ချေးငွေအတိုးနှုန်းပေးရန် ပျက်ကွက်မှုအပေါ် ဘဏ်အချို့ ဒဏ်ကြေး စတင်ကောက်ခံ

ချေးငွေအတိုးနှုန်းပေးရန် ပျက်ကွက်မှုအပေါ် ဘဏ်အချို့ ဒဏ်ကြေး စတင်ကောက်ခံ - Property News in Myanmar from iMyanmarHouse.com
10 May 2018 11:13 am တွင် တင်ခဲ့သည်
4266 ကြိမ် ကြည့်ရှု့ပြီး
ချေးငွေအတိုးပေးရန် ပျက်ကွက်မှုအပေါ် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်နှစ်ခုက ယခုလမှစ၍ ဒဏ်ကြေးများကောက်ခံရန် ကြေညာစာများ ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က အတိုးနှုန်းပျက်ကွက်မှု ဖြစ်ပေါ်ပါက အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့်သာ လအလိုက် ကောက်ခံနေခြင်းဖြစ်ပြီး ယခုအချိန်တွင် ယင်းကဲ့သို့ ဒဏ်ကြေးကောက်ခံပါက ပေါင်ထားသည့်ပစ္စည်းများကို အဆုံးခံကာ အကြွေးဆုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“ဘဏ်တွေက အတိုးပျက်ကွက်မှုအတွက်လည်း ဒဏ်ကြေးကောက်မယ်။ အရင်းပျက်ကွက်မှုအတွက်လည်း ဒဏ်ကြေးကောက်မယ်။ လက်ရှိစီးပွားရေး အနေအထားအရ အခုချိန်မှာ ပြန်ဆပ်ရမယ်ဆိုတာက မလွယ်ဘူး။ ဒါကို ဗဟိုဘဏ်က ခွင့်ပြုထားတာလားဆိုတာလည်း မေးခွန်းထုတ်ရမယ်။ ဘဏ်နဲ့ ဗဟိုဘဏ်တွေ ညှိနှိုင်းပြီးမှလုပ်သင့်တယ်။ အခုက အတိုးထက် ဒဏ်ကြေးက များနေတယ်”ဟု ၎င်းက ဆိုသည်။

ယခုလမှစတင်၍ အတိုးနှင့်အရင်း ပြန်ဆပ်ရန် ပျက်ကွက်မှုများအပေါ် ဒဏ်ကြေးစတင်ကောက်ခံရန် ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်တို့က ကြေညာစာများ ထုတ်ပြန်ထားကြောင်း ၎င်းက ပြောဆိုသည်။

စာရင်းပိုထုတ်ချေးငွေများ၊ သာမန်ချေးငွေနှင့် အသေးစားအလတ်စား ချေးငွေများ သက်တမ်းရှိသည်ဖြစ်စေ သက်တမ်းကုန်ဆုံးသည်ဖြစ်စေ အတိုးပျက်ကွက်ပါက တစ်လလျှင် ၂ ရာခိုင်နှုန်းဖြင့်ရက် အလိုက်တွက်ချက်၍ လည်းကောင်း၊ ချေးငွေပြန်လည်ဆပ်ရန် ပျက်ကွက်ပါက တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းဖြင့် ဒဏ်ကြေးကောက်ခံမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်က ထုတ်ပြန်ထားသည်။

အလားတူ ရိုးမဘဏ်ကလည်း အတိုးနှင့်အရင်း ပြန်ဆပ်မှုပျက်ကွက်ပါက ဒဏ်ကြေးအဖြစ် ရက်ပေါင်း ၃၀ အတွက် ၃ ရာခိုင်နှုန်း၊ ရက်ပေါင်း ၁၈၀ အထက်ကို ၂၅ ရာခိုင်နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဒီလိုမျိုး ဒဏ်ကြေးကောက်ခံတယ်ဆိုတာက ဟိုးအရင်တည်းက ကောက်ခံခဲ့တာ။ ဗဟိုဘဏ်ကလည်း ခွင့်ပြုထားပြီးသား။ နိုင်ငံတကာမှာလည်း ပျက်ကွက်ကြေး ကောက်ခံတယ်ဆိုတာ ရှိတာပဲ”ဟု ဧရာဝတီဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။

ဘဏ်များတွင် အတိုးနှင့်အရင်းပါ ပြန်မဆပ်နိုင်သည့် အနေအထားမှာ များပြားနေသည့်အတွက် နှစ်ချင်းဆပ်ချေးငွေမှ သုံးနှစ်သက်တမ်းရှိသည့် စာရင်းပိုထုတ် ချေးငွေများအဖြစ် ပြောင်းလဲခဲ့ပြီး သုံးနှစ်အတွင်း အရင်းပြန်ရရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ ညွှန်ကြားထားကြောင်း ဘဏ်လောက အသိုင်းအဝိုင်းထံမှ သိရသည်။

“ဒဏ်ကြေးကိစ္စလုပ်လိုက်ရင် ရသလောက်အတိုးပြန်ဆပ်တဲ့ လုပ်ငန်းရှင်တွေအတွက်လည်း ပိုဆိုးသွားနိုင်တယ်။ လုပ်ငန်းရှင်တွေက အပေါင်ပစ္စည်း ထိုးအပ်လိုက်ရုံပဲရှိတယ်။ အခု အကြွေး ဆပ်နေတဲ့ပုံစံက သုံးလတစ်ခါ အတိုးပေးရတယ်။ အရင်းကတော့ တစ်နှစ်တစ်ခါ ခွဲဆပ်ရတယ်”ဟု Syatem Engineering ကုမ္ပဏီပိုင်ရှင် ဦးကျော်ကျော်စိုးက ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service