OXFORD BUSINESS GROUP မှ မြန်မာနိုင်ငံ အကြောင်း နှစ်စဉ်ထုတ်ပြန်သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး အစီရင်ခံစာကို ယခုနှစ်ကုန်တွင် ထုတ်ပြန်သွားမည်

OXFORD BUSINESS GROUP မှ မြန်မာနိုင်ငံ အကြောင်း နှစ်စဉ်ထုတ်ပြန်သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး အစီရင်ခံစာကို ယခုနှစ်ကုန်တွင် ထုတ်ပြန်သွားမည် - Property News in Myanmar from iMyanmarHouse.com
20 Jun 2018 11:13 am တွင် တင်ခဲ့သည်
2761 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံ လုပ်ငန်း အောက်စဖို့ဒ် စီးပွားရေး လုပ်ငန်းစုမှ မြန်မာနိုင်ငံ အကြောင်း နှစ်စဉ်ထုတ်ပြန်သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး အစီရင်ခံစာကို ယခုနှစ်ကုန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီးယင်းအစီရင်ခံစာသည် ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အထောက်အကူကောင်း ဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်းသိရသည်။

အစီရင်ခံစာအတွင်း ယမန်နှစ် ဒီဇင်ဘာလက အတည်ပြုထားသည့် ကုမ္ပဏီများ ဆိုင်ရာ ဥပဒေအကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများအပေါ် အဆိုပါဥပဒေ အကျိုးသက်ရောက်နိုင်မှုများ ပါဝင်မည်ဖြစ်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်း ကုမ္ပဏီ တစ်ခု၏ ရှယ်ယာ ၃၅%အထိ ပိုင်ဆိုင်နိုင်ခွင့် ရှိမည့် သမိုင်းဝင် နည်းဥပဒေရေးရာ အပြောင်းအလဲများနှင့် စပ်လျဉ်း၍ အဓိက ဖော်ပြထားကြောင်း သိရှိရပြီးယင်းအပြောင်းအလဲ များကြောင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်မည်ဟု လည်း ယင်းအစီရင်ခံအတွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ရှယ်ယာအရောင်းအဝယ် ပြုလုပ်နိုင်စေရန် အတွက် ရန်ကုန်စတော့ အိပ်ချိန်း၏ အရောင်းအဝယ်ဆိုင်ရာ စည်းမျဉ်းများ အားဖြေလျှော့ပေးခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍လည်းအစီရင်ခံစာ အတွင်း ခန့်မှန်းထည့်သွင်း ဆွေးနွေးပေးမည်ဖြစ်သည်။

နည်းဥပဒေပိုင်းဆိုင်ရာ ရှုထောင့်များအဖြစ် လုပ်ငန်းရှင်များသည် ယင်းတို့လုပ်ငန်းများ အား နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ်မှ ပြည်တွင်းကုမ္ပဏီအဖြစ်ပြောင်းလဲရာ တွင် နှင့် ပြည်တွင်းကုမ္ပဏီများမှနိုင်ငံခြားသားပိုင်အဖြစ် ပြောင်းလဲရာတွင် ပိုမိုလွယ်ကူနိုင်မည့် နည်းလမ်းများနှင့် စည်းမျဉ်းဥပဒေသစ်များအကြောင်း ကိုလည်းဖော်ပြပေးသွားမည်ဖြစ်သည်။

မြန်မာတွင် စည်းမျဉ်းဥပဒေအသစ်များ ထပ်မံပြဋ္ဌာန်းခဲ့သော်လည်းနိုင်ငံ၏ အခြေခံ တရားမူဘောင် တည်ဆောက်ပုံသည် ဆက်လက်ခိုင်မာနေသည်။

လတ်တလော ပြဋ္ဌာန်းထားသည့် ကုမ္ပဏီများ ဥပဒေနှင့် ကွန်ဒို ဥပဒေများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုဝင်လာစေရန် ရည်ရွယ်ပြီး ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

The Report:Myanmar 2019 တွင် အောက်စဖို့ဒ်စီးပွားရေးလုပ်ငန်းစုမှ သုတေသန အဖွဲ့၏ ခြောက်လခန့်ပြုလုပ်ထားသည့်ဆန်းစစ် လေ့လာချက်များ ပါဝင်မည်ဖြစ်ပြီးထုတ်ပြန်ချက်တွင် မေခရိုစီးပွားရေး၊အခြေခံအဆောက်အအုံ၊ဘဏ်လုပ်ငန်း နှင့် အခြား သော ကဏ္ဍအလိုက် တိုးတက်မှုများ အပါအဝင် စီးပွားရေးကဏ္ဍတစ်ခုလုံး၏ ဦးတည်ချက်များနှင့်ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ခန့်မှန်းချက်များ ပါဝင်သည်။

အစီရင်ခံစာအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ပူးတွဲထုတ်ပြန်မည်ဖြစ်သည်။

Credit :Myanmar Alinn

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service