ရွှေဗဟိုဈေးကွက် အကောင်အထည်ဖော်မည့်ပုံစံ ညှိနှိုင်းမရသေးကြောင်း ရန်ကုန်ရွှေအသင်းပြော

ရွှေဗဟိုဈေးကွက် အကောင်အထည်ဖော်မည့်ပုံစံ ညှိနှိုင်းမရသေးကြောင်း ရန်ကုန်ရွှေအသင်းပြော - Property News in Myanmar from iMyanmarHouse.com
5 Apr 2018 11:22 am တွင် တင်ခဲ့သည်
4369 ကြိမ် ကြည့်ရှု့ပြီး
ရွှေဗဟိုဈေးကွက် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များကြား အကောင်အထည်ဖော်မည့်ပုံစံကို ညှိနှိုင်း၍ မရသေးဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်အသင်းနှင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းတို့က ရွှေဗဟိုဈေး ကွက် အကောင်အထည်ဖော် ရန် အစီအစဉ်ကို တစ်ခုစီရေးဆွဲ နေရာ ထိုနှစ်ခုသည် မတူနိုင်သေး ကြောင်း ဦးမျိုးမြင့်က ပြောသည်။

ရွှေဗဟိုဈေးကွက်သည် ရောင်းသူနှင့် ဝယ်သူတစ်နေရာ တည်းတွင် အဆင်ပြေစွာရောင်း ဝယ်နိုင်ရန် သတ်မှတ်ထားသည့် ဈေးကွက်ဖြစ်သည်။ ရန်ကုန်တိုင်း အသင်းက အကောင်အထည် ဖော်သည့် ရွှေဈေးကွက်သည် ရွှေ စင်ရွှေတုံးရောင်းချရန်သာဖြစ်ပြီး မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အ သင်းက အကောင်အထည်ဖော် ရာတွင် ရွှေစင်ရွှေတုံးသာမက သတ္တုနှင့် ကျောက်မျက်ရတနာ များပါ ရောင်းချရန်ဖြစ်သည်။

ထိုဈေးကွက်ပေါ်ပေါက်လာ ပါက ရွှေဝယ်သူများနှင့် ရောင်း သူများ တိုက်ရိုက်ရောင်းဝယ်ယူ နိုင်ခြင်းကြောင့် ရွှေပွဲစားနှင့် စာရင်းကိုင်များ အလုပ်အကိုင်မရှိမည်ကို ရန်ကုန်ရွှေအသင်းက စိုးရိမ်နေခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အသင်းက ငွေကြေးဓနတောင့်တင်းသူတချို့ တစ်ဝက်ပါတယ်။ အခြေခံလက် လုပ်လက်စား ရွှေပွဲစားများနဲ့ စာ ရင်းကိုင်ကလေးတွေကို အခြေပြုထားတာ။ အများစုကို အခြေခံ ထားတာ။ အခြေခံလူတန်းစား အကျိုးကို ထည့်သွင်းရေးဆွဲဖို့ အကြံပြုချင်တယ်’’ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အ တွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေဘုံသာလမ်းရှိ ရွှေဈေး ကွက်သည် နှစ် ၁၀၀ ကျော်ပြီ ဖြစ်ကာ ထိုဈေးကွက်သည်ဖျောက်ဖျက်၍မရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ကလျာပြည့်ဝေလျှံက ရွှေဈေး ကွက်ကို အကောင်အထည်ဖော် ရန် အချိန်နှင့် ဖော်ဆောင်မည့်ပုံစံ ကို ဧပြီတွင် မူဘောင်ထုတ်ပြန်နိုင် ရန် စီစဉ်ထားသည်ဟုဆိုသည်။ ရန်ကုန်တိုင်း ရွှေဈေးကွက်သည် လည်း ၎င်းတို့၏လက်အောက် တွင် ဈေးကွက်တစ်ခုအနေဖြင့် ပါဝင်လာမည်ဟုဆိုထားသည်။ သို့သော် ရွှေဗဟိုဈေးကွက်မည်သည့် နေရာတွင် ဖော်ဆောင်မည်ကို ၎င်းက ပြောကြားခြင်းမရှိသေးပေ။

လက်ရှိနိုင်ငံတွင်း ရွှေဗဟို ဈေးကွက် ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း နှင့် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်နေ ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

မြန်မာ့ရွှေဗဟိုဈေးကွက် အ ကောင်အထည်ဖော်ရန် သမ္မတ ဟောင်း ဦးသိန်းစိန်က ၂၀၁၅ ဒီဇင်ဘာ ၇ ရက်တွင် ခွင့်ပြုခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရွှေ ဗဟိုဈေးကွက်မရှိဘဲ အနီးဝန်း ကျင်နိုင်ငံများ၏ ရွှေပေါက်ဈေးဈေးကွက်ကိုသာ မှီခိုရောင်းချနေရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service