ပဲခူးတိုင်းမှ ကုမ္ပဏီအများစု ဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအတွက် မှတ်ပုံတင်မှုများ

ပဲခူးတိုင်းမှ ကုမ္ပဏီအများစု ဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအတွက် မှတ်ပုံတင်မှုများ - Property News in Myanmar from iMyanmarHouse.com
23 May 2018 10:58 am တွင် တင်ခဲ့သည်
3165 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ပဲခူးတိုင်းဒေသကြီးရုံးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇–၂၀၁၈ ဘဏ္ဍာနှစ်အထိ မြန်မာကုမ္ပဏီ ၉၀၊ နိုင်ငံခြားကုမ္ပဏီတစ်ခုတို့ကို ဖွဲ့စည်းမှတ်ပုံတင်ပေးခဲ့ပြီး ဆောက် လုပ်ရေးလုပ်ငန်းနှင့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီ ထောင်ထားသူပိုများကြောင်း သိရသည်။

+++ အဓိကထား +++

"ဧပြီလစာရင်းအရ ၉၁ ခုရှိတယ်။ မေလဝက်လောက်အတွင်း မှာ လေးခုမှတ်ပုံတင်လာတာရှိတယ်။ ဆောက်လုပ်ရေးနဲ့ ရောင်းဝယ် ရေးအတွက် အဓိကထား မှတ်ပုံတင်ထားကြတယ်"ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၁၉၈၈–၁၉၈၉ မှစတင်ကာ ယနေ့ အချိန်အထိ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၈ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၈၃ ဒသမ ဝ၆၆ သန်းရရှိထားကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံ မှုစုစုပေါင်း ငွေကျပ် ၉၄၄၇၇၄ ဒသမ ၆၇၅ သန်းရှိကြောင်း သိရသည်။

+++ လာရောက်ဆွေးနွေးနိုင် +++

"ဥပဒေ၊ နည်းဥပဒေတွေကို ရှင်းလင်းရခြင်းအကြောင်းက ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းလာရောက်လုပ်ကိုင်သူများလုပ်ငန်းစဉ်တွေ လွယ်ကူ စေဖို့နဲ့ လေးစားလိုက်နာနိုင်ဖို့ လိုတယ်။ ရုံးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီးတော့ ဆွေးနွေးနိုင်သလို ကုမ္ပဏီလုပ်ငန်းတွေနဲ့ ပတ်သက် ရင်လည်း အကြံပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး DICA ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပြော ဆိုသည်။

ပဲခူးတိုင်းဒေသကြီး DICA ညွှန်ကြားမှုဦးစီးဌာနတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် စက်ရုံလုပ်ငန်းများ လုပ်ကိုင်ရန်အဓိကထားလုပ် ဆောင်နေပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် မိသားစုပိုင် အထွေထွေလုပ်ငန်းများဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုပိုများကြောင်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service