ဒုတိယသုံးလပတ်တွင် တရုတ်စီးပွားရေး ၆ ဒသမ ၇ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးနိုင်

ဒုတိယသုံးလပတ်တွင် တရုတ်စီးပွားရေး ၆ ဒသမ ၇ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးနိုင် - Property News in Myanmar from iMyanmarHouse.com
21 May 2018 10:13 am တွင် တင်ခဲ့သည်
1947 ကြိမ် ကြည့်ရှု့ပြီး
တရုတ်၏ စီးပွားရေးသည် ယခုနှစ် ဒုတိယသုံးလပတ် (၂၀၁၈ ဧပြီ၊ မေနှင့် ဇွန်) တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းဝန်းကျင် ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း တရုတ်နိုင်ငံ ပြန်ကြားရေး ဗဟိုဌာန (SIC) က နိုင်ငံပိုင်ဂျာနယ် China Securities တွင် ပြီးခဲ့သည့်စနေ (မေ ၁၉) ၌ ဖော်ပြခဲ့သည်။

၎င်းဂျီဒီပီခန့်မှန်းချက်ရာခိုင်နှုန်းသည် ပထမသုံးလပတ်တွင် ဖွံ့ဖြိုးခဲ့သည့်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းအောက် အနည်းငယ်နှေးကွေးကျဆင်းခဲ့သည်။ SIC သည် နိုင်ငံ့ထိပ်တန်းစီးပွားရေးရာစီမံရေးအေဂျင်စီဖြစ်သော တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်အောက်၌ ပေါင်းစည်းထားသည့် တရားဝင်နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအကြံပေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်၏စီးပွားရေးဖွံ့ဖြိုးမှုအရှိန်
အဟုန်အချို့ စတင်ကျဆင်းနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်း
က ထွက်ရှိခဲ့သည့် ဧပြီလ စီးပွားရေးဖွံ့ဖြိုးနှုန်းက ညွှန်ပြနေသည်။

အိမ်ခြံမြေအရောင်းအဝယ်များအပါအဝင် ကဏ္ဍအများအပြားမှ ကျရိပ်များ
ဖြစ်ပေါ်ခဲ့စဉ် တစ်ခုတည်းသော အားကောင်းမှုမှာ စက်မှုကုန်ထုတ်လုပ်မှု
ဖြစ်သည်။ တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးနှုန်းမြင့်တက်မှုသည် ဧပြီတွင် ကျဆင်းခဲ့ပြီး ရောင်းအားကလည်း ခြောက်လအတွင်း အကြီးမားဆုံးနိမ့်ကျခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝယ်လက်များအပေါ် တိုးမြှင့်လာသည့် ထိန်းချုပ်မှုစည်းမျဉ်းများနှင့် မြင့်တက်လာသည့် ချေးငွေအတိုးနှုန်းတို့က ဝယ်လိုအားကို ဖိစီးနေကြခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်မှုနှုန်းကျဆင်းခြင်းသည် နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်းသူတစ်ဦး အရှိန်အဟုန်လျော့ကျခြင်းပင် ဖြစ်သည်။ တရုတ်တွင် အိမ်ခြံမြေကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍ ၄၀ ကိုလည်း တိုက်ရိုက်အကျိုးသက်ရောက်ပြီး စီးပွားရေးကို အဓိကမောင်းနှင်သူတစ်ဦး ဖြစ်သည်။

SIC က တရုတ်၏ စက်မှုကုန်ထုတ်လုပ်မှုသည် ယမန်နှစ် ဒုတိယသုံးလပတ်ထက် ယခုနှစ် ဒုတိယသုံးလပတ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ၇ ဒသမ ၂ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးမည်ဟု ခန့်မှန်းခဲ့သည်။

ထို့အပြင် SIC ၏ ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာအဓိကကျသော
ပို့ကုန်များသည် ၈ ရာခိုင်နှုန်းဝန်းကျင် ဖွံ့ဖြိုးနိုင်ပြီး သွင်းကုန်များက ၁၀ ရာ ခိုင်နှုန်းခန့် မြင့်တက်နိုင်ကြောင်းလည်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service