မူဆိုလီနီ၏ စံအိမ်တော်ကြီးများ

မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
28 May 2018 11:39 am တွင် တင်ခဲ့သည်
5199 ကြိမ် ကြည့်ရှု့ပြီး
မူဆိုလီနီ (Benito Amilcare Andrea Mussolini) သည် အီတလီနိုင်ငံ၏ (၄၀)ဦးမြောက် ၀န်ကြီး ချုပ် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း အီတလီ၏ အမျိုးသား ဖက်ဆစ်ပါတီကို ဦးဆောင်ခဲ့သူဖြစ်ပြီး အီတလီနိုင်ငံအတွင်း ဖက်ဆစ်မျိုးစေ့ ချပေးခဲ့သူလည်း ဖြစ်သည်။

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ်္ဘာစစ်အကြား ကမ္ဘာ တစ်လွှားတွင် အလွန်သြဇာကြီးခဲ့သော အီတလီအာဏာရှင် ဗင်နီတို မူဆိုလီနီ၏ အတ္ထုပ္ပတ္တိမှာ ထူးဆန်းအံ့သြဖွယ်ကောင်း လှသည်။

သူသည် အသက် (၄၀)မကျော်မီကပင် ကျောင်း ဆရာ၊ နွားသတ်သမား၏တပည့်၊ အုတ်စီသူ၏အကူ၊ သတင်းစာ ဆရာ၊ ပြင်သစ်ဘာသာပြန်ဆရာ၊ စစ်သား၊ ပါလီမန်အမတ်၊ တော်လှန်ရေးခေါင်းဆောင် အစရှိသဖြင့် အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ဖူးသည်။

မူဆိုလီနီသည် Fascism ခေါ်သော ဝေါဟာရကို ၁၉၁၉ ခုနှစ်အချိန်မှ စတင်သုံးစွဲခဲ့သော ဖက်ဆစ်ဝါဒီတစ်ဦး ဖြစ်သည်။

၁၉၂၂ ခုနှစ် အောက်တိုဘာလ (၃၁)ရက်မှ ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်အထိ နှစ်ပေါင်း ၂၀ ကျော်ကြာ အာဏာရှင်တစ်ဦးအဖြစ် အုပ်ချုပ်ခဲ့သူဖြစ်သည်။

မူဆိုလီနီကို ၁၈၈၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် အီတလီနိုင်ငံ မြောက်ပိုင်း Dovia di Predappio ဒိုဗီယာ ဒီပရီ ဒါပီယိုမြို့ကလေးတွင် မွေးဖွားသည်။

မူဆိုလီနီသည် ဖခင် အလက်ဇန်ဒရို မူဆိုလီနီသည် ပန်းပဲဆရာဖြစ်၍ မိခင်ဖြစ်သူမှာ ရှိဆာမှာ ကျောင်းဆရာမ ဖြစ်သည်။

မူဆိုလီနီ ငယ်စဉ်တွင် ဖခင်မှာ ၀င်ငွေနည်းပါးသော ကြောင့် မိခင်၏၀င်ငွေပေါ်မှာသာ မှီခိုခဲ့ကြရသည်။ မူဆိုလီနီ သည် ဉဏ်ကောင်းသူဖြစ်ပြီး အောက်ကြို့ခံလိုသော စိတ်မျိုး မရှိချေ။ အသက် (၁၈)နှစ်ခန့်တွင် ကျောင်းဆရာအဖြစ် လက်မှတ်ရရှိခဲ့သည်။

ဆရာအတတ်သင်ခဲ့သော်လည်း ပညာရေးတွင် စိတ် မ၀င်စားဘဲ နိုင်ငံရေးလုပ်ရန်သာ စိတ်ထက်သန်နေခဲ့သည်။ ကျောင်းဆရာအဖြစ် တစ်နှစ်ခန့်အလုပ်လုပ်ပြီးနောက် အခြား အလုပ်ရှာရန် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်သွားသည်။

ဆွစ်ဇာလန်တွင် ငတ်တစ်လှည့် ပြတ်တစ်လှည့်နှင့် အလုပ်အမျိုးမျိုးလုပ်ရင်း ပညာသင်ကြား၍ ဗဟုသုတရှာမှီး ခဲ့သည်။

သို့သော် တော်လှန်ရေးစိတ်၊ နိုင်ငံရေးစိတ် ပြင်းထန် သောကြောင့် ဆွစ်ဇာလန်အစိုးရက နယ်နှင်လိုက်သည်။ အီတလီသို့ ပြန်ရောက်သောအခါ စစ်တပ်သို့ ၀င်ရောက်အမှု ထမ်းသည်။ ဆိုရှယ်လစ်ပါတီတွင်လည်း အရေးပါသော ပါတီ ၀င် ဖြစ်လာသည်။

