ရန်ကုန်တိုင်း ၂၀၁၈ အခွန်အခ ဥပဒေကြမ်းကို တိုင်းလွှတ်တော်အတည်ပြု

ရန်ကုန်တိုင်း ၂၀၁၈ အခွန်အခ ဥပဒေကြမ်းကို တိုင်းလွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
2 Apr 2018 10:14 am တွင် တင်ခဲ့သည်
5777 ကြိမ် ကြည့်ရှု့ပြီး
ပစ္စည်းခွန်၊ မြေယာခွန်၊ ကျူးကျော်ခွန်စသည့် အခွန်အခများပါဝင်သည့် ၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းကို မတ်လ ၃၀ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ကိုးဦး၏ ပြင်ဆင်ဖြည့်စွက်အကြံပြုဆွေးနွေးချက်များအပေါ် ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မတ်လ ၃၀ ရက် လွှတ်တော်အစည်းအဝေး၌ ပြန်လည်ဆွေးနွေးကာ ဥပဒေ ကြမ်း လွှတ်တော်ဆုံးဖြတ်ချက် ရယူ၍ အတည်ပြုခဲ့သည်။

ယင်းဥပဒေကြမ်းတွင် အခန်း ခုနစ်ခန်း၊ ပုဒ်မ ၃၃ ခုနှင့် နောက်ဆက်တွဲဖော်ပြချက် (က) မှ (ဋ) အထိ ပါဝင်ပြီး ပစ္စည်းခွန်နှုန်းထားသတ်မှတ်ချက်များ၊ မြေယာအခွန်၊ အင်းအိုင်အခွန်များစသည့် အခွန်အခများ ထည့်သွင်းရေးဆွဲထားသည်။

အဆိုပါဥပဒေကြမ်းကို ၀န်ကြီး ဦးမြင့်သောင်းက မတ်လ ၂၁ ရက်တွင် ရန်ကုန်တိုင်းလွှတ်တော် သို့ တင်သွင်းခဲ့ပြီး မတ်လ ၂၉ ရက်က ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးသိန်းမြင့်၊ ဦးရန်အောင်မင်း၊ ဒေါ်ကြည်ပြာ၊ ဦးဇော်ဝင်းနိုင်၊ ဦးကျော်ဇေယျ၊ ဒေါ်မြလှစံ၊ ဦးကျော်ကျော်ထွန်းနှင့် ဦးနေဘုန်းလတ်တို့က ဆွေးနွေးခဲ့သည်။

ပစ္စည်းခွန် ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းကြောင့် များ ပြားနေခြင်း၊ မြေယာခွန်နှုန်းထား များ ခေတ်ကာလနှင့် မကိုက်ညီခြင်း၊ ဥပဒေကြမ်းပါ သက်ဆိုင်ရာဌာနများ၏ တာဝန်နှင့် လုပ်ကိုင် ခွင့်များ၊ ကင်းလွတ်ခွင့်နှင့် သက် သာခွင့်များ၊ စီးပွားဖြစ် အမှိုက် သိမ်းခများ၊ လေကျူး၊ မိလ္လာကျူး၊ မီးစက်ကျူး၊ အမြဲတမ်းကျူး၊ မြို့ စွန်များရှိ ဆိုင်းဘုတ်ကြော်ငြာလုပ်ငန်းခွန်များလျှော့ချပေးရန်၊ အခွန်ထမ်းပြည်သူများအား ထိုက်သင့် သော ချီးမြှင့်မှုများပြုလုပ်ရန်နှင့် အများပြည်သူသုံးသန့်စင်ခန်းနှုန်း များ အခမဲ့သတ်မှတ်ရန် စသည့်အချက်အလက်များကို ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးချက်များနှင့် ပတ်သက်၍ ဦးမြင့်သောင်းက ပြန်လည်ဆွေးနွေးရာတွင် မြေယာခွန်နှုန်းထားကို အခြေခံဥပဒေ၏ ဇယား (၁) အရ ပြည်ထောင်စုမှ ညှိနှိုင်း သတ်မှတ်ထားသည့်အ တွက် ပြည်ထောင်စုနှင့် ညှိနှိုင်း သတ်မှတ်ပြင်ဆင်ပြီးမှသာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးအတည်ပြုချက်ရယူမည် ဖြစ်ကြောင်း ပြောသည်။

