ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေကဏ္ဍ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အဘူဒါဘီရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့က ထိပ်ဆုံးတွင် ရပ်တည်

ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေကဏ္ဍ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အဘူဒါဘီရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့က ထိပ်ဆုံးတွင် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
21 Jun 2018 10:58 am တွင် တင်ခဲ့သည်
2447 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စုရှိ အဘူဒါဘီရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (ADIA) သည် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေကဏ္ဍတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဘူဒါဘီရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (ADIA) ၏ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ယနေ့အချိန်အထိဆိုလျှင် ကန်ဒေါ်လာ ၆၂ ဘီလီယံကျော် ရှိခဲ့ပြီ ဖြစ်သည်။

အဆိုပါ ပမာဏမှာ ADIA က နယ်ပယ်စုံ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် စုစုပေါင်းပမာဏ၏ ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။

ကမ္ဘာ့ထိပ်တန်း အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံသူ ၁၀ ဦးစာရင်းကို Indosuez Wealth Management က ထုတ်ပြန်ခဲ့ရာတွင် ADIA က ထိပ်ဆုံးမှ ရပ်တည်လျက်ရှိခြင်း ဖြစ်သည်။

နယ်သာလန်မှ ABP မှာ ကန်ဒေါ်လာ ၄၈ ဒသမ ၁ ဘီလီယံ၊ ဂျာမနီမှ Allianz မှာ ကန်ဒေါ်လာ ၄၁ ဒသမ ၈ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

ADIA ၏ နှစ်စဉ်အမြတ်အစွန်းမှာလည်း မြင့်တက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ထိပ်တန်းရင်းနှီးမြှုပ်နှံသူများစာရင်းတွင် ဥရောပနှင့် မြောက်အမေရိက ပင်စင်ရန်ပုံငွေ အဖွဲ့များ လွှမ်းမိုးနေပြီး ၄၅ ရာခိုင်နှုန်းခန့်ရှိကာ ဥရောပ အာမခံကုမ္ပဏီများက ၂၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် အရှေ့အလယ်ပိုင်းဒေသမှာ ၂၅ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်သည်။

“ကြီးမားတဲ့ အင်စတီကျူးရှင်းတွေက အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြုလုပ်လာကြပြီး နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုတွေ တဟုန်ထိုးမြင့်တက်လာနေတာကို တွေ့ရပါတယ် ” ဟု အိမ်ခြံမြေဈေးကွက် သုတေသီတစ်ဦးဖြစ်သူ ဗစ်တိုးရီးယား စကာလုန်းက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေကဏ္ဍ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အဘူဒါဘီရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့က ထိပ်ဆုံးတွင် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေကဏ္ဍ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အဘူဒါဘီရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့က ထိပ်ဆုံးတွင် ရပ်တည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service