သြစတေးလျနိုင်ငံတွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သူ၏နေအိမ်ကို အခမဲ့ပေးမည်ဖြစ်ပြီး လာမည့် ၃ လအတွင်း နောက်ဆုံးထားဆက်သွယ်ရမည်ဟု ကြေညာ

သြစတေးလျနိုင်ငံတွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သူ၏နေအိမ်ကို အခမဲ့ပေးမည်ဖြစ်ပြီး လာမည့် ၃ လအတွင်း နောက်ဆုံးထားဆက်သွယ်ရမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
22 May 2018 11:08 am တွင် တင်ခဲ့သည်
3651 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံတွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သူ၏နေအိမ်ကို အခမဲ့ပေးမည်ဖြစ်ပြီး လာမည့် ၃ လအတွင်း နောက်ဆုံးထားဆက်သွယ်ရမည်ဟု ကြေညာလိုက်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်ရှိသည့်နေရာမှာ သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၏ ကမ်းရိုးတန်းမြို့တစ်ခုဖြစ်သော ဂိုးကို့စ်မြို့တွင် တည်ရှိပြီး ကွင်းစလန်ပြည်နယ်၏မြို့တော် ဘရစ္စဘိန်း အရှေ့တောင်ဘက် ၄၁ မိုင်အကွာတွင် ဖြစ်သည်။

နေအိမ်မှာ ဂိုးကို့စ်မြို့လယ် စီးပွားရေးအချက်အခြာဒေသဖြစ်သော Southport အရပ်တွင် တည်ရှိခြင်း ဖြစ်သည်။

နေအိမ်ကို အခမဲ့ပေးမည်ဆိုသော်လည်း ယခုကမ်းလှမ်းမှုတွင် မြေမပါဝင်ဘဲ နေအိမ်သက်သက်သာ ဖြစ်သည်။

နေအိမ်မှာ ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ထားခြင်းဖြစ်ပြီး အုတ်နှင့် weatherboard တို့ဖြင့် ဆောက်လုပ်ထားကာ ရယူမည့်သူအနေဖြင့် ဖျက်သိမ်းခြင်းမပြုဘဲ ရွှေ့ပြောင်းကာ ရယူရမည် ဖြစ်သည်။

ဂိုးကို့စ်မြို့၊ ဂျွန်စတန်လမ်း၊ အမှတ် ၈၆ တွင်တည်ရှိသော အဆိုပါနေအိမ်တွင် ပက်ထရစ်ရှာ ဟန်းရစ်ခ်ဆန်ဆိုသည့် အမျိုးသမီးကြီးသည် မွေးဖွားချိန် ၁၉၃၅ ခုနှစ်မှစတင်ကာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း လေလံတင်ရောင်းချခဲ့ချိန်အထိ နေထိုင်သွားခဲ့သည်။

MCM Property Developments ကုမ္ပဏီမှ မိုက်ကယ် အဲလစ်နှင့် ကင်မရွန် ရိဒ်တို့က သြစတေးလျဒေါ်လာ ၈၈၀၀၀၀ ဖြင့် လေလံဆွဲ ဝယ်ယူခဲ့ပြီး ၃ ထပ်အဆောက်အအုံအဖြစ် ပြန်လည်ဆောက်လုပ်ရန် ရည်မှန်းခဲ့သည်။

ဝယ်ယူပြီးနောက်ပိုင်း မူလနေအိမ်ကို ဖြိုဖျက်ရန် ဆုတ်ဆိုင်းနေခဲ့ကြပြီး မူရင်းနေအိမ်ပိုင်ရှင် မစ္စက် ဟန်းရစ်ခ်ဆန် ယခုလအစောပိုင်းတွင် ကွယ်လွန်သွားပြီးနောက်ပိုင်းတွင်ကား ဖျက်သိမ်းမည့်စိတ်ကူးအားလုံးကို ရပ်ဆိုင်းလိုက်တော့သည်။

မစ္စတာ အဲလစ်က အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း ၁ ခန်းပါသည့် ယခုနေအိမ်ကို မစ္စက် ဟန်းရစ်ခ်ဆန်မြတ်နိုးခဲ့သလိုမျိုး နှစ်သက်မြတ်နိုးမည့် မည်သူ့ကိုမဆို ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြန်လည်ပြောပြသည်။

မစ္စတာ အဲလစ်သည် Harcourts Broadbeach Mermaid Waters အိမ်ခြံမြေကုမ္ပဏီတွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသူ ဖြစ်သည်။

ရွှေ့ပြောင်းစရိတ်မှာ သြစတေးလျဒေါ်လာ ၁၅၀၀၀ မှ ၁၈၀၀၀ အကြား ကုန်ကျဖွယ်ရှိကြောင်းလည်း မစ္စတာအဲလစ်က ပြောကြားသည်။

“သူက ဓာတ်ပုံတွေ အများကြီးထားခဲ့ပါတယ်။ ဒါတွေကို ကြောင်အိမ်ထဲမှာ ရှာတွေ့ခဲ့တာပါ” ဟု မစ္စတာအဲလစ်က ဆိုသည်။

မစ္စတာ အဲလစ်သည် မစ္စက် ဟန်းရစ်ခ်ဆန်၏ မိသားစုဝင်များနှင့်လည်း သိကျွမ်းပြီး အဆိုပါဓာတ်ပုံများကို မဲလ်ဘုန်းရှိ ဟန်းရစ်ခ်ဆင်၏တူမဖြစ်သူထံ ပို့ပေးခဲ့သေးသည်။

“ဒီအိမ်က ဖြိုချပစ်မယ့်အစား တစ်ယောက်ယောက်ရယူသွားတာက တကယ်ကောင်းပါလိမ့်မယ်။ ဖြိုချပစ်တာကို စောင့်ကြည့်ရမှာက နာကျင်စရာပါပဲ။ မိဘတွေနေထိုင်ဖို့ နေရာလိုအပ်နေပြီး ငွေပိုလည်း အတော်အတန်ရှိသူတွေအတွက် ဒါက အခွင့်အလမ်းကောင်းတစ်ခုပါ။ လာမယ့် ၂ လ၊ ၃ လအတွင်း ယူမယ့်သူမရှိရင်တော့ ကံမကောင်းစွာနဲ့ပဲ ဒီအိမ်က ဖြိုချခံရတော့မှာပါ” ဟုလည်း မစ္စတာ အဲလစ်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျနိုင်ငံတွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သူ၏နေအိမ်ကို အခမဲ့ပေးမည်ဖြစ်ပြီး လာမည့် ၃ လအတွင်း နောက်ဆုံးထားဆက်သွယ်ရမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သူ၏နေအိမ်ကို အခမဲ့ပေးမည်ဖြစ်ပြီး လာမည့် ၃ လအတွင်း နောက်ဆုံးထားဆက်သွယ်ရမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သူ၏နေအိမ်ကို အခမဲ့ပေးမည်ဖြစ်ပြီး လာမည့် ၃ လအတွင်း နောက်ဆုံးထားဆက်သွယ်ရမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service