ကမ္ဘာကျော် Hard Rock Café ပူးတွဲတည်ထောင်သူ၏ နေအိမ်ကို သဘာဝဓာတ်ငွေ့လုပ်ငန်းဘီလျံနာကြီး မိုက်ကယ် အက်စ်-စမစ်က စံချိန်တင်ဈေးနှုန်းဖြင့် ဝယ်ယူ

ကမ္ဘာကျော် Hard Rock Café ပူးတွဲတည်ထောင်သူ၏ နေအိမ်ကို သဘာဝဓာတ်ငွေ့လုပ်ငန်းဘီလျံနာကြီး မိုက်ကယ် အက်စ်-စမစ်က စံချိန်တင်ဈေးနှုန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
27 Apr 2018 10:45 am တွင် တင်ခဲ့သည်
4074 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် Hard Rock Café ပူးတွဲတည်ထောင်သူ ပီတာ မော်တန်က သူ၏ နေအိမ်ကို သဘာဝဓာတ်ငွေ့လုပ်ငန်းဘီလျံနာကြီး မိုက်ကယ် အက်စ်-စမစ်ထံ လော့စ်အိန်ဂျလိတစ်မြို့လုံးတွင် စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချလိုက်ကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် မာလီဘူးအရပ်တွင် တည်ရှိသည့်နေအိမ်ကို ဈေးကွက်
ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လာမည့် အင်္ဂါနေ့တွင် အပြီးသတ်အရောင်းအဝယ်ပြုလုပ်မည် ဖြစ်ပြီး သဘာဝဓာတ်ငွေ့သူဌေးကြီး မိုက်ကယ် အက်စ်-စမစ်နှင့် ဇနီးဖြစ်သူ အိုင်းရစ်တို့က ဝယ်ယူသွားခဲ့ကြခြင်း ဖြစ်သည်။

ခြံဝန်းအတွင်း အိပ်ခန်း ၅ ခန်းပါ ပင်မနေအိမ်နှင့် အိပ်ခန်း ၃ ခန်းပါ ဧည့်ဂေဟာအိမ်တို့ ပါဝင်ပြီး လော့စ်အိန်ဂျလိတွင် အမြင့်မားဆုံး ပေါက်ဈေးအဖြစ် စံချိန်တင်တော့မည် ဖြစ်သည်။

ယခင်က အမြင့်မားဆုံးဈေးနှုန်းအဖြစ် စံချိန်တင်ထားသည်မှာ ပလေးဘွိုင်းစံအိမ်ကြီးဖြစ်ပြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ၂၀၁၆ ခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

နာမည်ကျော် ဗိသုကာပညာရှင် ရစ်ချတ် မိုင်ယာက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ကျွန်းသစ်နှင့် မှန်တို့ကို အဓိကအသုံးပြုထားသည်။

မာလီဘူးတွင် ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချခဲ့သည့် အခြားစံအိမ်ကြီးများမှာ ဒေးဗစ်ဂက်ဖန်၏ Carbon Beach စံအိမ်နှင့် ကာ့ထ် ရက်ပါပေါ့ထ်၏ ကမ်းခြေစံအိမ်ကြီးများဖြစ်ပြီး ယင်း ၂ အိမ်လုံးကို ကန်ဒေါ်လာ ၈၅ သန်းဖြင့် ရောင်းချခဲ့ကြခြင်း ဖြစ်သည်။

ပီတာမော်တန်၏ မာလီဘူးစံအိမ်သည် အမေရိကန်ပြည်ထောင်စု တစ်ခုလုံးတွင်လည်း တစ်ပေပတ်လည်ဈေးနှုန်း အမြင့်မားဆုံးအဖြစ် စံချိန်တင်မည် ဖြစ်သည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသည့်မှန်ကြီးများ တပ်ဆင်ထားသော နေအိမ်ကြီး၏ တစ်ပေပတ်လျှင် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၃၇၅၀ ခန့် ကျသင့်နေသည်။

သို့ရာတွင် ယခုအရောင်းအဝယ်သည် လော့စ်အိန်ဂျလိ၏ တန်ဖိုးအကြီးဆုံးစံချိန်၌ ကာလကြာရှည်စွာ ရပ်တည်နေနိုင်မည်ကား မဟုတ်ချေ။

ကွယ်လွန်သွားပြီဖြစ်သည့် ဘီလျံနာကြီး ဂျာရီ ပီရန်ချီယို၏ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် အရောင်းဈေးကွက်တင်ထားခြင်း ရှိနေသည့်အပြင် အခြား ဂဏန်း ၉ လုံး ဈေးခေါ်ထားသည့် စံအိမ်များလည်း ၅ လုံးခန့်ရှိနေသည်။

ယခုအရောင်းအဝယ်တွင် ရောင်းချသူဘက်မှ ကိုယ်စားပြုသည်မှာ Hilton & Hyland ကုမ္ပဏီဖြစ်ပြီး ဝယ်လက်ဘက်မှ Sotheby’s International Realty က အကျိုးဆောင်အဖြစ် ရပ်တည်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် Hard Rock Café ပူးတွဲတည်ထောင်သူ၏ နေအိမ်ကို သဘာဝဓာတ်ငွေ့လုပ်ငန်းဘီလျံနာကြီး မိုက်ကယ် အက်စ်-စမစ်က စံချိန်တင်ဈေးနှုန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Hard Rock Café ပူးတွဲတည်ထောင်သူ၏ နေအိမ်ကို သဘာဝဓာတ်ငွေ့လုပ်ငန်းဘီလျံနာကြီး မိုက်ကယ် အက်စ်-စမစ်က စံချိန်တင်ဈေးနှုန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Hard Rock Café ပူးတွဲတည်ထောင်သူ၏ နေအိမ်ကို သဘာဝဓာတ်ငွေ့လုပ်ငန်းဘီလျံနာကြီး မိုက်ကယ် အက်စ်-စမစ်က စံချိန်တင်ဈေးနှုန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service