မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ လက်မှတ်ရေးထိုး

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
10 May 2018 11:59 am တွင် တင်ခဲ့သည်
6320 ကြိမ် ကြည့်ရှု့ပြီး
ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်-ထိန်ချုံး-ဟိန်ရုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်တို့အကြား မြစ်ကြီးနား စီးပွား ဖွံ့ဖြိုးရေးဇုန်စီမံကိန်း တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ ဒုတိယ မြို့တော်ဝန်တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

''ဒီနေ့ကတော့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတဲ့နေ့ပါ။ အဲဒီကနေတစ်ဆင့်MOA...JVA တစ်ဆင့်ချင်းဆက်ပြီး နှစ်ဖက်နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အသေးစိတ်ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ JVA စာချုပ်ချုပ်ဆိုနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ တည်ဆောက်ရေးကာလကိုတော့JVA ချုပ်ဆိုပြီး နောက်ပိုင်းမှ လုပ်မှာပါ။ မတည်ဆောက်ခင်မှာတော့ ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ပြည်သူကို ချပြ မှာပါ''ဟု ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြောသည်။

အဆိုပါ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းကို မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာ အုပ်စုအတွင်းရှိ မြေဧက ၄၇ဝဝ ကို အသုံးပြုသွား မည်ဖြစ်ပြီး စက်မှုဇုန်သီးသန့်မဟုတ်ဘဲ လူနေ ရပ်ဝန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ စူပါမားကက် များ၊ သယ်ယူပို့ဆောင်ရေးအတွက် ဟိုက်ဝေးလမ်း များနှင့် ရထားလမ်းများ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

''မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်း တည်ဆောက်ပြီးရင်တော့ မြစ်ကြီးနားမြို့သစ် ပုံစံမျိုး ဖြစ်သွားမှာပါ။ အကောင်အထည်ဖော်ဖို့ကတော့ တော်တော်လေးလှမ်းပါသေးတယ်။ ငွေရေး ကြေးရေးက ခန့်မှန်းလို့တော့ မရသေးဘူး။တော်တော်များမယ်''ဟု ယူနန်-ထိန်ချုံး-ဟိန်ရုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်မှ မြစ်ကြီးနားမြို့ ဒုတိယတာဝန်ခံ ဦးအောင်ဌေးလွင်က ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်မျိုးညွန့်နှင့် ယူနန်-ထိန်ချုံး-ဟိန်ရုန် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ တွမ်ကြည်ဂွေ့၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းနှင့် ပေါင်စန်း ပြည်နယ်ခွဲ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာ ဒူချွမ်းချန်တို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး အခမ်းအနားကို ဖိတ်ကြား ထားသည့် ဧည့်သည်များ စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service