ဇေကမ္ဘာရဲ့ မြရိပ်ညိုဆောက်လုပ်ရေးစီမံကိန်းကို ကန့်ကွက်မှုများပြား

ဇေကမ္ဘာရဲ့ မြရိပ်ညိုဆောက်လုပ်ရေးစီမံကိန်းကို ကန့်ကွက်မှုများပြား - Property News in Myanmar from iMyanmarHouse.com
29 Mar 2018 10:41 am တွင် တင်ခဲ့သည်
6929 ကြိမ် ကြည့်ရှု့ပြီး
မြရိပ်ညိုဟိုတယ်ဝင်းအတွင်းမှာ ဇေကမ္ဘာကုမ္ပဏီက တည်ဆောက်မယ့် အထပ်မြင့်စီမံကိန်းကြီးကို ပတ်ဝန်းကျင်လူထုက ကန့်ကွက်နေကြပါတယ်။

ဒီစီမံကိန်းတည်ဆောက်မယ့် အနီးအနားမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်ကိုးခုကို ရေပေးဝေနေတဲ့ ရေသိုလှောင်ကန်ကြီးနဲ့ ရေတွန်းစက်ကြီး တည်ရှိနေပါတယ်။အဲဒီနေရာဟာ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးကုန်းမြင့်တွေအနက်က တစ်ခုအပါ အဝင်ဖြစ်တဲ့အတွက် အဲဒီနေရာမှာ ရေသိုလှောင်ကန်ကြီးထားပြီး ရေတွန်းစက်နဲ့ ရေပေးဝေခဲ့တာ နှစ်ပေါင်း ၉ဝ ကျော်ရှိပြီဖြစ်ပါတယ်။

ဒါကြောင့် အထပ်မြင့်စီမံကိန်းကြောင့် ရေလှောင်ကန်နဲ့ ရေတွန်းစက်တို့ ထိခိုက်မှာကို စိုးရိမ်ကြတယ်လို့ ကန့်ကွက်သူတွေကဆိုပါတယ်။ အဲဒါအပြင် ကုန်းမြင့်ပေါ်မှာ အထပ်မြင့်အဆောက်အအုံထပ်ဆောက်ရင် ရွှေတိဂုံစေတီတော်ကို မြင်ကွင်းကွယ်သွားမှာလည်း စိုးရိမ်တယ်လို့ သူတို့ကဆိုပါတယ်။

မြရိပ်ညို ဘက်စုံသုံး အဆောက်အအုံစီမံကိန်းခွင့်ပြုချက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂ဝ၁၇ ခုနှစ်၊ ဇွန် ၈ ရက်က ပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ကန့်ကွက်ရန် မရှိကြောင်း အတည်ပြုပြီး ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

စီမံကိန်းမှာ ၂၄ ထပ်ရှိတဲ့ အဆောက်အအုံ ၁၂ လုံးနဲ့ သုံးထပ်အဆောက်အအုံ တစ်လုံးတို့ကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ရဲ့ တိုင်းလွှတ်တော်အမတ် ဦးသောင်းထွဋ်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

လောလောဆယ်မှာတော့ စီမံကိန်းကို ကန့်ကွက်မှုတွေ ရှိနေတဲ့အတွက် ယခုလ ၁၄ ရက်ကစလို့ ခေတ္တရပ်ဆိုင်းထားပါတယ်။

''စည်ပင်သာယာက ဒေါ်လှိုင်မော်ဦးနဲ့အဖွဲ့က လာရောက်စစ်ဆေးတဲ့အခါ ခိုင်မာစိတ်ချမှုမရှိတဲ့အတွက် ရပ်ခိုင်းထားခဲ့တာဖြစ်ပါတယ်''လို့ ဦးသောင်းထွဋ်က ပြောပါတယ်။

ရေလှောင်ကန်နဲ့ နီးတဲ့နေရာတွေမှာ ဆောက်လုပ်ခွင့် မပေးထားပေမဲ့တခြားနေရာတွေမှာမြေသယ်တာနဲ့အခြားအသေးစားအဆောက်အအုံတွေကိုတော့ စည်ပင်က ခွင့်ပြုပေးထားပြီး အပိုင်းလိုက် ဆောက်လုပ်ခွင့်ချထားပေး တယ်လို့လည်း ဦးသောင်းထွဋ်က ဆိုပါတယ်။

ဒီစီမံကိန်းကို ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်ကြောင်း လွှတ်တော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ စာတင်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ စည်ပင်သာယာက ဆောက်လုပ်ခွင့် တားမြစ်ခဲ့တဲ့အတွက် ကန့်ကွက်မယ့်ကိစ္စကို ခဏရပ်ဆိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

''ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းတွေလုပ်တာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ပြည်သူတွေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိမယ်ဆိုရင်တော့ တားရမှာပေါ့''လို့ ဦးသောင်းထွဋ်က ဆိုပါတယ်။

