အမေရိကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ၈ လောင်းပြိုင်လူသတ်မှုကြီးဖြစ်ခဲ့ပြီး ယခုအခါ သရဲအလွန်ခြောက်သည့် နေအိမ်ကြီးသို့ တစ်ဦးလျှင် ၇၅ ဒေါ်လာဖြင့် ညအိပ်စုံစမ်းနိုင်ပြီ

အမေရိကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ၈ လောင်းပြိုင်လူသတ်မှုကြီးဖြစ်ခဲ့ပြီး ယခုအခါ သရဲအလွန်ခြောက်သည့် နေအိမ်ကြီးသို့ တစ်ဦးလျှင် ၇၅ ဒေါ်လာဖြင့် ညအိပ်စုံစမ်းနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
21 Mar 2018 11:19 am တွင် တင်ခဲ့သည်
5171 ကြိမ် ကြည့်ရှု့ပြီး
အိုင်အိုဝါပြည်နယ်ရှိ ဗီလစ္စကာမြို့ကလေးသည် လူဦးရေ ၁၂၅၂ ဦးသာရှိပြီး ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်နိုင်မည့်အရာလည်း များများစားစားမရှိချေ။

သို့ရာတွင် ယင်းမြို့ကလေးရှိ Villisca Axe House အမည်ရှိ စံအိမ်ကြီးမှာမူ ကမ္ဘာသို့ပင် နာမည်ကျော်လှသည်။

သစ်ဖြင့်ဆောက်လုပ်ထားသော အဖြူရောင်နေအိမ်ကြီးဖြစ်ပြီး ခြောက်ခြားဖွယ်လူသတ်မှုကြီးဖြစ်ပွားရာနေရာဖြစ်ခဲ့ကာ မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရသည်။

ကလေး ၄ ဦးအပါအဝင် ကလေးများ၏သူငယ်ချင်း ၂ ဦးပါ အသတ်ခံခဲ့ရပြီး ပုဆိန်ဖြင့် ခုတ်သတ်ခံခဲ့ကြရခြင်း ဖြစ်သည်။ စုစုပေါင်း လူ ၈ ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။သံသယရှိသူ များစွာရှိခဲ့ရာ အိုင်အိုဝါပြည်နယ်မှ အထက်လွှတ်တော်အမတ်တစ်ဦးပင် ပါဝင်သည်။

သို့ရာတွင် အဆိုပါအမှုကြီးနှင့် ပတ်သက်ပြီး မည်သူမျှ ဖမ်းဆီးအရေးယူခံခဲ့ရခြင်း မရှိချေ။

နောင်နှစ်ပေါင်း ၁၀၀ ကျော် ယနေ့အချိန်ထိ အသတ်ခံခဲ့ရသူတို့၏ ဝိဥာဉ်များရှိနေဆဲဖြစ်ကာ ၎င်းတို့အတွက် တရားမျှတမှုကို စောင့်ဆိုင်းနေဟန် ရှိလေသည်။

အကယ်၍ သင့်အနေဖြင့် ပရလောကအတွေ့အကြုံများ ရရှိလိုသည်ဆိုပါက အဆိုပါနေအိမ်ကြီးသို့ ညအိပ်ညနေသွားရောက်လည်ပတ်နိုင်လေသည်။

အိုင်အိုဝါပြည်နယ်၊ ဗီလစ္စကာမြို့ကလေးရှိ အဆိုပါနေအိမ်တွင် မိသားစုလိုက် သတ်ဖြတ်မှုကြီးခံခဲ့ရသည်မှာ ၁၉၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ ဖြစ်လေသည်။

မြို့ငယ်လေး၏ ဆိတ်ငြိမ်သော လူနေရပ်ကွက် လမ်းတစ်လမ်းအတွင်းရှိ ရှေးဟောင်းအဖြူရောင် အိမ်ကြီးတစ်လုံး နေဝင်ဖျိုးဖျ အလင်းပျောက်သောအချိန်များတွင် ယင်းနေအိမ်၌ လူသူကင်းမဲ့ဆိတ်ငြိမ်နေသည်မှာ ဝန်းကျင်နေအိမ်များနှင့် ခြားနားနေသည်ကို သတိပြုမိနိုင်လေသည်။

