နိုင်ငံခြားရင်းနှီးမြုပ်နှံလိုသူတွေလာရောက်ပေမယ့် စက်ရုံအလုပ်ရုံတည်ဆောက်ဖို့ ပေးစရာမြေနေရာမရှိဖြစ်နေ တယ်လို့ တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုပါတယ်။
စက်ရုံအလုပ်ရုံတွေ ပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ဖြင့် တိုင်းရင်းနှီးမြုပ်နှံမှုကော်မရှင်ထံသို့ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ လာရောက်ကြတာရှိပေမယ့် ပေးစရာမြေနေရာမရှိဖြစ်နေတာလို့ တိုင်းဝန်ကြီးချုပ်ထံက သိရတာပါ။
တိုင်းဝန်ကြီးချုပ်က “ကျွန်တော်တို့ဆီစက်ရုံအလုပ်ရုံတွေပေးနိုင်မလားဆိုပြီး လာပေမယ့် ကျွန်တော်တို့ကိုပေး ထားခဲ့စဉ်မှာ မြေနေရာတော်တော်များများက ပုဂ္ဂလိကလက်ထဲရောက်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပုဂ္ဂဆီကရှိနေပြီးသားစက်ရုံတွေကို ငှားရမ်းရာမှာလည်း အချိန်အတိုင်းအတာတစ်ခုမှာ ဈေးနှုန်းတိုးတောင်းမှုတွေရှိတာကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအခက်အခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။ ယင်းအခြေအနေ
ကိုကျော်သွားဖို့ ရှိပြီးသားစက်မှုဇုန်တွေ ပြန်လည်ထူထောင်ဖို့ကြိုးစားနေသလို ဇုန်အသစ်တွေ စီမံကိန်းအသစ် တွေထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။
တိုင်းရင်းနှီးမြုပ်နှံမှုကော်မရှင်အနေနဲ့ ကန်ဒေါ်လာ ၅ သန်းဝန်းကျင်ရင်းနှီးမြုပ်နှံမှုတွေကို ဆုံးဖြတ်ခွင့်ပြုးပေး လျှက်ရှိပါတယ်။လက်ရှိတိုင်းအတွင်းထူထောင်ပြီးဖြစ်တဲ့ စက်မှုဇုန်ပေါင်း ၂၉ ဇုန်အထိရှိနေတယ်လို့လည်း သိရပါတယ်။
Credit: SFJ Strategy First