ်သည်။

ဗင်းတေ့ခ်ျ ဗိသုကာဟန်ဖြင့် ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆိုပါ ရုံးခန်းအဆောက်အအုံကြီးကို မူလက UBS အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှုဘဏ်သို့ ၂၀၃၅ ခုနှစ်အထိ အငှားချထားခဲ့ကာ ဆွစ်ဘဏ်က ဗြိတိန်ရုံးချုပ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ယခုအရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းအရ တွက်မည်ဆိုလျှင် တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၁၈၅၇ နှုန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

“ဒီလို နာမည်ကျော်သြဇာကြီး ကုမ္ပဏီ၊ လေးစားဖွယ်ရာ ရင်းနှီးမြှုပ်နှံသူတစ်ဦးက ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းမှာ ပါဝင်လာတဲ့အပေါ် များစွာနှစ်ထောင်အားရဖြစ်မိပါတယ်” ဟု British Land မှ အကြီးအကဲတစ်ဦးဖြစ်သူ တင်မ် ရောဘတ်စ်က ပြောကြားသည်။

Make Architects ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့သော UBS ရုံးချုပ်အဆောက်အအုံကြီးသည် Liverpool Street ရထားဘူတာရုံနှင့် ကပ်လျက်တည်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လီကာရှင်း၏ သားငယ် ဗစ်တာလီက လန်ဒန်ရှိ UBS ရုံးချုပ်အဆောက်အအုံကို ပေါင် ၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service