ကောလိပ်တွင် ပညာသင်ယူချိန်မှစကာ ဂျာမန် အတွေးအခေါ်ပညာရှင် ကားလ်မတ်စ်ုမေူ မြေထ ၏ နိုင်ငံ ရေး အယူဝါဒများကို လက်ခံလာခဲ့သည်။

၁၉၁၅ ခုနှစ် ပထမ ကမ်္ဘာစစ်ဖြစ်ချိန်တွင် အီတလီ ကို မဟာမိတ်တို့ဘက်မှ ပါဝင်တိုက်ခိုက်အောင် နှိုးဆော်ခဲ့သူ တစ်ဦး၊ ကိုယ်တိုင် သာမန်စစ်သားတစ်ဦးအဖြစ် အမှုထမ်းခဲ့ သူတစ်ဦးဖြစ်လာပါတယ်။ မူဆိုလီနီကို ထိုအချိန်က စစ်လိုလား သူ၊ ဖက်ဆစ်ဝါဒီတစ်ဦးလို့ အများစုက မမြင်ခဲ့ကြ။ ဖက်ဆစ် ၀ါဒကိုလည်း အန်္တရာယ်ဟု မသိမြင်ခဲ့ကြချေ။

တစ်ခါတွင် ထောင် (၁၀)ရက်မျှ အကျခံရ၍ ရဲတပ်ဖွဲ့ မှ မျက်ခြေမပြတ် လိုက်လံကြည့်ရှုခြင်းကိုပင် ခံခဲ့ရသေးသည်။ ၁၉၀၉ ခုနှစ်တွင်မူ မူဆိုလီနီသည် ထရင်တိုမြို့သို့သွားပြန် သည်။ ထရင်တိုမြို့တွင် သတင်းစာဆရာလုပ်ရင်း စာအုပ် စာတမ်းများ ရေးသားထုတ်ဝေခဲ့သည်။

၁၉၁၁ ခုနှစ်တွင် အလုပ်သမားများအား ဆူပူအောင် သွေးဆောင်မှုကြောင့် ထောင်ဒဏ် ၅ လ အပြစ်ပေးခြင်းခံရ သည်။

၁၉၁၂ ခုနှစ်တွင် လက်ဝဲခေါင်းဆောင်တစ်ဦးဟု အသိအမှတ်ပြုကြလေပြီ။ ၁၉၁၃ ခုနှစ်တွင် ယူတိုးပီးယား ခေါ် သတင်းစဉ်ကို တည်ထောင်သည်။ ထိုနှစ်မှာပင် ရေချယ် ဂီဒီနှင့် လက်ထပ်ခဲ့ရာ သားသမီး ၆ ယောက်ထွန်းကားလေသည်။

၁၉၂၂ ခုနှစ်တွင် ဖက်ဆစ်စနစ်ကို ကျင့်သုံးပြီး အာဏာသိမ်းကာ အာဏာရှင်တစ်ဦးဖြစ်လာခဲ့သည်။ သူ၏လုပ်ရပ်ကို အင်္ဂလိပ် ပြင်သစ်တို့က အားပေးအားမြှောက်ပြု ခဲ့ပြီး မဟာမိတ်စာချုပ်ချုပ်ဆိုခဲ့သည်အထိ အကောင်းမြင်ခဲ့ ကြသည်။

မူဆိုလီနီသည် ဖက်ဆစ်ဝါဒီတစ်ဦးဖြစ်သော်လည်း ဂီတနဲ့ အနုပညာကို ချစ်မြတ်နိုးသူဖြစ်၏။ ကမ္ဘာကျော် စာရေး ဆရာကြီးများဖြစ်ကြတဲ့ ဘားနစ်ရှော၊ တီအက်(စ်)အီလီရော့၊ အီဇာ ရာပွန်၊ ကဗျာစာဆိုယိက်(ခ်)တို့ကလည်း မူဆိုလီနီကို ချီးမွမ်းခဲ့ကြသည်။

ကမ်္ဘာကျော် နိုင်ငံရေးသမားကြီးများ ဖြစ်ကြသော ၀င်စတန်ချာချီ၊ ချိန်ဘာလိန်၊ မက်ဒေါနယ်၊ မဟတ္တမဂနီ်္ဂတို့ ကပင် မူဆိုလီနီကို လေးစားကြည်ညိုခဲ့ကြသည်ဟု ဆိုသည်။

