ဆောက်လုပ်ဆဲနဲ့ ပြီးစီးနေပြီဖြစ်တဲ့ တိုက်ခန်းအချို့ရဲ့ အရစ်ကျစနစ်များ

ဆောက်လုပ်ဆဲနဲ့ ပြီးစီးနေပြီဖြစ်တဲ့ တိုက်ခန်းအချို့ရဲ့ အရစ်ကျစနစ်များ - Property News in Myanmar from iMyanmarHouse.com
13 Mar 2018 12:31 pm တွင် တင်ခဲ့သည်
6399 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျငွေပေးချေမှု ပုံစံကို Myanmar Builders Guide ကသိရပါတယ်။

+++ အမှတ် (၉၀၃) +++

အမှတ် (၉၀၃) ဗြဟ္မစိုရ် Apartment ကို ငွေပေးချေမှုစနစ်မှာ လစဉ် (၁၁)သိန်းကနေ (၁၈)သိန်း၊ (၅)နှစ်ကနေ (၈)နှစ်အထိ အရစ်ကျစနစ်နဲ့ စီဘီဘဏ်ကတစ်ဆင့် ပေးသွင်းရမှာဖြစ်ပြီး အတိုးနှုန်းမှာ (၁၃)ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။

အထပ်ပေါင်း (၈)ထပ်ရှိပြီး (၁)လွှာမှာ (၂)ခန်းပါဝင်ပါတယ်။ ပန့်ဟောက်(စ်) (၁)ခန်းပါဝင်ပြီး အခန်းအကျယ်အဝန်းမှာ (၁၉ပေx၅၄ပေ)၊ စတုရန်းပေ (၁၀၂၆) ဖြစ်ပါတယ်။ ပန့်ဟောက်(စ်)မှာ (၃၈ပေx၅၄ပေ)ဝန်းကျင် ကျယ်ဝန်းကြောင်း သိရပါတယ်။

အခန်းဈေးနှုန်းမှာ (၃)လွှာကို ကျပ်သိန်း (၁၁၅၀)၊ (၄)လွှာကို ကျပ်သိန်း (၁၁၅၀)၊ (၆)လွှာကို ကျပ်သိန်း (၁၀၀၀)၊ (၇)လွှာကို ကျပ်သိန်း (၁၀၀၀)နဲ့ ပန့်ဟောက်(စ်)ကို ကျပ်သိန်း (၁၅၀၀)ဖြစ်ကြောင်း သိရပါတယ်။ ပရောဂျက်ကို (၂၀၁၇)ခုနှစ်၊ မတ်လမှာစတင်ပြီး (၂၀၁၈)ခုနှစ်၊ မတ်လမှာ အခန်းအပ်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ပရောဂျက်ကို ST&T Architects က ဒီဇိုင်းဆွဲပြီး တက်သစ်နေဝန်းဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်ပါတယ်။ Apartment မှာ အမှတ်(၉၀၃)၊ ဗြဟ္မစိုရ်လမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။

Precast RC Pile Foundation (၈)ယောက်စီး ဓာတ်လှေကား(၁)စီး၊ ကိုယ်ပိုင်မီတာ၊ အရန်မီးစက်၊ မီးသတ်စနစ်၊ အလိုအလျောက်ရေတင်စနစ် စတဲ့ facilities တွေ ပါဝင်ကြောင်း သိရပါတယ်။

+++ သုခရွှေပြည် +++

သုခရွှေပြည် Executive Apartment ကို ပထမအရစ်ကို ကျပ်သိန်း (၁၅၀)ပေးသွင်းပြီး ကျန်ငွေကို ဘဏ်နဲ့ချိတ်စရာမလိုဘဲ (၃)နှစ်ကနေ (၅)နှစ်အထိ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခန်းတန်ဖိုးရဲ့ ငွေတစ်ဝက် (၅၀)ရာခိုင်နှုန်း လက်ငင်း ပေးချေဝယ်ယူပါက (၂၀)ရာခိုင်နှုန်း အထူး Discount ရရှိမှာ ဖြစ်ပါတယ်။ အခန်းတွေရဲ့အကျယ်အဝန်းမှာ (၁၇ပေx၅၂ပေ)၊ စတုရန်းပေ (၈၈၄)နဲ့ အမြင့် (၉)ပေရှိ အခန်းတွေ ဖြစ်ပါတယ်။

မူလဈေး သိန်း (၇၀၀)ကို ယခု သိန်း (၅၀၀)နဲ့ ဝယ်ယူနိုင်မယ့် အလွှာတွေမှာ (၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇)လွှာတွေဖြစ်ပြီး မူလဈေး ကျပ်သိန်း (၈၀၀)ကို ယခု သိန်း (၆၀၀)နဲ့ ဝယ်ယူနိုင်မယ့် အလွှာမှာ ပထမထပ်၊ ပန့်ဟောက်(စ်)၊ မူလ ကျပ်သိန်း (၁၂၀၀)ကို ယခု သိန်း (၁၀၀၀)နဲ့ ဝယ်နိုင်မယ့် အလွှာမှာ မြေညီထပ် ဖြစ်ပါတယ်။

ဘုရားခန်း၊ ဧည့်ခန်း၊ Master Bedroom (၁)ခန်း၊ Singel Bedroom (၁)ခန်း၊ ကြမ်းခင်းကြွေပြားခင်း၊ မီးဖိုခန်း Kitchen Counter , Kitchen Cabinet တပ်ဆင်၊ မီးဖိုခန်း၊ ထမင်းစားခန်း ကြမ်းခင်းကြွေပြားခင်း၊ အဆောက်အအုံအရေးပေါ် back up generator တပ်ဆင်၊ (၈)ယောက်စီး ဓာတ်လှေကား၊ (၂၄)နာရီ Security Service ၊ ဘေစင်၊ ဘိုထိုင်အိမ်သာ၊ ဝရံတာမှာ Landscape Area အဖြစ် အပင်ထည့်၊ မြက်ခင်းတု အလှဆင်ပေးပါတယ်။ ဥပဒေနဲ့အညီ ခိုင်မာစွာ စာချုပ်ချုပ်ပေးကြောင်း သိရပါတယ်။

ပရောဂျက်မှာ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလမှာ လူ တက်ရောက်နေနိုင်မှာဖြစ်ပြီး အမှတ် (၃၄၉)၊ သီလလမ်း၊ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။

ဝယ်ယူသူတွေအနေနဲ့ အရောင်းပြခန်းတည်ရှိတဲ့ အမှတ် (၂/ဘီ)၊ ဝန်မင်းလမ်း၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်ကိုလာရောက်ပြီး အဆောက်အအုံပုံစံတွေကို ကြည့်ရှုလေ့လာဝယ်ယူနိုင်ကြောင်း Yone Minn Development က သိရပါတယ်။

Credit: Myanmar Builders Guide

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service