ဘိုးဘွားပိုင်မြေများ ဥပဒေနှင့်အညီလျှောက်ထားပါက ဂရန်ထုတ်ပေးမည်

ဘိုးဘွားပိုင်မြေများ ဥပဒေနှင့်အညီလျှောက်ထားပါက ဂရန်ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
10 May 2018 10:33 am တွင် တင်ခဲ့သည်
5525 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ ဘိုးဘွားပိုင်မြေများ ပေါ်တွင် အနေကြာသူများအနေဖြင့် ဥပဒေအရ ပိုင်ဆိုင်မှုခိုင်မာစေရန် ဂရန်လျှောက်ထားပါက မြို့တော်စည်ပင်သာယာရေးဥပဒေအရ စိစစ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ယခုလ ၃ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်တွင် ပြောသည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၏ ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ ဘိုးဘွားပိုင်မြေယာများပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၃ဝ၊ ၄ဝ ကျော်ကတည်းက ယနေ့အချိန်ထိအဆင့်ဆင့် လက်ဆင့်ကမ်း နေထိုင်လျက်ရှိသော ပြည်သူများသည် ၄င်းတို့လက်ရှိနေထိုင်သော အိမ်မြေများကို ဥပဒေအရ ပိုင်ဆိုင်မှု အခိုင်အမာရရှိနိုင်ဖို့အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်နည်း ဆိုသည့်မေးခွန်းနှင့် စပ်လျဉ်း၍ မြို့တော်ဝန်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ဘိုးဘွားပိုင်မြေဆိုတာ မြေအမျိုးအစားအားဖြင့် မြေပိုင်မြေများဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတည်ရှိတဲ့ မြေအမျိုးအစား အဖြစ်တည်ရှိတဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ၂ဝ၁၃ ခုနှစ် ရန်ကုန် မြို့တော်စည်ပင်သာ ယာရေးဥပဒေမှာ အတည်ပြုပြဠာန်းခဲ့တဲ့ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်နေပါတယ်''ဟု ဦးမောင်မောင်စိုးက ဆိုသည်။

မြန်မာနိုင်ငံရှိ လူနေအိမ်ရာများသည် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေနှင့် ပါမစ်မြေများဖြစ်ပြီး အများစုမှာ ဘိုးဘွားပိုင် မြေများဖြစ်ကြောင်း၊ အဆိုပါ ဘိုးဘွားပိုင်မြေပေါ်များတွင် လက်ရှိနေထိုင်သူများသည် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူနေထိုင်သူများ၊ အရပ်စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူနေထိုင်သူများရှိသလို အထောက်အထားမဲ့ ဘိုးဘွားဘီဘင်လက်ထက်မှစ၍ ဓါးမဦးချ အဆင့်ဆင့် လက်ဆင့်ကမ်း နေထိုင်ခဲ့သူများလည်း ရှိကြောင်း ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း မြေနှင့်ပတ်သက်၍ တရားဝင်ပိုင်ဆိုင်မှုရရှိရန် တည်ဆဲဥပဒေများအရ ယင်းမြေကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူထားသူဖြစ်ရမည်၊ သို့မဟုတ် တရားရုံးတစ်ခုခု၏ နိုင်ဒီကရီအရလက်ရှိ နေထိုင်သူများဖြစ်ရမည်ဟု ဥပဒေတွင် ပြဠာန်း ထားကြောင်းလည်း ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

''အရပ်စာချုပ်အဆင့်ဆင့်နဲ့ လက်ဆင့်ကမ်း ဝယ်ယူနေထိုင်သူတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ၊ ၄ဝ ကျော် ကတည်းက အခုထိနေထိုင်သူတွေက ၄င်းမြေနှင့်ပတ်သက်ပြီး ဥပဒေအရ ပိုင်ဆိုင်မှု အခိုင်အမာရရှိနိုင်တဲ့ အခွင့်အရေးတွေ ထာဝရဆုံးရှုံးနေသလို ဖြစ်နေပါတယ်''ဟု ၄င်းက ဆိုသည်။

ယနေ့အချိန်ထိ အဆင့်ဆင့် လက်ဆင့်ကမ်းနေထိုင်လျက်ရှိသော ပြည်သူများအနေဖြင့် ၄င်းတို့လက်ရှိနေထိုင် ပိုင်ဆိုင်သော အိမ်မြေကို ဥပဒေအရ ပိုင်ဆိုင်မှု အခိုင်အမာ ရရှိရန်နှင့် ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေကွက်၏ ပိုင်ဆိုင်မှု အထောက်အထားနှင့်အတူ မူလအမည်ပေါက်သူထံမှ လွှဲပြောင်းရရှိသည့် တရားဝင် မှတ်ပုံတင် စာချုပ်စာတမ်း အဆက်အစပ်အထောက်အထားများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်၊သို့မဟုတ် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် စသည့် ပိုင်ဆိုင်မှု ဆောင်ရွက်လိုသည့် အကြောင်းအရာ ကိစ္စပေါ်မူတည်၍ လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

အဆက်အစပ် အထောက်အထားကို တင်ပြနိုင်မှုမရှိပါက ဥပဒေကြောင်းအရ သက်ဆိုင်ရာတရားရုံး၏ ပိုင်ဆိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်အမိန့်ဒီကရီ အထောက်အထားများဖြင့် ဥပဒေကြောင်းအရ လျှောက်ထားဆောင်ရွက်နိုင်ကြောင်းလည်း ၄င်းကဆိုသည်။

အမည်ပေါက်ပိုင်ဆိုင်မှုမှာ နိုင်ငံခြားသားအဖြစ်၊ သို့မဟုတ် တည်ရှိပါကလည်းကောင်း၊ နိုင်ငံခြားသားဖြစ်သည်ဟု ယူဆရသည်ဆိုပါက ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်သွယ်တင်ပြ လျှောက်ထားရန် လိုအပ်သည်။

နိုင်ငံခြားသားပိုင်ဆိုင်မှု မဟုတ်သော ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေကွက်များသည် ပိုင်ဆိုင်မှု အမည်ပေါက်များ သက်ရှိထင်ရှားမရှိခြင်း၊ အမည်ပေါက်၏ ရှိသူများသည်လည်း သက်ရှိထင်ရှားမရှိခြင်း၊ မြေပြင်လက်ရောက် ပိုင်ဆိုင်မှုမရှိခြင်း၊ နှစ်ပေါင်းများစွာ ကင်းကွာခြင်း၊ လက်ရှိမြေပြင်တွင်လည်း အဆင့်ဆင့် လက်ကမ်းဝယ်ယူ နေထိုင်သူများမှာ နှစ်များစွာနေထိုင်ခဲ့သော မြေကွက်များနှင့် စပ်လျဉ်း၍ နေထိုင်သူများမှ ရပ်ကွက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှတစ်ဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ မြေပိုင်ဆိုင်မှု မြေငှားစာချုပ် (ဂရန်)ကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး လျှောက်ထား တင်ပြနိုင်ကြောင်း မြို့တော်ဝန်ကဆိုသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service