မူဆိုလီနီဟာ တဂိုးရဲ့ ရှန်တိနိကေတန်ကျောင်းတော် ကြီးအတွက် အီတလီ ဂန္တ၀င်ဝတ္ထု ကြီးများကို ပေးလှူခဲ့ပြီး နာမည်ကျော် အီတာလျှံ၊ ဗုဒ္ဓကျမ်းစာပညာရှင် တုကျိကိုလည်း ခရီးသွားပါမောက္ခအဖြစ် ရှိန်တိနိကေတန်ကို စေလွှတ်ဖို့ သဘောတူညီခဲ့ပါတယ်။

မူဆိုလီနီ၏ စံအိမ်တော်များ
ဘင်နီတို မူဆိုလီနီ စံအိမ် (Villa Benito Mussolini)

Villa Benito Mussolini ကို ၁၈၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည်။ Rachele Mussolini က ၁၉၃၄ ခုနှစ် တွင် ၀ယ်ယူခဲ့ခြင်းဖြစ်၏။

အဆိုပါနှစ်ကာလများအတွင်း မူဆိုလီနီမိသားစု အတွက် နွေရာသီစံအိမ်တော်အဖြစ် အသုံးပြုခဲ့သည်။ မူဆို လီနီသည် ကမ္ဘာကျော် အကျော်အမော်များစွာကို ယင်းစံအိမ် ကြီးတွင် ဖိတ်ခေါ်ဧည့်ခံခဲ့ဖူးသည်ဟု ဆိုသည်။ ယနေ့ကာလ တွင်ကား Riccione မြို့အုပ်ချုပ်ရေးအဖွဲ့က ပြပွဲများနှင့် အခြား ပွဲလမ်းများ ကျင်းပနေရာအဖြစ် အသုံးပြုလျက်ရှိသည်။

+++ ကျေးလက်စံအိမ် (Villa Carpena) +++

(Villa Carpena) စံအိမ်ကြီးကို မူဆိုလီနီ၏ အမွေခံ များက ရောင်းချခဲ့ပြီးနောက်ပိုင်း ယခုအခါ ပြတိုက်ဖြစ်လာ သည်။ Villa Carpena
ကို နေအိမ်အတွင်းပါဝင်သည့် ပစ္စည်း အားလုံးနှင့် တစ်ပါတည်းရောင်းချခဲ့ခြင်းဖြစ်သည်။

မူဆိုလီနီအိပ်စက်ခဲ့သည့် ကုတင်နှင့် စာရေးစားပွဲ တို့ပင် ပါဝင်ခဲ့ပြီး အိမ်ခြံမြေ developer တို့ကို ယူရိုငွေ ၇၀၀၀၀၀ ခန့်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

Emilia Romagna နယ်မြေ င်္သမူင မြို့အနီးတွင် တည်ရှိပြီး ပထမကမ္ဘာစစ်ကြီးကတည်းက မူဆိုလီနီတို့မိသားစု ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။

Immobiliare Carpena အမည်ရှိ အဖွဲ့အစည်းတစ်ခု က ၀ယ်ယူသွားခဲ့ခြင်းဖြစ်ပြီး Villa Carpena ကို ၀ယ်ယူရန် သီးသန့်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ဝယ်ယူသွားသူတို့မှာ ဖက်ဆစ်ဝါဒအပေါ် ယုံကြည်သူ များမဟုတ်သော်လည်း ထိုခေတ်၏ သမိုင်းကြောင်း အထိမ်း အမှတ်တို့ကို အလွန်စိတ်ဝင်စားသော စီးပွားရေးလုပ်ငန်းရှင် များ ဖြစ်ကြသည်။

၎င်းတို့က စံအိမ်ကြီးကို အောက်မေ့ဖွယ်အထိမ်းအမှတ် နေအိမ်အဖြစ် အများပြည်သူသို့ ပြသသွားရန် စီစဉ်ခဲ့ပြီး ပညာ ရှင်များအား မူဆိုလီနီ၏ စာအုပ်စာတမ်းများ လေ့လာခွင့်ပြု ခဲ့သည်။

မူဆိုလီနီသည် စံအိမ်ကြီးရှိ ရှုခင်းကြည့်အဆောက်အအုံ လေးတွင် အေးအေးလူလူထိုင်ကာ သတင်းစာဖတ်နေစဉ် ဇနီး ဖြစ် Donna Rachaele က မီးဖိုဆောင်အတွင်း မုန့်တစ်ခုခု လုပ်နေခြင်းမျိုး ပြုလုပ်ခဲ့ကြဖွယ်ရှိသည်။

အငယ်ဆုံး ရင်သွေးများဖြစ်ကြသော Romano နှင့် Anna Maria တို့ကို အဆိုပါစံအိမ်ကြီးတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

နောင်အခါတွင်မူ ယင်းစံအိမ်သည် မူဆိုလီနီခေတ် ၏ ပြယုဂ်အထိမ်းအမှတ်တစ်ခု ဖြစ်လာသည်။

၁၉၄၅ ခုနှစ်တွင် မူဆိုလီနီ သေဆုံးခဲ့ပြီးနောက်ပိုင်း ဇနီးဖြစ်သူ ဆက်လက်နေထိုင်ခဲ့သည်။

