မန္တလေးတိုင်းဒေသကြီး၊ သီရိမင်္ဂလာအိမ်ရာစီမံကိန်းရှိ Commercialတိုက်ခန်းများကိုအိတ်ဖွင့်တင်ဒါစနစ်ဖြင့်ယနေ့စတင်ရောင်းချလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်းကြီးဌာနမှဧပြီလ၂၆ရက်နေ့တွင် သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် မန္တလေးတိုင်းဒေသကြီး၊ချမ်းသာဇံမြို့နယ်၊သီရိမင်္ဂလာအိမ်ရာစီမံကိန်း(၂၆×၂၇)လမ်း နှင့် (၇၃×၇၄)လမ်းကြား ကွန်ဒို(၄၊၅၊၆)ရှိ Commercial တိုက်ခန်းများကိုအိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်သည်။
ရောင်းချမည့်လူနေတိုက်ခန်းပေါင်း၆ယူနစ်(တစ်ယူနစ် သုံးလွှာ)၊တင်ဒါအဆိုပြုလွှာများကို ၂၆.၄.၂ဝ၁၈တွင်စတင်ဝယ်ယူနိုင်မည် ဖြစ်ပြီး တင်ဒါအဆိုပြုလွှာ
တင်သွင်းပြီး တင်ဒါဖွင့်လှစ်မည့်ရက်မှာ မေလ ၁၅ ရက် ဖြစ်သည်။
တင်ဒါအဆိုပြုလွှာရောင်းချမည့်နေရာမှာဆောက်လုပ်ရေးဝန်ကြီးဌာန၊ရုံး အမှတ်(၄ဝ)နေပြည်တော်ဖြစ်သည်။တိုက်ခန်း(၁)ခန်း၏ ကြမ်းခင်း ဈေးနှုန်းမှာ (၁)စတုရန်းပေလျှင် ကျပ်၇ဝဝဝဝ(ကျပ် ခုနှစ်သောင်း)နှုန်းဖြစ်သည်။တင်ဒါ အဆိုပြုလွှာ ပုံစံတင်ဒါစည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် (ဝ၆၇-၃၄ဝ၇၅၇၂)သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com