နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ

နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
19 Apr 2018 11:07 am တွင် တင်ခဲ့သည်
4431 ကြိမ် ကြည့်ရှု့ပြီး
ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၏ မြို့တော် တိုရွန်တိုတွင် တစ်ချိန်က နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်းတစ်ခန်း အရောင်းဈေးကွက်ဝင်လာကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်ခန်းတည်ရှိသည့်နေရာမှာ တိုရွန်တိုမြို့၊ ဘက်သရပ်စ်ထ်လမ်း၊ အမှတ် ၁၅၈၇-၁၅၉၉ ရှိ အဆောက်အအုံတွင် ဖြစ်သည်။

အဆိုပါအဆောက်အအုံ၏ အမည်မှာလည်း ဟဲမင်းဝေးဖြစ်ပြီး ၎င်းနေထိုင်ခဲ့ဖူးခြင်းကြောင့် ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဟဲမင်းဝေးသည် တိုရွန်တို့သို့ ရောက်ရှိလာပြီးနောက် Toronto Daily Star တွင် စာရေးသားခြင်းများ ပြုလုပ်နေချိန်အတွင်း ယခုနေအိမ်ခန်းတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

မီးဖိုဆောင်နှင့် ရေချိုးခန်းများကို ပြန်လည်ပြုပြင်မွမ်းမံထားပြီး ရေချိုးခန်း ၁ ခန်းနှင့် အိပ်ခန်း ၃ ခန်းပါဝင်ကာ နေအိမ်ခန်းအကျယ်အဝန်းမှာ ၁၃၄၈ စတုရန်းပေ ဖြစ်သည်။ခေါ်ဈေးမှာ ကန်ဒေါ်လာ ၇၉၉၀၀၀ ဖြစ်သည်။

အားနက်စ်ဟဲမင်းဝေး၏ အမည်အပြည့်အစုံမှာ အားနက်စ်မီလာ ဟဲမင်းဝေးဖြစ်ပြီး ၁၈၉၉ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် မွေးဖွားကာ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင် ကွယ်လွန်သည်။

ဝတ္ထုရှည်၊ ဝတ္ထုတိုများစွာရေးသားခဲ့သည့်အနက် နာမည်ကျော်သည်မှာ ၁၉၄၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည့် For Whom the Bell Tolls ၊ ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် The Old Man and the Sea စာအုပ်တို့ဖြစ်ကြပြီး ၁၉၅၄ ခုနှစ်တွင် စာပေနိုဘယ်ဆု ရရှိခဲ့သည်။

အမေရိကန်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး ရေးသားပြီး လွန်ခဲ့သည့် ၆၅ နှစ် (၁၉၅၂)ခုနှစ်အတွင်းက ထုတ်ဝေခဲ့သော The Old Man and the Sea အမည်ရှိ ဝတ္ထုလတ်တစ်ပုဒ်မှာ ကမ္ဘာကျော်ခဲ့သည်။

အဆိုပါဝတ္ထုကို မြန်မာ စာရေးဆရာကြီး သုံးဦးဖြစ်သည့် ဆရာကြီး မောင်ဉာဏ်ဝန်က ၁၉၅၄ ခုနှစ်တွင် “အဏ္ဏဝါနှင့် အဘိုးအို” အမည်ဖြင့် လည်းကောင်း၊ ဆရာကြီး တင့်တယ်က ၁၉၆၄ ခုနှစ်တွင် “အဏ္ဏဝါနှင့် အဘိုးအို” အမည်ဖြင့်ပင် လည်းကောင်း၊ ဆရာကြီး မောင်ဆုရှင်က ၁၉၇၄ ခုနှစ်တွင် “ပင်လယ်ပြာနှင့် တံငါအို” အမည်ဖြင့် လည်းကောင်း မြန်မာ ဘာသာသို့ အသီးသီး ပြန်ဆိုခဲ့ကြပြီး ဆရာမောင်ဆုရှင်၏ “ပင်လယ်ပြာနှင့် တံငါအို” က အမျိုးသားစာပေ ဘာသာပြန် ပထမဆု ရရှိခဲ့သည်။

