အိမ်ခြံမြေအခွန်နှုန်းထား ပြင်ဆင်လျှော့ချရန်ထုတ်ပြန်ထား

အိမ်ခြံမြေအခွန်နှုန်းထား ပြင်ဆင်လျှော့ချရန်ထုတ်ပြန်ထား - Property News in Myanmar from iMyanmarHouse.com
25 Apr 2018 11:10 am တွင် တင်ခဲ့သည်
43932 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်အစိုးရမှ ပြည်သူများ အဆင်ပြေစေရန်အတွက် အိမ်ခြံမြေ ဝင်ငွေအပေါ် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်း အထိပယ်ဖျက်လိုက်ပြီး ဝင်ငွေ နှင့် ပိုင်ဆိုင်မှုများအတွက်အခွန်နှုန်းထား ပြင်ဆင်လျှော့ချရန်ထုတ်ပြန်ထားသောကြောင့် အိမ်ခြံမြေ လုပ်ငန်းများ ပိုမိုလည်ပတ်လာနိုင်တော့မည်ဖြစ်ကြောင်းဝါရင့် အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က အိမ်ခြံမြေ ဝယ်ခွန်စနစ်တွင် ငွေကျပ် ၁ဝဝဝအထက်လျှင် ပြည်တွင်းအခွန် ၃ဝရာခိုင်နှုန်း နှင့် တံဆိပ်ခေါင်းအခွန် လေးရာခိုင်နှုန်း ပေးဆောင်ရကြောင်း၊အကြောင်းကြောင်းကြောင့်အိမ်ခြံမြေဈေးကွက်နှင့် အခြားစီးပွားရေးဈေးကွက်တွင် ကျဆင်းခဲ့ရကြောင်း၊ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ခဲ့သော အခွန်စနစ်ပြောင်းလဲခြင်းကြောင့် အိမ်ခြံမြေဈေးကွက်များ
ပိုမိုကောင်းမွန်လာနိုင်ပြီး ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် လည်ပတ်မှု ဖြစ်စေနိုင်ကာ အခြေခံ လူတန်းစားများအတွက်ပါ အကျိုးသက်ရောက်မှုများရှိပြီး ၎င်းတို့အတွက် လူနေမှု ဘဝများ ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသင်း ဒုဥက္ကဋ္ဌမှ ယခုအခွန် လျှော့ချပေးခြင်းသည် အတည်မဖြစ်သေးသော်လည်း ပထမ ၆လတာ ကာလတွင် အခွန်ဆောင်လျှင် သုံးရာခိုင်နှုန်းနှင့်ဒုတိယ ၆လထဲတွင် အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရန် အတွက် နိုင်ငံတော် အစိုးရမှ ထုတ်ပြန်ထားပြီး လွှတ်တော်တွင်လည်း ဆွေးနွေးအတည်ပြုတော့မည်ဖြစ်သည့်အတွက် ယခုလို အခွန်လျှော့ပေါ့ခြင်းကို ကြိုဆို သည်။

နိုင်ငံတော် စီးပွားရေး ဦးမော့လာနိုင်ရန် တာဝန်ရှိသူ အသီးသီး မှ အမြော်အမြင် ကြီးကြီးနှင့် လုပ်ဆောင်ပေးနေသောကြောင့် အိမ်ခြံမြေ လုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ယခုလို အခွန်နှုန်းထားလျှော့ချပေးလိုက်ခြင်းသည် စီးပွားရေး လုပ်ငန်းရှင်များအတွက် လုပ်ငန်းလည်ပတ်အဆင်ပြေစေပြီး နိုင်ငံတော် အတွက်လည်း ဝင်ငွေ ခွန်ပိုမို ရရှိစေမည်ဖြစ်သည်။

ယခင်က အိမ်ခြံမြေ ဝယ်ယူသူနည်းပါးပြီး အခွန်ဆောင်ရာတွင်နှုန်းထားမြင့်မားသည့်အတွက်ပြည်သူများအနေနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အခွန်မဆောင်ဘဲ စောင့်ကြည့်နေသူများ လည်း ရှိနေသည်။