စီမံကိန်းဟာ စိတ်ချနိုင်တဲ့ ခိုင်မာမှုရှိမရှိ စစ်ဆေးနေဆဲဖြစ်ပြီး ဆောက်လုပ်မှုနည်းစနစ်များ တိကျပြီး အန္တရာယ်ကင်းမှသာ ပြန်လည်ဆောက်လုပ်ခွင့် ပေးမှာဖြစ်တဲ့အတွက် ဘယ်အချိန်မှာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ် ဆိုတာကို မသိနိုင်သေးကြောင်း ဦးသောင်းထွဋ်က ပြောပါတယ်။

စီမံကိန်းကို မလိုလားတဲ့ ရေလှောင်ကန်အနီးရှိ ရွှေတောင်ကြား ၂ ရပ်ကွက်က ပြည်သူအချို့က ရန်ကုန်မြို့ ကုက္ကိုင်းရေလှောင်ကန်အား ဘေးအန္တရာယ်မှ ကယ်တင်ခြင်းအဖွဲ့ကို ယခုလ ၁၁ ရက်က ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့ရဲ့ဥက္ကဠ ဦးဝင်းဗိုလ်က စည်ပင်သာယာက ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားခဲ့ပေမဲ့ စီမံကိန်းအတွင်း တရားမဝင်ဆောက်လုပ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

''ဆောက်လုပ်မှုရပ်ဖို့ပြောထားပေမဲ့ ၂၄ ရက်နေ့က ဏငူန ရိုက်တယ်။ သိသိချင်းပဲ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြောတော့ အုပ်ချုပ်ရေးမှူးက စိမ့်ထွက်နေတဲ့ ရေကိစ္စ မရှင်းလင်းမချင်း ဘာမှဆက်မလုပ်ဖို့ တားဆီးလိုက်ပါတယ်''လို့ ဦးဝင်းဗိုလ်က ဆိုပါတယ်။

အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် စီမံကိန်းဧရိယာထဲမှာရှိတဲ့ တောင်ကုန်းတွေကို ခန့်မှန်းအမြင့် ၃၅ ပေခန့် ဖြိုချလိုက်ပြီးတဲ့နောက် ရေတွေ စိမ့်ထွက်လာခဲ့ကြောင်း အဲဒီရပ်ကွက်မှာ နေထိုင်သူ ဦးဝင်းဗိုလ်က ဆိုပါတယ်။ ရေစိမ့်ထွက်တဲ့အကြောင်းရင်းကို မသိရမချင်း စီမံကိန်းကို အာဏာပိုင်တွေက ရပ်နားထားခိုင်းခဲ့တာဖြစ်တယ်လို့လည်း သူက ဆက်ရှင်းပြပါတယ်။

အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်လိုက်ရင် ရေလှောင်ကန်ကို မထိခိုက်နိုင်ဘူးလို့ ဘယ်အင်ဂျင်နီယာကမှ မပြောနိုင်သေးသလို ရွှေတိဂုံဘုရားကို မြင်နေရတဲ့ မြင်ကွင်းကိုလည်း ကွယ်သွားစေနိုင်တယ်လို့ ဦးဝင်းဗိုလ်က စောဒကတက်ပါတယ်။

ဇေကမ္ဘာရဲ့ စီမံကိန်းတည်နေရာနဲ့ ရွှေတိဂုံဘုရားဟာ မြေပုံညွှန်းအရဆိုရင် နှစ်ကီလိုမီတာကျော်ပဲ ကွာဝေးတာကို လေ့လာတွေ့ရှိရပါတယ်။

အဲဒါအပြင် ကုက္ကိုင်းရေလှောင်ကန်ဟာ သက်တမ်း နှစ် ၁ဝဝ နီးပါးရှိတဲ့အပြင် အနက် ပေ ၂ဝ ရှိပြီး သုံးဧကကျော် ကျယ်ဝန်းတဲ့ ရေလှောင်ကန်တစ်ခုဖြစ်ပြီး ရေဂါလန် သန်းပေါင်း ၂ဝ ကို သိုလှောင်ထားတဲ့ ကန်ကြီးဖြစ်ပါတယ်။

အဲဒီရေလှောင်ကန်မှာ ဂျိုးဖြူရေကန်မှ ၅၆ လက်မပိုက်လိုင်းနဲ့ သွယ်ယူရေသိုလှောင်ထားပြီး ရန်ကုန်မြို့အတွင်းရှိ ရွှေတိဂုံဘုရားနဲ့ ပြည်သူ့ဆေးရုံကြီးအပါအဝင် ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်နဲ့ မင်္ဂလာတောင်ညွန့် စတဲ့မြို့နယ်တွေကို ရေဖြန့်ဝေနေတာဖြစ်ပါတယ်။

