မဟာနဝရတ်ကွန်ဒိုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ OWNER BOOK များပေးအပ်လိုက်ပြီ

မဟာနဝရတ်ကွန်ဒိုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ OWNER BOOK များပေးအပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
14 Jun 2018 10:39 am တွင် တင်ခဲ့သည်
3289 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်းအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၅၁ လမ်းပြည်သူ့အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာယခုအခါ စီမံကိန်းအတွင်းရှိ မဟာနဝရတ်ကွန်ဒိုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ မူလနေထိုင်ခဲ့ကြသည့် အိမ်ခန်းနှင့် သက်ဆိုင်သူများအား ဝယ်သူအမည်ပေါက် Owner Book များပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းမဟာနဝရတ်ကွန်ဒိုသည် ၁၂ ထပ်ခွဲအဆောက်အအုံဖြစ်ပြီး အိမ်ငှား ၁၁၂ ဦး အတွက် တစ်လွှာလျှင် ၂၈ ခန်းဖြင့် ပထမထပ်မှ စတုတ္ထထပ်အထိ အိမ်ခန်းတစ်ခန်းလျှင် စတုရန်းပေ ၆ဝဝ ကျယ်ဝန်းပြီး အခန်းနှစ်ခန်းပါ ရေမီးအစုံဖြင့် ဖွဲ့စည်းပေးထားသည်။

ယင်းစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ ၅၂ ရာခိုင်နှုန်းနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီမှ ၄၈ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။

မြို့ပြနှင့် အိမ်ရာဦးစီးဌာနပိုင် လူနေအိမ် ၁၁၂ ခန်းအပါအဝင် လူနေအိမ်ခန်းစုစုပေါင်း ၂ဝဝ နီးပါးပါဝင်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဦးစီးဌာနပိုင်မြေဖြစ်ပြီး Basement နှင့် မြေညီထပ်တွင် ကားပါကင်၊CCTV လုံခြုံရေးစနစ်၊အရေးပေါ်မီးသတ်စနစ်နှင့် ဓာတ်လှေကားငါးစင်းပါဝင်သည်။

မူလနေအိမ်ခန်းနှင့် ယခုဆောက်လုပ်ပြီးစီးသည့် အိမ်ခန်းပုံစံကွာခြားသည်။မြို့ပြအင်္ဂါရပ်နှင့် အညီဆောက်လုပ်ထားသောကြောင့် မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ စီမံခန့်ခွဲငှားရမ်းထားသော အိမ်ငှားများအနေနှင့်လည်း ဌာနကို အိမ်ခန်းငှားရမ်းခပေးဆောင်ရသည်။

တခြားအိမ်ခန်းနေထိုင်သူများ အနေဖြင့် အိမ်ခန်းငှားရမ်းခပေးဆောင်စရာမလိုပဲ အိမ်ခန်းထိန်းသိမ်းမှုစရိတ်အတွက် သာပေးဆောင်ရမည်ဖြစ်သည်။အိမ်ခန်း Owner Book ရှိလျှင် အချိန်မရွေး အရောင်းအဝယ်လုပ်နိုင်ကြမည်ဖြစ်သည်ဟု မြန်မာရွှေဥဒေါင်း နှင့် မဟာနဝရတ်မြေ ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ မှ ပြောကြားခဲ့သည်။

ယင်းစီမံကိန်းတွင် ဇွန် ၉ ရက် နှင့် ၁ဝ ရက်တို့တွင် ဗိုလ်တထောင်မြို့နယ် မဟာ ဗန္ဓုလလမ်းရှိ မဟာနဝရတ် ကွန်ဒိုတိုက်ခန်းများကို ဘဏ်များနှင့် ချိတ်ဆက်ကာ ၂ဝရာခိုင်နှုန်း ဈေးလျှော့၍
၁၅ နှစ်အရစ်ကျ ပေးသွင်းစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်ရှိလူနေအိမ်ခန်းများအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်ရှိလူနေအိမ်ခန်းများအတွက် အရစ်ကျစနစ်ဖြင့် ထပ်မံ၍ ခြောက်လ ဝယ်ယူနိုင်ကြောင်းသိရသည်။

ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေး စီမံကိန်းအတွင်းရှိ ကွန်ကရစ်မြေထိန်းနံရံစနစ်ပါသော ငွေကျပ် ၁ဝ ဘီလီယံအကုန်အကျခံဆောက်လုပ်နေသည့် ၁၇ထပ်ခွဲရှိ မဟာနဝရတ်တာဝါကိုလည်း မြို့ပြနှင့် အိမ်ရာဦးစီးဌာနပိုင်မြေတွင် ဆောက်လုပ်လျက်ရှိသည်။

ယင်းတာဝါတွင် တစ်လွှာလျှင် လေးခန်းတွဲဖွဲ့စည်းထားပြီး အထပ် ၁၅ထပ်ပါရှိမည်ဖြစ်ကာ Basement နှစ်ထပ်နှင့် မြေညီထပ်တွင် ယာဉ်စီးရေ ၆ဝ ရပ်နားရန် ကားပါကင်ပါဝင်သည်။ဆောက်လုပ်မှုမှာ ၂ဝ ရာခိုင်နှုန်း ပြီးစီနေပြီဖြစ်သည်။

ယင်းအိမ်ရာ ရှိနေရာမှာ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က ပြည်တော်သစ်အိမ်ရာ စီမံကိန်းအဖြစ် ဆောက်လုပ်ခဲ့ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ငှားရမ်း နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ နှစ်ကာလ ကြာမြင့်လာသည် နှင့်အမျှ တိုက်ခန်းများမှာ ယိုယွင်းပျက်စီးလာ၍ မြို့ပြအင်္ဂါရပ်နှင့် ညီညွှတ်စေရန်ပြန်လည် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Credit : Myawaddy
မဟာနဝရတ်ကွန်ဒိုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ OWNER BOOK များပေးအပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service