ဆော်ဒီတွင် လူ့သမိုင်းတလျှောက် အကြီးမားဆုံး နေစွမ်းအင်စီမံကိန်းကြီးကို ကန်ဒေါ်လာ ၂၀၀ ဘီလီယံအကုန်ကျခံတည်ဆောက်ရန် SoftBank နှင့် နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုး

ဆော်ဒီတွင် လူ့သမိုင်းတလျှောက် အကြီးမားဆုံး နေစွမ်းအင်စီမံကိန်းကြီးကို ကန်ဒေါ်လာ ၂၀၀ ဘီလီယံအကုန်ကျခံတည်ဆောက်ရန် SoftBank နှင့် နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
2 Apr 2018 11:36 am တွင် တင်ခဲ့သည်
4188 ကြိမ် ကြည့်ရှု့ပြီး
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် လူ့သမိုင်းတလျှောက် အကြီးမားဆုံး နေစွမ်းအင်စီမံကိန်းကြီးကို ကန်ဒေါ်လာ ၂၀၀ ဘီလီယံ အကုန်အကျခံတည်ဆောက်ရန် SoftBank နှင့် ဆော်ဒီအာရေးဗီးယားအကြား နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုးလိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း
ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

SoftBank တည်ထောင်သူ မာဆာယိုရှီဆန်နှင့် ဆော်ဒီ၏ နန်းလျာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်တို့ နယူးယောက်တွင် တွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ရေနံစိမ်းအကြီးမားဆုံး တင်ပို့သည့်နိုင်ငံဖြစ်သော ဆော်ဒီသည် ၎င်းတို့၏ စီးပွားရေးလမ်းကြောင်း ပြောင်းလဲရန်နှင့် ရေနံအပေါ်မှီခိုနေရမှုကို လျှော့ချသွားရန် ကြိုးပမ်းလာသည်။

ဆော်ဒီသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ရယူရေးအတွက် အရှိန်ဟုတ်မြှင့် ကြိုးပမ်းရန် ကတိပြုထားရာ ယခုခြေလှမ်းမှာ နောက်ဆုံးကြိုးပမ်းချက်လည်း ဖြစ်သည်။

သဘာဝဝန်းကျင် မထိခိုက်စေမည့် စွမ်းအင်ရယူနိုင်ရန် ကြိုးပမ်းနေခဲ့သည်မှာ ၄ နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင်မှ တင်ဒါလျှောက်ထားမှုများကို စတင်စိစစ်နိုင်ခဲ့သည်။

SoftBank က ဆော်ဒီတွင် တည်ဆောက်မည့် စီမံကိန်းသည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး နေစွမ်းအင်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်အထိ ရှိမည် ဖြစ်ကာ ၂၀၀ gigawatts အထိ ရရှိနိုင်မည်ဟု ဆိုသည်။

“ဒါဟာ လူ့သမိုင်းတစ်လျှောက် ကြီးမားတဲ့ ခြေလှမ်းကြီးတစ်ရပ်ဖြစ်ပါတယ်။ ရဲဝံ့စွန့်စားတဲ့ ခြေလှမ်းဖြစ်သလို အောင်မြင်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု မင်းသား မိုဟာမက်က ဆိုသည်။

အကယ်၍သာ ဆောက်လုပ်ပြီးစီးခဲ့ပါက ယခုစီမံကိန်းသည် ဆော်ဒီအာရေးဗီးယား၏ လျှပ်စစ်စွမ်းအင်ကို ၃ ဆခန့် မြင့်တက်လာစေမည် ဖြစ်သည်။
လက်ရှိအားဖြင့် ဆော်ဒီ၏ လျှပ်စစ်စွမ်းအင် ၃ ပုံ ၂ ပုံကို သဘာဝဓာတ်ငွေ့မှ ရယူပြီး ကျန်သည်ကို ရေနံမှ ရယူခြင်းဖြစ်သည်။

နေစွမ်းအင်မှ လျှပ်စစ်ရရှိသည်မှာ အလွန်နည်းပါးသည့် ပမာဏသာ ရှိသည်။
ယခုစီမံကိန်းကြောင့် အလုပ်အကိုင်နေရာပေါင်း ၁၀၀၀၀၀ ခန့် ဖန်တီးပေးနိုင်မည့်အပြင် စွမ်းအင်အတွက် ကုန်ကျစရိတ် ကန်ဒေါ်လာ ၄၀ ဘီလီယံခန့်အထိ လျှော့ချသွားနိုင်မည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် စွမ်းအင်ရရှိနိုင်မည် ဖြစ်သည်။

“ဆော်ဒီမှာ နေရောင်ခြည်ရရှိမှု သိပ်ကို ကောင်းမွန်တယ်။ မြေနေရာကျယ်ကျယ်ပြောပြောရနိုင်တဲ့အပြင် အင်ဂျင်နီယာကောင်းတွေ၊ လုပ်သားစွမ်းအားစုတွေရှိနေပါတယ်။ ဒါပေမယ့် အရေးအပါဆုံးအချက်ကတော့ သူတို့ရဲ့ အမြင်ကျယ်မှုပါပဲ” ဟု မာဆာယိုရှီဆန်က ပြောကြားသည်။

SoftBank သည် လာမည့် ၃ နှစ်မှ ၄ နှစ်တာကာလအတွင်း ဆော်ဒီတွင် ကန်ဒေါ်လာ ၂၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် ရည်မှန်းထားသည်။

ယင်းအချက်မှာ ဆော်ဒီ၏ Vision 2030 ရည်မှန်းချက်နှင့် အဆိုပါခုနှစ်သို့ရောက်လျှင် ရေနံအပေါ်မှီတည်နေသည့် တိုင်းပြည်စီးပွားရေး လုံးလုံးလျားလျားပြောင်းလဲသွားရန် ရည်မှန်းထားသည့် မင်းသားမိုဟာမက်၏ ရည်မှန်းချက်အပေါ်တွင်လည်း အားတစ်ရပ်ဖြစ်လာစေမည် ဖြစ်သည်။

SoftBank က ဆော်ဒီရှိ ပင်လယ်နီကမ်းရိုးတန်းတွင် တည်ဆောက်သွားမည့် Neom မြို့သစ်စီမံကိန်းတွင် ကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားရန်လည်း ရည်မှန်းထားသည်။

ဆော်ဒီအာရေးဗီးယားသည် လာမည့် ၂၅ နှစ်အတွင်း ကန်ဒေါ်လာ ၈၀ ဘီလီယံကျော်သုံးစွဲကာ အနုမြူဓာတ်ပေါင်းဖိုပေါင်း အနည်းဆုံး ၁၆ လုံးတည်ဆောက်သွားရန်လည်း စီစဉ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆော်ဒီတွင် လူ့သမိုင်းတလျှောက် အကြီးမားဆုံး နေစွမ်းအင်စီမံကိန်းကြီးကို ကန်ဒေါ်လာ ၂၀၀ ဘီလီယံအကုန်ကျခံတည်ဆောက်ရန် SoftBank နှင့် နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီတွင် လူ့သမိုင်းတလျှောက် အကြီးမားဆုံး နေစွမ်းအင်စီမံကိန်းကြီးကို ကန်ဒေါ်လာ ၂၀၀ ဘီလီယံအကုန်ကျခံတည်ဆောက်ရန် SoftBank နှင့် နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service