နေရာအားဖြင့်လည်း သာယာလှပတဲ့ ကုန်းမြင့်နေရာ ဖြစ်တာကြောင့် ခေတ်အဆက်ဆက် လူ့မလိုင်များ နေထိုင်ခဲ့ကာ အင်္ဂလိပ်အစိုးရခေတ်မှာ Mount Pleasant လို့ အမည်တွင်ပြီး အရာရှိအရာခံများ နေထိုင်ရာ အိမ်ကြီးရခိုင်တွေ အများအပြားတည်ရှိခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီမှာရှိတဲ့ ထင်ရှားတဲ့ အဆောက်အအုံတွေထဲမှာ မြို့ပြအမွေအနှစ် စာရင်းဝင် မြို့တော်ဝန်နေထိုင်ရာ အိမ်ဟောင်းနဲ့ မြို့တော်ဝန်ဧည့်ဂေဟာ ဟောင်း အစရှိတဲ့ အမွေအနှစ်အဆောက်အအုံတွေတည်ရှိပါတယ်။

ဒီလိုအရေးပါတဲ့နေရာမှာ ဖွံ့ဖြိုးမှုတစ်ခုခုလုပ်မယ်ဆိုရင် နေရာရဲ့ အရေးပါ ပုံအရ သင့်လျော်တဲ့ ဖွံ့ဖြိုးမှုမျိုးသာဖြစ်သင့်ပြီး အများပြည်သူ သဘောတူမယ့် ပွင့်လင်းမြင်သာမှုမျိုး ရှိသင့်တယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ရဲ့ ဒုတိယဥက္ကဠဒေါ်မိုးမိုးလွင်က ပြောပါတယ်။

''ရွှေတိဂုံစေတီကုန်းတော်နဲ့ အပြိုင်ရှိနေတဲ့နေရာမျိုးမှာ ဘယ်လောက်အမြင့်ဆောက်သင့်တယ်၊ မဆောက်သင့်ဘူးဆိုတာကလည်း မေးခွန်းတစ်ခုဖြစ်နေပါတယ်''လို့ ၄င်းကဆိုပါတယ်။

ကွန်တိုမြေပုံညွှန်းများအရ ရွှေတိဂုံစေတီတော်တည်ရှိရာ ကုန်းမြင့်ပြီးလျှင် ထိုနေရာက ရန်ကုန်မြို့မှာ အမြင့်ဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ဒေါ်မိုးမိုးလွင်က မေးခွန်းထုတ်တာဖြစ်ပါတယ်။

ဒါ့ပြင် ကုန်းပေါ်မှာတည်ရှိတဲ့ အမွေအနှစ်အဆောက်အအုံတွေကို ထိခိုက်မှု မရှိအောင် ထည့်သွင်းစဉ်းစားထားမှု ရှိ/မရှိ၊ စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ အမွေအနှစ်တွေ ဘယ်လောက်ထိခိုက် နစ်နာသွားမယ်ဆိုတာ ကလည်း မေးခွန်းထုတ်စရာလို့ ဒေါ်မိုးမိုးလွင်က ပြောပါတယ်။

အဆိုပါနေရာဟာ အဖိုးတန် ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိနေပြီး ဧရာမရေလှောင်ကန်ကြီးနဲ့ ရေတွန်းစက်တွေ တည်ရှိနေတဲ့ ရန်ကုန်မြို့ရဲ့ အရေးကြီးတဲ့ နေရာတစ်ခုဖြစ်တာကြောင့် ပုဂ္ဂလိကပိုင်ဆိုင်မှုအနေနဲ့ လုပ်ချင်တိုင်း လုပ်လို့မရကြောင်းလည်း ဒေါ်မိုးမိုးလွင်က ဆိုပါတယ်။

အဆိုပါကုန်းမြင့်နေရာကနေပြီး ရွှေတိဂုံစေတီတော်ကို ရှင်းလင်းကျယ်ပြန့် စွာ ဖူးတွေ့နိုင်တဲ့အပြင် မြို့လယ်နေရာမှာ ရှိနေပေမဲ့ တောင်ပေါ်မြို့တစ်ခုလို ပတ်ဝန်းကျင်မျိုးရှိတဲ့ ဒုတိယအမြင့်ဆုံး ကုန်းမြင့်နေရာဟာ ထိန်းသိမ်းထားသင့်တဲ့ မြို့အမွေအနှစ်တစ်ခုဖြစ်တဲ့အကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဇေကမ္ဘာရဲ့ပိုင်ရှင် လွှတ်တော်အမတ်ဟောင်း ဦးခင်ရွှေ ကို မြန်မာတိုင်း(မ်)က သုံးကြိမ်တိုင် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်ငြား သူ့လက်ထောက်က မဖြေကြားနိုင်သေးကြောင်းသာ ပြောကြားခဲ့ပါတယ်။

Credit: The Myanmar Times
ဇေကမ္ဘာရဲ့ မြရိပ်ညိုဆောက်လုပ်ရေးစီမံကိန်းကို ကန့်ကွက်မှုများပြား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service