အကြီးဆုံးသားဖြစ်သူ Vittorio သည်လည်း ကွယ်လွန် ချိန် ၁၉၉၇ ခုနှစ်အထိ ယင်းစံအိမ်ကြီးတွင် နေထိုင်သွားခဲ့သည်။

ထူးခြားသည်မှာ စံအိမ်၏တည်နေရာသည် မူဆိုလီနီ မွေးဖွားခဲ့သည့် Predappio နှင့် နီးကပ်စွာတည်ရှိခြင်းဖြစ်ပြီး ၎င်းင်း၏ရုပ်အလောင်းကိုလည်း ဇာတိမြေတွင်ပင် မြှုပ်နှံခဲ့သည်။

ယင်းမြို့ကလေးသည် ဖက်ဆစ်အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်များဖြင့် ပြည့်နှက်နေပြီး နှစ်စဉ် ဧပြီလ ၂၈ ရက်သို့ရောက်တိုင်း မူဆိုလီနီ ကျဆုံးသည့်အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရန်အတွက် ဖက်ဆစ်ဝါဒ ကို ယုံကြည်သူများစွာ ယင်းမြို့လေးသို့ စုရုံးရောက်ရှိလာလေ့ ရှိကြသည်။

+++ ဂရိနိုင်ငံရှိ ( Rhodes villa ) +++

ဂရိနိုင်ငံရှိ Villa De Vecchi ကို ဖက်ဆစ်အာဏာ ရှင် မူဆိုလီနီနေထိုင်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သော် လည်း ယင်းစံအိမ်သို့ မရောက်ဖူးသေးချိန်တွင်ပင် မူဆိုလီနီမှာ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရခြင်း ဖြစ်သည်။

မြေထဲပင်လယ်အတွင်းရ Rhodes ကျွန်းပေါ်တွင် မူဆိုလီနီနေထိုင်ရန် ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီးမှာ နောက် ပိုင်းတွင် ဂရိအစိုးရက ကြွေးမြီများပေးဆပ်ရေးအတွက် ဘဏ္ဍာ ငွေရှာသည့်အနေဖြင့် နှစ် ၅၀ အငှားချထားခဲ့သည်။

Villa De Vecchi ကို ကျွန်းသစ်၊ ကျောက်တုံးတို့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် မြို့စားကြီး Cesare De Vecchi က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

Cesare De Vecchi သည် မူဆိုလီနီ အထူးယုံကြည် ရသူများတွင် တစ်ဦးအပါအ၀င်ဖြစ်သောကြောင့် ၎င်း Dodecanese ကျွန်းစုများ၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

Dodecanese ကျွန်းစုကို အော်တိုမင်အင်ပါယာထံ မှ အီတလီက ၁၉၁၂ ခုနှစ်တွင် ပြန်လည်သိမ်းယူထားခဲ့ခြင်း ဖြစ်သည်။

မူဆိုလီနီသည် ရောမအင်ပါယာသစ်ကြီးကို တည် ထောင်ရန် ရည်မှန်းခဲ့ရာတွင် Rhodes ကျွန်းမှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်။

မူဆိုလီနီက Rhodes ကျွန်းကို ရေတပ်အခြေစိုက်စခန်း တစ်ခုအဖြစ် အသုံးပြုကာ ထိုမှတဆင့် အီတလီ၏ သြဇာအာဏာ ကို ဖြန့်ကျက်ရန် ရည်မှန်းခဲ့သော်လည်း Rhodes ကျွန်းရ Villa De Vecchi စံအိမ်ကြီးတွင် ခြေချမသွားခဲ့ရချေ။

Rhodes ကျွန်းသည် အလယ်ခေတ်တွင် မာလ်တာ သူရဲကောင်းများ ပိုင်ဆိုင်ခဲ့သည့်နေရာလည်း ဖြစ်သည်။

မူဆိုလီနီက အလွန်သာယာလှပသည့်ယင်းကျွန်းပေါ် တွင် ဘ၀၏နောက်ဆုံးအချိန်ကာလများကို ဖြတ်သန်းကာ အေးအေးလူလူ နေထိုင်သွားရန် စိတ်ကူးခဲ့သော်လည်း သူ၏စိတ်ကူး လက်တွေ့အကောင်အထည်ပေါ်လာခဲ့ခြင်း မရှိချေ။

