ဒလ-ကျောက်တန်း ကြိုးတံတားကို သီလဝါ စက်မှုဇုန်ဖြတ်ပြီး တည်ဆောက်နိုင်ရန် စီမံထားဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ဆို

ဒလ-ကျောက်တန်း ကြိုးတံတားကို သီလဝါ စက်မှုဇုန်ဖြတ်ပြီး တည်ဆောက်နိုင်ရန် စီမံထားဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ဆို - Property News in Myanmar from iMyanmarHouse.com
18 May 2018 10:27 am တွင် တင်ခဲ့သည်
4810 ကြိမ် ကြည့်ရှု့ပြီး
သီလဝါစက်မှုဇုန်ကိုဖြတ်သန်း၍ ဒလမြို့နယ်ဘက်ကမ်းသို့ ဆက်သွယ်နိုင်ရန်အတွက် ဒလ-ကျောက်တန်း ကြိုးတံတားတစ်စင်း တည်ဆောက်နိုင်ရေး စီမံကိန်းရေးဆွဲထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။ မေ ၁၅ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ကျောက်တန်းမြို့နယ်နှင့် ဒလမြို့ နယ်ဆက်သွယ်မည့်တံတားတစ်စင်း တည်ဆောက်ပေးရန်
အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင်ပူးပေါင်း၍ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ သွားလာမှုလွယ်ကူစေရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်နှင့် ယာဉ် ကြောပိတ်ဆို့မှုအား လျှော့ချစေနိုင်ရန်အတွက် ရန်ကုန်အပြင်ပတ်လမ်းကို ဂျပန်နိုင်ငံ ဂျိုက်ကာ အေဂျင်စီအကူအညီဖြင့် အကြို လေ့လာမှုများ ပြုလုပ်လျက်ရှိ ကြောင်း ဒုဝန်ကြီးကပြောသည်။ ''ရန်ကုန်အပြင်ပတ်လမ်းအတွက် ရေးဆွဲလျက်ရှိတဲ့ facility study တွင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ သန်လျင်-ကျောက်တန်းအနီး သီလဝါစက်မှုဇုန်အားဖြတ်၍ ဒလမြို့နယ်ဘက်ကမ်းသို့ ဆက်သွယ်နိုင်ရန်အတွက် ဒလ-ကျောက်တန်း ကြိုးတံတားတစ်စင်း
တည် ဆောက်နိုင်ရေး ထည့်သွင်းရေးဆွဲထားရှိပါတယ်''ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

အဆိုပါတံတားကို တည် ဆောက်နိုင်ပါက ရန်ကုန်မြစ် တစ်ဖက်ကမ်းရှိ သန်လျင်-ကျောက်တန်းဒေသနှင့် ဒလ-ကွမ်းခြံကုန်း- ကော့မှူးဒေသများသို့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် သီလဝါစက်မှုဇုန်နှင့် ဒလမြို့နယ်တို့ကိုဆက်စပ် ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတံတားသည် ရန်ကုန် မြစ်ကို ဖြတ်သန်းတည်ဆောက်မည့်တံတားဖြစ်ပြီး ရန်ကုန်မြစ်မှာ ပင်လယ်ကူးသင်္ဘောများ အဓိက ဖြတ်သန်းသွားလာသောဒေသ ဖြစ်သဖြင့် အဆိုပါတံတားကို ဥမင်လိုဏ်ခေါင်းပုံစံတည်ဆောက်ရန် အထိလေ့လာခဲ့ကြောင်း ဒုဝန်ကြီးကဆိုသည်။ ဥမင်လိုဏ်ခေါင်းပုံစံဆောက်ပါက ရန်ကုန်မြို့အောက်ခံမြေသားအခြေအနေအရ ဥမင်လိုဏ်
ခေါင်းဖောက်ရန် မသင့်တော်သဖြင့် ကြိုးတံတားပုံစံတည် ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတား၏ခန့်မှန်းအရှည်မှာ မီတာ ၂၆ဝဝ ခန့်ဖြစ်ပြီး ကုန်ကျစရိတ်များပြားမည်ဖြစ်၍
လတ်တလောဆောင်ရွက်နိုင်ခြင်းမရှိ သေးသော်လည်း နောင်တွင်တည် ဆောက်ရန် ထည့်သွင်းထား ကြောင်း ဒုတိယဝန်ကြီးက ထပ် လောင်းပြောသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service