ပိုမိုနီးကပ်စွာလေ့လာကြည့်မည်ဆိုပါက တံခါးများနှင့် ပြတင်းများကို အသေပိတ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ခြံဝန်းနောက်ရှိ နေအိမ်ကိုကြည့်မည်ဆိုပါကလည်း ယခုခြံဝန်းကြီးအတွင်း လူသူကင်းမဲ့လျက်ရှိနေသည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပြီကို သိရှိနိုင်သည်။

ရာသီဥတုအလီလီ၏ အောက်တွင် ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သော နေအိမ်ရှေ့ဆင်ဝင်မှာလည်း လာရောက်လည်ပတ်မည့်သူတို့အား တစုံတရာသတိပေးနေသကဲ့သို့ ရှိနေသည်။

ဤအိမ်ကြီးကား အိုင်အိုဝါပြည်နယ်တွင်သာမက အမေရိကန်တစ်နိုင်ငံလုံးတွင်ပါ "Murder House" ဟု နာမည်ကျော်သော နေအိမ်ကြီးဖြစ်၏။

အိမ်ရှင် ဂျိုဆီယာမိုးရ်၏ မိသားတစ်စုလုံးနှင့် ညအိပ်ဧည့်သည် ၂ ဦးကို သတ်ဖြတ်သွားသည့် လူသတ်တရားခံ (သို့မဟုတ်) တရားခံများကိုကား ယနေ့တိုင်မဖော်ထုတ်နိုင်သေးချေ။
နှစ်ပေါင်း ၁၀၆ နှစ်ရှိပြီဖြစ်သည့် ယနေ့တိုင် စံအိမ်ကြီး၏လျှို့ဝှက်ချက်များက လာရောက်လည်ပတ်မည့်သူများကို ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်သည်။

ဤစံအိမ်ကြီးသို့ လာရောက်သုတေသနပြုခဲ့ကြသည့် ပရလောကသုတေသီတို့ထံတွင် ယင်းနေအိမ်၌ သရဲခြောက်ကြောင်း အထောက်အထားအသံဖိုင်၊ ဗွီဒီယိုဖိုင်ပေါင်းများစွာ ရှိနေသည်။

နေအိမ်သို့ လာရောက်လေ့လာခဲ့သူများသည် ကလေးသံများကြားရခြင်း၊ မီးလုံးများပြုတ်ကျသည်-လှေကားများရွေ့လျားနေသည်ကို တွေ့မြင်ခြင်း၊ အိမ်တွင်းရှိ ပစ္စည်းပစ္စယများ ပျံဝဲနေသည်ကို တွေ့မြင်ခြင်းများ ကြုံခဲ့ကြရသည်ဟု ဆိုသည်။

ယင်းနေအိမ်ကြီးသို့ လူ ၆ ဦးပါအဖွဲ့ ညအိပ်ညနေလည်ပတ်မည်ဆိုလျှင် ကန်ဒေါ်လာ ၄၂၈ ဖြင့် အလည်အပတ်သွားနိုင်မည်ဖြစ်ပြီး ထပ်တိုးတစ်ဦးလျှင် ၇၅ ဒေါ်လာ ကျသင့်မည်ဟု ဆိုသည်။

ယခု ၂၀၁၈ မတ်လ အတွင်း ညအိပ်လေ့လာသူ ၉ ဦးရှိခဲ့ပြီး ယနေ့ မတ်လ ၂၁ ရက်ညတွင်လည်း ညအိပ်နေထိုင်စုံစမ်းရန် စာရင်းပေးထားသူရှိနေသည်။

သင့်အနေဖြင့် သရဲခြောက်သော ဗီလစ္စကာနေအိမ်ကြီးသို့ ညအိပ်စုံစမ်းလိုပါက ဖုန်းနံပါတ် 712.621.1530 (မစ္စတာ မာတင်လင်း) ထံသို့ ဆက်သွယ်ကာ အသေးစိတ်အချက်အလက်များ မေးမြန်းနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ၈ လောင်းပြိုင်လူသတ်မှုကြီးဖြစ်ခဲ့ပြီး ယခုအခါ သရဲအလွန်ခြောက်သည့် နေအိမ်ကြီးသို့ တစ်ဦးလျှင် ၇၅ ဒေါ်လာဖြင့် ညအိပ်စုံစမ်းနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service