ဒုတိယကမ်္ဘာစစ်ကြီး ပြီးလုဆဲအချိန်တွင် အီတလီ မြောက်ပိုင်းမှတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ပြေးရန် ပြင် ဆင်နေချိန်၌ တော်လှန်ရေးပြောက်ကျားတို့၏ ပစ်ခတ်သတ် ဖြတ်ခြင်းခံခဲ့ရကာ ဓာတ်ဆီဆိုင်တစ်ခုတွင် အများပြည်သူများကို ပြသထားခြင်း ခံခဲ့ရသည်။

ယနေ့ကာလများတွင်ကား အီတလီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ Rhodes ကျွန်း၏ ကုန်းမြင့်တစ်နေရာတွင် ရှိပြီး ဗနါနညေ ပင်လယ်၏ ကျယ်ပြောသည့်မြင်ကွင်းများကို ရှုမြင်နိုင်သော စံအိမ်ကြီးမှာ ယိုယွင်းပျက်စီးနေပြီဖြစ်ပြီး ယခင် ရွှေထီးဆောင်းစဉ်ကာလများကို ထင်ဟပ်နိုင်သည့်ပုံရိပ် အနည်း ငယ်သာ ကျန်ရှိတော့သည်။

သင်္ဘောဆေးတို့မှာ နံရံမှ ကွာကျလျက်ရှိပြီး ဟောင်း နွမ်းယိုယွင်းနေကာ ဂရပ်ဖစ်ပုံများ၊ ရေညှိများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။

““မူဆိုလီနီဟာ သူ့ရဲူ့ငာသကျငညန ကားကြီးနဲ့ သွားလာ လေ့ရှိပြီး သူလာတယ်လို့ ကြေညာသံထွက်လာတာနဲ့ တပြိုင် တည်း တခြားမော်တော်ယာဉ်တွေအားလုံး ရပ်တန့်ပေးရပါ တယ်။ မလိုက်နာသူတွေဟာ ထောင်သွင်းအကျဉ်းချခံရမှာပါ။ ပြည်သူတွေဟာ အိမ်ပြင်ထွက်၊ သတိဆွဲပြီး သူဖြတ်သန်းနေချိန်မှာ ဖက်ဆစ်အလေးပြုနည်းနဲ့ အလေးပြုနေရပါတယ်””ဟု သမိုင်း ပညာရှင် ဒင်းနစ် မက်ခ် စမစ်က မူဆိုလီနီ၏ ရောမအင်ပါယာ 'Mussolinis ßGoman Empire' အမည်ရှိစာအုပ်အတွင်း ရေး သားဖော်ပြခဲ့ဖူးသည်။

Dodecanese ကျွန်းစုသည် အီတလီ၏ ကိုလိုနီ အင်ပါယာတွင် အစောဆုံးပါဝင်ခဲ့သည့်ဒေသများတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး နောက်ပိုင်းတွင် အီတလီအင်ပါယာသည် လစ်ဗျား၊ ဆိုမာလီယာနှင့် အီရီထရီးယားတို့သို့ ဖြန့်ကျက် သွားခဲ့သည်။

ဂရိအစိုးရသည် ဥရောပသမဂ်္ဂနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့များသို့ အကြွေး ယူရိုဘီလီယံပေါင်းများစွာ ပေးဆပ်ရန်ရှိရာ အဆောက်အအုံထောင်ပေါင်းများစွာကို ရောင်းချခြင်း၊ အငှားချထားခြင်းများ ပြုလုပ်လျက်ရှိရာတွင် ယခုစံအိမ်ကြီးလည်း ပါဝင်ခဲ့သည်။

အများပြည်သူပိုင် အဆောက်အအုံများ၊ သမိုင်းဝင် နေရာများကို ရောင်းချနေခြင်းအပေါ် ပြည်သူများက အမျက် ထွက်ကာ အေသင်မြို့တွင် ဆန်္ဒပြမှုများလည်း ကြီးမားစွာ ပေါ် ပေါက်ခဲ့သည်။

+++ ရောမရှိ Villa Torlonia +++

ရောမတွင်လည်း မူဆိုလီနီ၏ စံအိမ်ကြီးတစ်လုံးရှိပြီး Villa Torlonia ဟု အမည်ရသည်။

နှစ်ပေါင်း ၆၀ ကျော် လူသူကင်းမဲ့ခဲ့ကာ စွန့်ပစ်ခံထား ရပြီးနောက် ပန်းချီပြတိုက်အဖြစ် အသုံးပြုထားသည်။

မူဆိုလီနီနှင့် မိသားစုနေထိုင်ခဲ့သော Villa Torlonia သည် ယနေ့အခါတွင် RGoman School of romanticism ကျောင်းထွက် ပန်းချီကျော်များ၏ လက်ရာများ စုစည်းပြသ ထားရာ နေရာတစ်ခု ဖြစ်လာသည်။

