မြန်မာ-ထိုင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဘန်ကောက်တွင် ဟောပြောပွဲ ပြုလုပ်မည်

မြန်မာ-ထိုင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဘန်ကောက်တွင် ဟောပြောပွဲ ပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
15 Jun 2018 9:50 am တွင် တင်ခဲ့သည်
3021 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ-ထိုင်းနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် Myanmar Insight 2018 ခေါင်း စဉ်ဖြင့် ဟောပြောပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇူလိုင် ၂၀ ၌ တတိယအကြိမ်ကျင်းပမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ် မစ္စတာ H.E.Jukr Boon-Long ကပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည် ဆောက်မှု နှစ် (၇၀)ပြည့်ချိန်နှင့် တိုက်ဆိုင်စွာ ကျင်းပမည့် ဟော ပြောပွဲ၌ ခေါင်းစဉ်လေးခုဖြင့် ဆွေးနွေးရန် စီစဉ်ထားသည်။

မြန်မာအစိုးရက စီးပွားရေး ကဏ္ဍအတွက် ချမှတ်ထားသည့် မူဝါဒများ၊ ဥပဒေများ၊ နည်း ဥပဒေများနှင့် ပတ်သက်သည့် မြန်မာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးမည့် ဆွေး နွေးပွဲ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ မှ အခွင့်အလမ်းများနှင့် သက် ဆိုင်သည့် ဆွေးနွေးပွဲ၊ မြန်မာ ကုန်သွယ်မှုလုပ်ငန်း အတွေ့ အကြုံများနှင့် ပတ်သက်၍ အခြေ အနေများရှင်းလင်းမည့် ဆွေးနွေး ပွဲနှင့် စိုက်ပျိုးရေး၊ အသားငါး ကဏ္ဍနှင့် သက်ဆိုင်သော ခေါင်း စဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

‘‘ဟောပြောပွဲကနေ တစ် ဆင့် ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံက အတွေ့အကြုံတွေ၊ သတင်း အချက်အလက်တွေ ပြန်ဝေမျှ နိုင်မှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံ မှာလည်း ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းတွေ ပိုများလာမယ်လို့ ယုံကြည်ပါတယ်’’ဟု မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ Mr.Sorasak Keeratichokechaikul ကပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် ထိုင်းစီးပွားရေးလုပ်ငန်းပိုင်ရှင်များက ကုန်ထုတ်လုပ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် နည်းပညာလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးနှင့် စားသောက်ကုန် လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း တို့ကို စိတ်ဝင်စားနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွား ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ Mr.Nattawin Phongsphetrarat က ပြော ကြားသည်။

‘‘ထိုင်းစီးပွားရေးလုပ်ငန်းရှင် တွေက မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေးသာမက တခြားတိုင်းနဲ့ ပြည်နယ်မှာလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်’’ ဟု မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် က ပြောသည်။

လက်ရှိတွင် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် ကရင်ပြည် နယ် ဘားအံမြို့တွင် အထည်ချုပ် ကဏ္ဍနှင့် ဖိနပ်ချုပ်စက်ရုံ လုပ် ငန်းများ လုပ်ကိုင်ရန် လေ့လာနေ သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုစုစုပေါင်းတွင် ထိုင်း နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု တတိယ အများဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service