နေပြည်တော် ကျောက်မျက်ပြပွဲ ကျောက်စိမ်း၊ ကျောက်မျက် အတွဲပေါင်း ရှစ်ထောင်နီးပါး ပြသရန် လျာထား

နေပြည်တော် ကျောက်မျက်ပြပွဲ ကျောက်စိမ်း၊ ကျောက်မျက် အတွဲပေါင်း ရှစ်ထောင်နီးပါး ပြသရန် လျာထား - Property News in Myanmar from iMyanmarHouse.com
2 May 2018 10:49 am တွင် တင်ခဲ့သည်
5488 ကြိမ် ကြည့်ရှု့ပြီး
ဇွန်လတွင် နေပြည်တော်၌ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက်အတွဲပေါင်း ရှစ်ထောင်နီးပါး ပြသရောင်းချရန် လျာထားကြောင်း
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ပြပွဲတွင် ပြသရောင်းချလိုသည့် လုပ်ငန်းရှင်များအနေနှင့် ကျောက်စိမ်း အတွဲစာရင်း လျှောက်လွှာများကို မေလ ၄ ရက်နေ့ နောက်ဆုံးထားပြီးတင်ရမည်ဖြစ်ကာ အတွဲများစစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး သတ်မှတ်ခြင်းများကို မေလလယ်မှစတင်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းအသင်း၏ တာဝန်ရှိ
သူတစ်ဦးက ပြောကြားသည်။

“မေလ ၄ ရက်နေ့မှာ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲအတွဲစာရင်းက
အတည်ထွက်မယ်။ အခုကုမ္ပဏီတွေက စာရင်းတင်တုန်းဆိုတော့
လျာထားချက်ပဲ ပြောနိုင်သေးတယ်။ နိုင်ငံခြားသား ကုန်သည်တွေ ပေးသွင်းရမယ့် အာမခံ စပေါ်ငွေတွေ၊ ပြပွဲဝင်ကြေးတွေက လုပ်ငန်းရှင်နဲ့ အစိုးရနဲ့ညှိပြီးမှ ထွက်လာမှာပါ”ဟု ၎င်းက ဆိုသည်။

နှစ်စဉ်ကျင်းပသည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအရိုင်းတုံးများသာ အများဆုံးရောင်းချရပြီး တရုတ်ကုန်သည်များက အများဆုံးဝယ်ယူကြကြောင်း၊ အချောထည်များမှာ ပြသရောင်းချသော်လည်း ဝယ်ယူသူနည်းပါးကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

နိုင်ငံခြားကုန်သည်များဆီမှ စပေါ်ငွေ ကြိုကောက်ခံနေသော်လည်း အရောင်းအဝယ်ပျက်ခြင်းများ ဖြစ်ပေါ်သောကြောင့် ယခုပြပွဲတွင် စပေါ်ငွေများ တိုးမြှင့်ကောက်ခံသင့်ကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ကျင်းပသည့် ကျောက်မျက်ပြပွဲတွင် စပေါ်ငွေ လျှော့ခဲ့ခြင်းကြောင့် အရောင်းအဝယ် ပျက်ခြင်းဖြစ်ပါက လုပ်ငန်းရှင်များဘက်က နစ်နာမှုများရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။

“စပေါ်ငွေ ၁၀ ရာခိုင်နှုန်းတင်ပေမယ့် ဝယ်တဲ့တရုတ်ကုန်သည်တွေက စပေါ်ငွေတန်ဖိုးထက် အဆ ၂၀ မြင့်တဲ့ ပစ္စည်းကို ဝယ်ယူနိုင်တယ်။ ဒါက ဟင်းသီးဟင်းရွက် ရောင်းနေတာမဟုတ်တဲ့အတွက် အရောင်းအဝယ်ပျက်ခဲ့ရင် ကုမ္ပဏီတွေဘက်က အခက်အခဲရှိတယ်။ ဒါကြောင့် နောက်ပွဲတွေမှာလည်း အာမခံစပေါ်ငွေ များများယူထားသင့်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် နှစ်လည် ကျောက်မျက်ရတနာပြပွဲကျင်းပခဲ့ပြီး ယင်းပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ငါးထောင်ကျော်ကိုပြသခဲ့ကာ ယူရိုသန်း ၄၃၀ ကျော်ဖိုးရောင်းချနိုင်ခဲ့ကြောင်း ကျောက်စိမ်းလုပ်ငန်းကော်မတီထံမှ သိရသည်။


Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service