အရှေ့တောင်အာရှရဲ့ အကျယ်ပြန့်ဆုံးသော ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်ပြပွဲ ထိုင်းနိုင်ငံမှာပြုလုပ်သွားမယ်လို့ ပြင်သစ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံက သိရပါတယ်။
ပြင်သစ်ကုန်သည်ကြီးများအသင်းက ကြီးမှုးကျင်းပတဲ့ Intermat Asean ပွဲကို စက်တင်ဘာ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၄၃ နိုင်ငံမှဆောက်လုပ်ရေးကုမ္ပဏီများ ပြဝင်ပြသသွားမှာဖြစ်တယ်လို့ သိရပါ တယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးနဲ့ ယာဉ်ယန္တရားပစ္စည်းများနဲ့ပတ်သက်လို့ နာမည်ကြီးကုမ္ပဏီကြီးတွေဖြစ်တဲ့ CAT/JCB/CASE/
HITACH/LIEBHERR စတဲ့လုပ်ငန်းတွေအပါဝင်ပြခန်းပေါင်း၃၀၀ ကျော်ပါဝင်ပြသမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံများမှ ထိပ်သီးလုပ်ငန်းရှင် ၁၀၀ကျော်အပါအဝင် နိုင်ငံတကာမှတက်ရောက်သူ ၅၀၀၀ကျော်လာရောက်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။မြန်မာနိုင်ငံမှလည်း Intermat Asean ပြပွဲကို လုပ်ငန်းရှင် ၆၀ ကျောက်တက်ရောက်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
Intermat Asean ပွဲနှင့်အတူ International exhibition for the Asian concrete sector ပွဲကိုလည်း တွဲဖက် ပြုလုပ်မှဖြစ်ပြီး နိုင်ငံတကာပြခန်း ၂၀၀ ကျော် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Credit: SFJ Strategy First