ယခုလို နိုင်ငံတော် အစိုးရအနေနှင့် ဝင်ငွေခွန် ရရှိဖို့ကို အမြော်အမြင် ကြီးစွာနှင့် လျှော့ချပေးသည့်အတွက် အိမ်ခြံမြေ ဝယ်ယူသူများ နှင့် အမည်ပေါက် ပြောင်းလဲချင်သူများ ပိုမို များပြားလာမည်ဖြစ်ပြီး နိုင်ငံတော် အတွက်လည်း အခွန်ဘတ်ဂျက် ဝင်ငွေ ပိုမို ရရှိစေမည်ဖြစ်သည်။ယခုလို အခွန်လျှော့ချပေးသည့်အတါက် လုပ်ငန်းရှင်များသည် လည်း ကြိုဆိုနေသည်ကို တွေ့မြင်နေရသည်။

လက်ရှိအနေအထားအရ အခွန်နှုန်းထား စနစ်လျှော့ချတော့မည်ဖြစ်သောကြောင့် အိမ်ခြံမြေ အဝယ်သမားများ ပိုမို မြင့်တက်လာခဲ့ကြောင်း၊အခွန်စနစ်အတည်ဖြစ်ပါကအိမ်ခြံမြေ အဝယ်နှုန်း ပိုမို မြင့်တက်လာနိုင်ကြောင်း၊ယခင်ကာလ တွင် အိမ်ခြံမြေ ဈေးကွက်အတွင်း ပိုမိုရင်းနှီးမြှုပ်နှံမှုများ ရှိခဲ့သောကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ လွန်စွာမြင့်မားခဲ့သော်လည်းယခုအခါ အိမ်ခြံမြေ ဈေးကွက်တစ်ခုအနေဖြင့် ပုံမှန်လည်ပတ်နိုင်တော့မည်ဖြစ်သောကြောင့် နေရာ အနေအထားပေါ်မူတည်ကာ အထိုက်အလျောက် သာ ဈေးနှုန်း မြင့်တက်လာနိုင်ပြီးယခင်ကဲ့သို့ အိမ်ခြံမြေ ဈေးနှုန်းမြင့်မားမှုများ မရှိနိုင်တော့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မြေပိုင်ဆိုင်မှု ဂရန် အမည်ပေါက်ရရှိရေးအတွက် လျှောက်ထားရာတွင် လက်ရှိအနေအထား အရ ကြန့်ကြာမှုများ ရှိနေကြောင်း၊အဆောက်အအုံများဆောက်လုပ်ရာတွင် ဆောက်လုပ်ခွင့် ပါမစ် ရရှိရေးအတွက် အချိန်ကြန့်ကြာမှုများ ရှိနေပြီး အိမ်ခြံမြေ အမည်ပေါက်ရရှိရန်အတွက် နှစ်လခွဲ၊သုံးလ ကြန့်ကြာမှုများ ရှိနေကြောင်းနှင့် အများပြည်သူအတွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမှု မှာလည်း ကြန့်ကြာနှောင့်နှေးစေနိုင်မည် ဖြစ်ကြောင်း၊ယခုကဲ့သို့ အများပြည်သူအတွက်လျှော့ပေါ့လိုက်သည့် အခွန်စနစ်မှာ မည်ကဲ့သို့သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊အခွန်ပေးဆောင်ရာတွင် အခွန်ဝန်ထမ်းများမှ မြန်ဆန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း နှင့် ဂရန်အမည်ပေါက် ရရှိရေးအတွက် လျှောက်ထားရာတွင် သက်ဆိုင်ရာ ဌာနများမှ မြန်ဆန်သောဝန်ဆောင်မှု များပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားသင့်ကြောင်း ထို့အတွက်ကြောင့် အခွန်ပြောင်းစနစ်အား နှစ်နှစ်တာ ကာလပေးပြီး ဒုတိယနှစ်တွင် ခုနှစ်ရာခိုင်နှုန်းနှင့် ၁ဝ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဆိုပါက နိုင်ငံတော် မှလည်း အခွန်ဝင်ငွေ ပိုမို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအဝယ်အနည်းငယ်ပြန်လည်ဖြစ်လာပြီး ယခင်ကဲ့သို့ အိမ်ခြံမြေ ဈေးနှုန်း အဆမတန်မြင့်မားမှုများ မဖြစ်နိုင်တော့ကြောင်း နှင့်ယခုအခါ အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံရန် အချိန်ကောင်းဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှ သိရသည်။

Credit : The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service