အင်းလေးမှာ ဆိုဖီတယ်ဟိုတယ် ဖွင့်လှစ်

အင်းလေးမှာ ဆိုဖီတယ်ဟိုတယ် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
12 Mar 2018 12:03 pm တွင် တင်ခဲ့သည်
9164 ကြိမ် ကြည့်ရှု့ပြီး
အင်းလေးကန်နဲ့ တောင်တန်းအလှနှစ်မျိုးရယ်၊ သဘာဝအလှတရားတွေ ဖြစ်တဲ့လယ် ကွင်းတွေ၊ တံငါသည်တွေ၊ တောင်ပေါ်ဘုရားနဲ့ လူမျိုးစုဓလေ့ ကို ခံစားနိုင်မယ့် Sofitel Inle Lake Myat  Min Hotels နဲ့ Resortsကို Thale Oo Village မှာ ဖွင့်လှစ်ပါတယ်။

Sofitel Inle  Lake မှာ ယူနက်စကိုရဲ့အသိအမှတ်ပြုခြင်း ခံရတဲ့အင်းလေးကန်ရဲ့ကမ်းနံဘေးမှာ တည်ရှိပြီး ဟဲဟိုးလေဆိပ်က နေ ကားနဲ့သွားရင် တစ်နာရီကျော်  အကွာအဝေးမှာရှိပါတယ်။ ရေလမ်း၊ ကုန်းလမ်းက ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်တွေရှိပြီး ကျွန်းမျော စိုက်ခင်းတွေကြောင့် အင်းလေး ကန်အလှကို ထင်ရှားစေပါတယ်။

ဆိုဖီတယ်ဟာဆိုရင် ကမ္ဘာနဲ့ယှဉ်တဲ့ ပြင်သစ် Luxury Brand အဖြစ် အသိအမှတ်ပြုခံရတဲ့အ မှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ အခန်းပေါင်း ၁၀၁ ခန်းနဲ့ဖွဲ့စည်းထား ပြီး dining facilities တွေ၊ fitness and wellness center တွေ ရှိပါတယ်။ ခရီးသွားဧည့်သည်တွေအတွက် သင့်တော်တဲ့နေရာတစ်ခု ဖြစ်ပြီး ဒေသခံလက်မှုပညာတွေ၊ ပန်းချီပညာတွေနဲ့ အလှပြင်ဆင်ထားကြောင်း သိရပါတယ်။

ဈေးကွက်မြှင့်တင်မှုအနေနဲ့ ဇွန်လ ၃၀ ရက်နေ့အထိကို Luxury room တွေကို နှစ်ယောက်နေ ထိုင်ခွင့်နဲ့ နံနက်စာ စားသုံးခွင့်အပါ  အမေရိကန်ဒေါ်လာ ၁၃၀ နဲ့ သတ်မှတ်မှာဖြစ်ပါတယ်။ မြန်မာနဲ့ ပြင်သစ်ကို ပူးပေါင်းပေး မယ့် ဝန်ဆောင်မှုတွေကို ဖန်တီး ပေးမှာဖြစ် ပြီး ခရီးသွားဧည့်သည် တွေအနေနဲ့  အကောင်းမွန်ဆုံးဝန်ဆောင်မှုရရှိမှာ ဖြစ်ပါတယ်။

Myat Min ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဖြိုးလှဝေက “ကျွန်တော်တို့ဟာ နိုင်ငံအတွင်း အဆင့်မြင့်ခံစားမှုအနေနဲ့  အ ကောင်းမွန်ဆုံး ဝန်ဆောင်မှုကိုရရှိမှာဖြစ်ပါတယ်၊ နှစ်လိုဖွယ်ရာ ဇိမ်ခံမှုတွေခံစားရမှာဖြစ်ပြီး မမေ့နိုင်တဲ့ အတွေ့အကြုံတွေကို ဒေသဓလေ့ နဲ့ လိုက်ဖက်စွာ ပေးစွမ်းနိုင်မှာဖြစ် ပါတယ်၊ ဒါကြောင့် Sofitel Inle  Lake Myat Min ဟာ ခရီးသွား ဧည့်သည်တွေရင်မှာ စွဲထင်စေမှာ ပါ”လို့ ပြောပါတယ်။

Sofitel Inle Lake ကို မတ် လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းတွေစပြီးလည်ပတ်နေပြီဖြစ် ကြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဧည့်သည်တော်တွေနဲ့ management တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်  အသက်ဝင်စေခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။

Sofitel Inle Lake Myat Min ဟာဆိုရင် မြန်မာနိုင်ငံမှာ တစ်မူထူးခြားတဲ့အသွင်နဲ့ ဝင်ရောက်လာတဲ့ Luxury Hotel ဖြစ်ပါတယ်။

မြတ်မင်းကုမဏီလီမိတက်ကို ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး  နှစ်အနည်းငယ်အတွင်းမှာပဲ သဘာဝ ဓာတ်မြေဩဇာနဲ့အတူ တခြားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service