တရုတ်၏ BRI အစီအစဉ်အတွက် စင်္ကာပူ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

တရုတ်၏ BRI အစီအစဉ်အတွက် စင်္ကာပူ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည် - Property News in Myanmar from iMyanmarHouse.com
10 Apr 2018 10:51 am တွင် တင်ခဲ့သည်
4182 ကြိမ် ကြည့်ရှု့ပြီး
တရုတ်၏ ပိုးလမ်းမအစီအစဉ် အောင်မြင်စွာ အကောင်အထည်ပေါ်လာရေး
အတွက် အလိုအပ်ဆုံးဈေးကွက်အဖြစ် ယူဆခံထားရသည့် စင်္ကာပူသည် ထိုအစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်တင်ရန် စင်္ကာပူက တရုတ်နှင့် ဧပြီ ၈ တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီဖြစ်သည်။

"ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစုရေကြောင်းပိုလမ်းမ" အစီအစဉ်ကို One Belt and One Road Initiative (OBOR)၊ The Belt and Road (B&R) နှင့် The Belt and Road Initiavtive (BRI) ဟုလည်း ခေါ်သည်။ ၎င်းမှာ အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထားသည့်၊ တရုတ်အစိုးရက အဆိုပြုသော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတစ်ခု ဖြစ်သည်။

ထို့ကြောင့် တရုတ်၏ ယင်းအစီအစဉ်သည် အာရှမှ ဥရောပကို ဆက်သွယ်မည့် ကြီးမားကျယ်ပြန့်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြစ်သည်။

စင်္ကာပူသည် BRI ၏ ၂၁ ရာစုရေကြောင်းပိုးလမ်းမတစ်လျှောက် မဟာဗျူဟာမြောက် တည်ရှိသည်။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ ဖြတ်လမ်းများတွင်လည်း တည်ရှိသဖြင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးအချက်အချာနေရာတစ်ခုလည်း အခိုင်အမာတည်ရှိနေသည်။

ဧပြီ ၈ က ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ စင်္ကာပူကုန်သွယ်ရေးနှင့် စက်မှုစီးပွားရေးလုပ်ငန်းဝန်ကြီးဌာနသည် တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ပူးပေါင်း၍ နှစ်နိုင်ငံစလုံးမှ ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လုပ်ငန်းများဆောင်ရွက်လိုသည့်ဈေးကွက်ကဏ္ဍများ ရှာဖွေဖော်ထုတ်မည်ဖြစ်သည်။

ဤပူးပေါင်းဆောင်ရွက်မှုတွင် အခြေခံအဆောက်အအုံဆိုင်ရာနှင့် ဘဏ္ဍာရေးချိတ်ဆက်မှုအပြင် BRI တွင် ပါဝင်သည့် နိုင်ငံများမှ တာဝန်ရှိသူများအတွက် ပူးတွဲလေ့ကျင့်သင်ကြားရေးအပါအဝင် အခြားနိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သည့် ၎င်း BRI အစီအစဉ်တွင် အာရှ၊ အာဖရိကနှင့် ဥရောပတစ်ခွင်ရှိ နိုင်ငံပေါင်း ၆၅ နိုင်ငံဝန်းကျင်ကို ဆက်သွယ်ရန် လမ်းများ၊ ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် စက်မှုဇုန်များ တည်ဆောက်မှုတို့ ပါဝင်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service