တည်ဆောက်ရေးကာလထက်ကျော်သည့် လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးမည်

တည်ဆောက်ရေးကာလထက်ကျော်သည့် လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
19 Mar 2018 10:57 am တွင် တင်ခဲ့သည်
4324 ကြိမ် ကြည့်ရှု့ပြီး
တည်ဆောက်ရေးကာလထက် ကျော်လွန်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ဒုတိယအကြိမ် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် လုပ်ငန်းလိုအပ်ချက်အရ တည်ဆောက်ရေးကာလ တစ်နှစ်နှင့်အထက် ခွင့်ပြုပေးလျက်ရှိပြီး အချို့သောလုပ်ငန်းများမှာ မြေယာအခက်အခဲ၊ ရေအခက်အခဲနှင့် ရာသီဥတုဆိုးရွားမှုများကြောင့် တည်ဆောက်ရေး ကာလထက်ကျော်လွန်ကာ လုပ်ငန်းမစတင်နိုင်သည့် စီးပွားရေးလုပ်ငန်းများရှိကြောင်း ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

“ အမှန်တကယ်တော့ သူတို့တွေ ဘာအခက်အခဲရှိလဲဆိုတာ ခေါ်မေးတာ။ ဥပမာ မြေယာလိုအခက်အခဲရှိရင် MIC အနေနဲ့ လုပ်ပေးနိုင်တာကိုကူညီပြီး လုပ်ငန်းမြန်ဆန်စေရေးကို လုပ်ပေးတယ်။ တကယ်လို့ အခက်အခဲမရှိဘဲနဲ့ တကယ်မလုပ်တဲ့ သူတွေကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူမှာပါ ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးကာလ ကျော်လွန်သည့် ကုမ္ပဏီ ၁၁ ခုကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ယင်းကုမ္ပဏီများ၏ အခက်အခဲကို ကူညီပေးခဲ့ကြောင်း၊ အဆိုပါအခက်အခဲဖြစ်သည့် စီးပွားရေးလုပ်ငန်းများမှာ စက်မှုလုပ်ငန်း၊ အိမ်၊ ခြံ၊ မြေလုပ်ငန်း ၊ ဆောက်လုပ်ရေးနှင့် အခြားသောကဏ္ဍများလည်း ပါဝင်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအနေနှင့် စတင်ဝင်ရောက်သည့်ချိန်မှစ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းအခြေအနေများကို သုံးလတစ်ကြိမ် အစီရင်ခံစာ တင်ရလေ့ရှိကာ တည်ဆောက်ရေးကြန့်ကြာသည့် လုပ်ငန်းများကို စစ်ဆေးလျက်ရှိကြောင်း MIC ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service