Villa Torlonia ကို ဗိသုကာပညာရှင် Giuseppe Valadier က ၁၈၀၂ ခုနှစ်မှ ၁၈၀၆ ခုနှစ်အတွင်း ဒီဇိုင်းရေးဆွဲ ပေးခဲ့ပြီး ဘဏ်လုပ်ငန်းရှင်၊ မြေရှင်ကြီးတစ်ဦးဖြစ်သူ မင်းသား Giovanni Torlonia နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

မူဆိုလီနီက ၁၉၂၅ ခုနှစ်တွင် သိမ်းယူလိုက်ပြီး မင်းသား၏ အနွယ်တော်များကို အိမ်ငှားခအဖြစ် တစ်နှစ်လျှင် အီတလီငွေ ၁ လိုင်ရာသာ ပေးခဲ့ပြီး ဇနီး Rachele၊ သားသမီးများနှင့် ပြောင်း ရွှေ့ နေထိုင်ခဲ့၏။

မူဆိုလီနီက သူ၏ရုံးချုပ်အဖြစ် အခြေချနေထိုင်ခဲ့ပြီး ခြံဝန်းအတွင်း တင်းနစ်ကစားခြင်း၊ ခြံနောက်ဘက်တွင် မြင်းစီး ခြင်းများ ပြုလုပ်ခဲ့သည်။

ဒုတိယကမ်္ဘာစစ်ကြီးအတွင်း ၁၉၄၄ ခုနှစ်တွင် ဗြိတိသျှနှင့် အမေရိကန်တပ်များက Villa Torlonia ကို စီးနင်း သိမ်းပိုက်လိုက်ကြသည်။

နောင် ၃ နှစ်အကြာ မဟာမိတ်တပ်များထွက်ခွာသွား ချိန်တွင် အဆောက်အအုံကြီးမှာ ပျက်စီးယိုယွင်းသွားခဲ့သည်။

၁၉၇၇ ခုနှစ်တွင်ကား ရောမမြို့တော်ကောင်စီက ၀ယ်ယူလိုက်ပြီး ပန်းဥယျာဉ်များကို အများပြည်သူပန်းခြံအဖြစ် ဖွင့်လှစ်ပေးခဲ့သော်လည်း စံအိမ်ကြီးကိုမူ ဆက်လက်ပိတ်သိမ်း ထားခဲ့ကာ လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်ကမှ ပြုပြင်မွမ်းမံမှု များ ပြန်လည်ပြုလုပ်ခဲ့သည်။

ခြံဝန်းအရွယ်အစားကျယ်ဝန်းသော်လည်း နေအိမ်မှာ မူ ပရိဘောဂအနည်းငယ်သာရှိပြီး ရေချိုးခန်းမှာလည်း တစ်ခန်း တည်းသာ ပါဝင်ခြင်းကြောင့် အလွန်ကျဉ်းကျပ်သည့်နေအိမ် သာဖြစ်ကြောင်း မူဆိုလီနီ၏ သားဖြစ်သူ ရိုမာနို Romano က ပြောကြားခဲ့ဖူးသည်။

ရိုမာနိုသည် စာရေးဆရာတစ်ဦးဖြစ်သည့်နည်းတူ ဂျာ့ဇ်ဂီတပညာရှင်တစ်ဦးလည်း ဖြစ်၏။

ဖခင်ဖြစ်သူက မိသားစုကို အစားအစာ စားသောက်ကြ ရန် ခေါ်ယူလိုက်ကြချိန်တွင် မိမိတို့ ညီအစ်ကိုမောင်နှမတစ်စု က ကျောင်းတွင်တစ်နေ့စာသင်ကြားလိုက်သည့် ကျောင်းသင်ခန်း စာများကို အလုအယက် ၀ိုင်းဝန်းပြောကြားခဲ့ကြသည်များမှာ အလွန်ပျော်ရွှင်ဖွယ် ကောင်းခဲ့ကြောင်း ရိုမာနိုက လွမ်းဆွတ်တသ စွာ ပြောကြားခဲ့ဖူးသည်။

ရိုမာနိုက ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ညဘက် တွင် ဖြစ်ပျက်ခဲ့သည့် မမေ့နိုင်ဖွယ်ရာ ဖြစ်ရပ်တစ်ခုကိုလည်း ပြန်လည်ပြောပြခဲ့သည်။

