တီးတိန်မြို့ရှိ ချင်းရိုးရာနေအိမ်နှင့် လူနေမှုဘဝများ ပြသထားသည့် ဥယျာဉ်သို့ လာရောက်လေ့လာသူ များပြား

တီးတိန်မြို့ရှိ ချင်းရိုးရာနေအိမ်နှင့် လူနေမှုဘဝများ ပြသထားသည့် ဥယျာဉ်သို့ လာရောက်လေ့လာသူ များပြား - Property News in Myanmar from iMyanmarHouse.com
6 Jun 2018 12:16 pm တွင် တင်ခဲ့သည်
3716 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ ရှောင်စောန်းစံပြကျေးရွာရှိ ချင်းရိုးရာနေအိမ်နှင့် လူနေမှုဘဝအား ပြသထားသည့်ဥယျာဉ်သို့ ပြည်တွင်းပြည်ပမှ နှစ်စဉ် လာရောက်လေ့လာသူဦးရေ ၅ဝဝ ခန့်ရှိနေပြီး စိတ်ဝင်စားလေ့လာသူ ပိုမိုများပြားလာကြောင်း ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းအသင်းတော်မှ သိရသည်။

အဆိုပါကျေးရွာကို ၂ဝ၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၆ဝ ရှိကာ လာရောက်လည်ပတ်သူများ လေ့လာနိုင်ရန် ချင်းရိုးရာနေထိုင်မှုဘဝတွင် နေ့စဉ် အသုံးပြုလေ့ရှိသည့် ပစ္စည်းများ စုံလင်စွာထည့်သွင်းထားသည့် ရိုးရာအိမ်တစ်လုံးကိုလည်း တည်ဆောက်ထားကြောင်း သိရသည်။

''ဒီရှောင်စောန်းစံပြကျေးရွာဥယျာဉ်မှာ လာရောက်လေ့လာသူတွေကို ကျွန်တော်တို့ ချင်းလူမျိုး ဘိုးဘွားတွေ ဘယ်လိုနေထိုင်ခဲ့ကြတယ်ဆိုတာ ပြသနိုင်ဖို့ ရိုးရာပစ္စည်းတွေ အစုံအလင် ထည့်သွင်းပြီး ရှေးခေတ်အိမ်တွေပုံစံအတိုင်း ဆောက်လုပ်ထားပါတယ်၊ ဒီရိုးရာအိမ်တွေကို ပေါင်ကျင့်ဟောက် ပါရှန်း ရှောင်စောန်းအသင်းတော်ကပဲ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်၊ ဒီကိုလာလည်တဲ့ ဧည့်သည်တွေ လေ့လာနိုင်ဖို့လုပ်ထားတာပါ၊ လာရောက်ကြတဲ့ ဧည့်သည်တွေကို အသင်းတော်ရဲ့ အမှုတော်ဆောင်တွေက လိုက်လံရှင်းပြပေးပါတယ်၊ ဝင်ကြေးကောက်ခံတာတွေ မရှိပါဘူး၊ နှစ်စဉ် လာရောက်လေ့လာသူ ပျမ်းမျှအယောက် ၅ဝဝ လောက်ရှိပါတယ်၊ ပြည်တွင်းအနယ်နယ်အရပ်ရပ်ကလာတဲ့သူနဲ့ ပြည်ပနိုင်ငံခြားသားတွေများတယ်၊ ဒီရွာမှာ စုစုပေါင်း အိမ်ခြေ ၆ဝ ကျော်လောက်ပဲရှိပါတယ်၊ အားလုံးက ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းဘာသာကို ယုံကြည်ကိုးကွယ်သူတွေဖြစ်ကြပါတယ်''ဟု ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းအသင်းတော်အမှုဆောင် ဒိမ်းဆွင်းပေါင် က ပြောသည်။

ရှောင်စောန်းစံပြကျေးရွာ၏ ထူးခြားချက်မှာ ဗြိတိသျှကိုလိုနီလက်ထက် မတိုင်မီက တီးတိန်မြို့မှ ချင်းစာပေ(ZotualLai)တီထွင်သူတစ်ဦးဖြစ်သည့် ပေါင်ကျင့်ဟောက်၏ ဘာသာရေးကို ယုံကြည်သက်ဝင်သူများ နေထိုင်ကြ ကြောင်း၊ ပေါင်ကျင့်ဟောက်အား ယင်း၏စာပေတီထွင်မှုနှင့် ဘာသာရေးအတွက် အိန္ဒိယဘုရင်ခံချုပ်Sr.Chemsfort က ၁၉၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စာပေတီထွင်သူနှင့် တမန်တော်မြတ်ကြီးအဖြစ် အသိအမှတ်ပြုဂုဏ်ပြုစလွယ် ချီးမြှင့်ခဲ့ကြောင်း၊ ရှောင်စောန်းစံပြကျေးရွာတွင် ရိုးရာအိမ်အပြင် ရိုးရာရက်ကန်း လုပ်ငန်း၊ ရိုးရာဝတ်စုံများ ပြောင်းလဲလာမှုကို အဆင့်ဆင့် ပြသထားသည့် ပြခန်းများလည်းရှိပြီး ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းဘာသာရေး အရ ဝတ်ပြုဆုတောင်းမှုများကို စိတ်ဝင်တစားလေ့လာသူများလည်း ရှိကြကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service