ပစ္စည်းခွန် ၁၃ ရာခိုင်နှုန်းများ ပြားနေခြင်းကြောင့် ပြန်လည်ပြင် ဆင်ရန်ရှိ၊ မရှိ ဒေါ်စန္ဒာမင်း၏ တင်ပြချက်များအပေါ် ယင်းနှုန်းထားများ ပြန်လည်ပြင်ဆင်ရန် Survey များပြုလုပ်ပြီးမှသာ လျှော့ပေါ့မည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါနှုန်းထားအတိုင်း ထားရှိမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

‘‘မိလ္လာကန် ကျူးတွေကိုလည်း လက်ရှိနှုန်းထားအတိုင်း ထားရှိသွားမှာ ဖြစ်ပါတယ်။ မီး စက်ကျူးကိုတော့ ဒီနှစ်ကစပြီး ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ မီး စက်များ ထားရှိမှုကို နောင်မှာ ခွင့်ပြုမှာမဟုတ်တော့ပါဘူး။ ဆိုင်ငှားခများကိုလည်း Survey ကောက်ခံပြီး ပြန်လည်ပြင်ဆင်ဖို့ ရှိပါတယ်။ တိရစ္ဆာန်ဆေးကုနှုန်းထားများကိုလည်း Survey ကောက်ခံပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ အမြဲတမ်းကျူးကျော်ကြေးကို အမြဲတမ်းရော၊ ယာယီရော မသုံးဘဲ ကျူးကျော်ကြေးပဲ သုံးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးမြင့်သောင်းက ဆိုသည်။

ဆက်လက်၍ ယင်းဥပဒေ ကြမ်းတွင် ဆိုင်းဘုတ်ခွန်ကို ဈေးကွက် အခြေအနေအရ ဆိုင်း ဘုတ်များအားလုံး ကြော်ငြာနေ ခြင်းကြောင့် လက်ရှိ နှုန်းထားများအတိုင်း ကောက်ခံမည်ဖြစ် ကြောင်း၊ ကျူးကျော်ခွန်အစား နေရောင်ကာခွန်အဖြစ်
ပြင်ဆင်ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

ထို့ပြင် ယာဉ်ငှားခနှုန်းထား များ ပယ်ဖျက်မည်ဖြစ်ပြီး စားသုံးဆီနမူနာစစ်ဆေးခကို လက်ရှိနှုန်းထားအတိုင်း ကျင့်သုံးမည် ဖြစ်သည်။

ဆိပ်ကမ်းအခွန်များကိုလည်းပြန်လည်ညှိနှိုင်းချက်များအရ စက် လှေအသေး ဆိုက်ကပ်ခ ကျပ် ၁,၅၀၀ ၊ စက်လှေအကြီး ကျပ် ၂,၅၀၀ ၊ သင်္ဘောအကြီး ကျပ် ၅,၀၀၀ ၊ သင်္ဘောအကြီးတွဲပါရှိပါက ကျပ် ၇,၀၀၀ ၊ ကမ်းရိုးတန်းသင်္ဘောများအား ကျပ် ၈,၀၀၀ ၊ ကုန်တင် ကုန်ချများကိုလည်း ၂၀ ကျပ်မှ ကျပ် ၄၀၀ အထိ ကုန်စည်အလိုက် ပြောင်းလဲသတ်မှတ်ထားပြီး ယစ်မျိုးခွန်နှုန်းထားများကို ပြည်ထောင်စုနှင့် ညှိနှိုင်းပြီးမှသာ ပြန်လည်ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း ၀န်ကြီးက ပြောကြား သည်။

၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်းကို အခန်းအလိုက်ကြေညာကာ လွှတ်တော်ဆုံးဖြတ်ချက်ရယူအတည်ပြုခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service