ကချင်ပြည်နယ်ရှိ အသေးစားရွှေလုပ်ငန်း၊ လုပ်ကွက်များကို ဒေသခံများ လုပ်ကိုင်နိုင်စေရန် ဥပဒေကြမ်းရေးဆွဲကာ တင်ပြထားပြီး ကချင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက ပြောကြားသည်။
ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ လူထုနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့ ဧပြီ ၂၂ ရက်က တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှုတွင် စင်းခန်းဒေသခံများ၏ တစ်နိုင်တစ်ပိုင် ရွှေလုပ်ခွင့်ရရေးနှင့် သက်ဆိုင်သော မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။
လက်ရှိကချင်ပြည်နယ်တွင် ရွှေလုပ်ကွက်များကို လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများက အကြီးစား စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေကြောင်း၊ ယင်းကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်လိုသူများ အခွင့်အလမ်း ဆုံးရှုံးနေရကြောင်း ရွှေလုပ်ကွက်များရှိရာဒေသ စင်းခန်းကျေးရွာနေ ဦးမြင့်တင်က ပြောသည်။၏
Credit: The Voice