ဝတ္ထုမှာ ဆန်တီယာဂိုအမည်ရှိ တံငါသည်အဘိုးအိုနှင့် ဧရာမ မာလင် ငါးကြီး တစ်ကောင်တို့ကြားမှ ရုန်းကန် လှုပ်ရှားရသော တိုက်ပွဲကို သရုပ်ဖော် ထားခြင်းဖြစ်သည်။ ရက်ပေါင်း ၈၄ ရက်တိုင်တိုင် ငါးတစ်ကောင်မှ မမိခဲ့သော ကံဆိုးရှာသည့် တံငါသည် အဘိုးအိုတစ်ယောက်၊ ၎င်း၏ ဘ၀တစ်လျှောက် အကြီးဆုံး ငါးကြီးတစ်ကောင်ကို ပင်လယ်ပြင်၌ ဖမ်းမိခဲ့ချိန်၊ ဧရာမငါးကြီး ကလည်း ၎င်းအသက်ဘေးမှ လွတ်မြောက်ရေးအတွက် ပြန်လည် ရုန်းကန်ကာ သုံးရက်တိုင်တိုင် လူသား အဘိုးအိုတစ်ယောက်နှင့် ဧရာမငါးကြီး တစ်ကောင်တို့ အားပြိုင်ခဲ့ကြပြီးနောက် အဘိုးအိုမှာ ခြေကုန် လက်ပန်းကျကာ မာလင်ငါးကြီးကို ဖမ်းမိခဲ့သော်လည်း အပြန်လမ်းတွင် ငါးမန်းများကြောင့် ၎င်းဖမ်းမိခဲ့သော ငါးကြီးမှာ အရိုးစုမျှသာ ကျန်ခဲ့ရသည့် အကြောင်း ရသမြောက်စွာ ရေးဖွဲ့ခဲ့သည့် ၎င်းဝတ္ထုမှာ ကမ္ဘာကျော်ခဲ့သည်။

အဘိုးအိုသည် လူသားတို့ကို ကိုယ်စားပြုပြီး ပင်လယ်ပြင်သည် လောကကို ကိုယ်စားပြုကြောင်း၊ လူသားသည် မိမိတို့ ရှင်သန်မှုအတွက် ရုန်းကန် တိုက်ပွဲဝင်ကြရကြောင်း၊ တစ်ခါတစ်ရံ အောင်ပွဲကို ဆွတ်ခူးနိုင် သည့်တိုင် ရလဒ်မှာမူ အနှစ်သာရနှင့် အဓိပ္ပာယ်တို့ ကင်းမဲ့တတ်ကြောင်းကို သင်္ကေတပြု၍ ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်ဟု ဝေဖန် သုံးသပ်ချက်များလည်း ရှိခဲ့သည်။

အဆိုပါဝတ္ထုကို ခံစား၍ အဆိုတော်ကြီး ကိုမင်းနောင် သီဆိုခဲ့သော “ဇရာ” သီချင်းမှာလည်း နားဆင်ရသူတို့ကို ခံစားမှုများ နက်နက်ရှိုင်းရှိုင်း ပေးစွမ်းနိုင်ကာ အိုမင်းမစွမ်းကြပြီ ဖြစ်သော သက်ကြီးရွယ်အိုတို့ အပေါ် ကရုဏာစိတ်များ ယိုဖိတ် ဖြစ်ပေါ်စေခဲ့သည်။

ဟဲမင်းဝေးသည် အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်၊ ကက်ထ်ချမ်မြို့တွင် နေအိမ်တစ်လုံးဝယ်ယူနေထိုင်ခဲ့ပြီး အဆိုပါနေအိမ်တွင် ၁၉၆၁ ခုနှစ် နှစ်လယ်ပိုင်းတွင် မိမိကိုယ်မိမိအဆုံးစီရင်သွားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး နေထိုင်ခဲ့သည့် လူနေခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service