ထိုအချိန်ကာလတွင် အီတလီစစ်ရှုံးနေပြီဖြစ်သည်။
““အဖေက ညဘက် (နံနက်) ၄ နာရီလောက်မှာ အိမ်ပြန်လာ တယ်။ အမေက အဖေ့ကို “ရှင် သူတို့အားလုံးကို ဖမ်းထားပြီး လောက်ပြီထင်တယ်နော်”လို့ ပြောတော့ အဖေက “ငါ..မနက်ဖြန် လုပ်လိုက်ပါမယ်”တဲ့။ အမေက “မနက်ဖြန်ဆိုတာ သိပ်ကို နောက် ကျသွားနိုင်တယ်နော်”လို့ပြောတော့ အဖေက ဘာမှပြန်မပြော ဘဲ အိပ်ရာဝင်သွားတယ်။ နောက်နေ့မနက် ရောမမှာပဲရှိတဲ့ Palazzo Venezia စံအိမ်ကို သူသွားတယ်။ မွန်းလွဲပိုင်းရောက် တော့ အဖမ်းခံလိုက်ရပါတော့တယ်””

ထိုမနက်တွင်ပင် ဘုရင် Vittorio Emanuele III က မူဆိုလီနီ၏ အာဏာကို ပြန်လည်ရုပ်သိမ်းလိုက်၏။

မူဆိုလီနီကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် Abruzzo တွင် တစ်ဦးတည်း သီးခြားထိန်းသိမ်းထားခဲ့သည်။

နောင်လအတန်ကြာတွင် ဂျာမန်တပ်များက ကယ်တင် ခဲ့ပြီး အခြားတစ်နေရာရှိ စံအိမ်ကြီးတစ်ခုတွင် နာဇီတပ်တို့၏ အကာအကွယ်ဖြင့် နေထိုင်ခဲ့သည်။

ယင်းနောက် ၁၉၄၅ ခုနှစ်တွင် ဆွစ်ဇာလန်သို့ ထွက်ပြေးရန် စီစဉ်ချိန်၌ တော်လှန်ရေးပျောက်ကြားတို့က ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

+++ မူဆိုလီနီ နောက်ဆုံးနေထိုင်ခဲ့သော ရောမရှိ လျှို့ဝှက် မြေ အောက်ဗုံးခိုကျင်း +++

ရောမမြို့တော်ရှိ Palazzo Venezia စံအိမ်ကြီးကို ဆောက်လုပ်ရေးလုပ်သားများက ပြုပြင်မွမ်းမံမှုများ ပြုလုပ်စဉ် တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်အာဏာရှင် မူဆို လီနီဆောက်လုပ်ခဲ့သည့် လျှို့ဝှက်ဗုံးခိုကျင်းကြီးတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။

မူဆိုလီနီသည် ရောမတွင် ဗုံးခိုကျင်း ၁၂ ခု တူးဖော် ဆောက်လုပ်ခဲ့သည့်အနက် ယခုတွေ့ရှိသည်မှာ ၁၂ ခုမြောက် နှင့် နောက်ဆုံးတူးဖော်ခဲ့သည့် ဗုံးခိုကျင်းလည်း ဖြစ်ကာ အပြီး သတ်ဆောက်လုပ်နိုင်ခြင်း မရှိခဲ့ချေ။

ဤဗုံးခိုကျင်းကြီးရှိနေသည်ကို ယခင်က မည်သူတစ်ဦး တစ်ယောက်မှ မရိပ်မိခဲ့ကြ။

Palazzo Veneziaa စံအိမ်ကြီးကို မူဆိုလီနီက သူ၏ရုံး ခန်းအဖြစ် အသုံးပြုခဲ့ဖူးပြီး လသာဆောင်မှတစ်ဆင့် ကြွေးကြော် နေသည့် လူအုပ်ကြီးကို မိန့်ခွန်းများ ပြောကြားခဲ့ဖူးသည်။

ယခုအခါတွင်မူ National Museum of the Palazzo အမည်ဖြင့် ပြတိုက်ဖွင့်လှစ်ထားပြီ ဖြစ်သည်။

မူဆိုလီနီ၏ နောက်ဆုံးလျှို့ဝှက်မြေအောက်ဗုံးခိုစခန်း ကြီးကို ရှာဖွေတွေ့ရှိခဲ့ပုံမှာ ဤသို့ ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် Palazzo ၌ ရုံးစိုက်သော အစိုးရ ဌာနတစ်ခုက Palazzo Venezia စံအိမ်၏ ကုန်လှောင်ခန်းငယ် တစ်ခုကို ပြခန်းနေရာအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ကြ၏။ သို့ဖြင့် အခန်းတွင်းရှိ သေတ်္တာဟောင်းများကို ရှင်းလင်းဖယ်ရှား ရင်း နံရံငယ်တစ်ခုကို ဖယ်ရှားလိုက်ကြရာ ကြမ်းပြင်တွင် သစ်သားတံခါးတစ်ခုကို တွေ့ရှိလိုက်ကြရသည်။

အဆိုပါ တံခါးကို ဖွင့်လိုက်ရာတွင် မြေအောက် မီတာ ၂၀ ( ၆၆ ပေခန့်) အနက်အထိ ဦးတည်သွားသော အနီရောင် အုတ်လှေကားထစ်များကို တွေ့ကြရ၏။

မွမ်းမံမှုလုပ်ငန်းများကို ကြီးကြပ်သူ ဗိသုကာပညာ ရှင် Carlo Serafini နှင့် Anna Imponente တို့ ပထမဆုံး ၀င်ရောက်စစ်ဆေး ကြည့်ရှုခဲ့ကြသည်။

အောက်ခြေသို့ ရောက်သောအခါ ရှေးဟောင်းရောမ ခေတ် မြေတိုက်ခန်းဟန် ဆောက်လုပ်ထားသော လမ်းသွယ် တစ်ခုကို တွေ့လိုက်ရသည်။ နံရံတွင် ရှေးဟောင်းရောမခေတ် ရုပ်လုံးဖော်ပန်းချီတစ်ခုပင် တွေ့ကြရသည်။ မြေအောက်လမ်းမှာ ကွန်ကရစ်ခန်းမတစ်ခုဆီသို့ ဦးတည်သွား၏။

အဆိုပါခန်းမမှာမူ မူလတွေ့ခဲ့သည့်ရောမခေတ်ဟန် နှင့် လုံးဝကွဲပြားသွားကာ မော်ဒန်စတိုင်ဖြစ်သွားသည်။ ခန်းမ အကျယ်မှာ စတုရန်းမီတာ ၈၀ (စတုရန်းပေ ၈၆၀)ခန့် ကျယ်ဝန်း ပြီး အခန်း ၉ ခန်းကို စက်ဝိုင်းသဏ္ဌာန် ၀န်းပတ် ဆောက်လုပ် ထား၏။

နံရံများမှာ စတီးချောင်းများ မြှုပ်သွင်းထားသည့် ကွန်ကရစ်နံရံများဖြစ်ပြီး အထူမှာ အနည်းဆုံး တစ်မီတာ ( ၃ ဒသမ ၃ ပေ) ခန့်အထိ ရှိသည်။

သို့အတွက် မူဆိုလီနီ၏ လျှို့ ဝှက်ဗုံးခိုကျင်းဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ Palazzo Venezia စံအိမ်မှာ မူဆိုလီနီ ၏ စံအိမ်မဟုတ်ပါလော။

ဆောက်လုပ်ထားသည့် လက်ရာမှာ အပြစ်ဆိုဖွယ် တစ်ကွက်မရှိချေ။ ယခင်ရှိပြီးဖြစ်သည့် ဖွဲ့စည်းမှုဖြစ်သော ၁၅ ရာစု နှစ်ဖောင်ဒေးရှင်းတွင် ထူထဲလှသည့်နံရံများ ထပ်မံကာရံ ထားခြင်းကြောင့် ဗုံးဒဏ်ခံနိုင်စွမ်းရှိသည်ကား သေချာလှသည်။

လေ၀င်လေထွက်စနစ်လည်း အလွန်ကောင်းမွန်လှပြီး နှစ်ပေါင်း ၈၀ ကျော် ပိတ်ထားကာ လူသူအ၀င်အထွက်မရှိခဲ့ သည့်တိုင် လေထုစိုထိုင်းနေခြင်း လုံးဝမရှိ။

မြေအောက်ခန်းအတွင်း ခြောက်သွေ့နေပြီး လေထုမှာ သန့်ရှင်းနေ၏။ မူဆိုလီနီက သူ၏ချစ်သူ ကလာရာ ပီတက်စီ Clara Petacci နှင့်အတူ ပုန်းခိုရန် စီစဉ်ခဲ့ဟန်ရှိသည်။

သို့ရာတွင် အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ခြင်းမရှိချေ။ မိလ္လာစနစ်ထည့်သွင်းရန် စီစဉ်ခဲ့ပုံရသော ပိုက်လိုင်းများ တွေ့ရ သော်လည်း အဆိုပါစနစ်တပ်ဆင်ထားခြင်းကိုမူ မတွေ့ရချေ။

မူဆိုလီနီ၏ အခြားဗုံးခိုကျင်းတစ်ခု တည်ရှိရာ Vittorio Emanuele အထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ဦးတည်သွား သည့် လမ်းငယ်တစ်ခု တွေ့ရသော်လည်း ယင်းဗုံးခိုကျင်းအထိ ဆက်သွယ်နိုင်ခဲ့ခြင်းကား မရှိ။

၁၉၄၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် မူဆိုလီနီ ဖမ်းဆီးခံလိုက်ရပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်းလိုက်ရဟန်ရှိသည်။

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
မူဆိုလီနီ၏ စံအိမ်တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service