အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး

အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
5 Mar 2018 12:39 pm တွင် တင်ခဲ့သည်
6466 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ ဒေါ်ဆက်ခရိုင်တွင်တွင် သမိုင်းဝင်ရှေးဟောင်းနေအိမ်များကို တွေ့မြင်ရခြင်းမှာ မထူးဆန်းသည့်မြင်ကွင်းသာဖြစ်သည်။

သာယာလှပသော ဒေါ်ချက်စတာမြို့ ဝန်းကျင်တွင် ကောင်းစွာထိန်းသိမ်းထားသည့် အလယ်ခေတ်နေအိမ်များ များစွာတွေ့မြင်ရမည် ဖြစ်သည်။

ယခုနေအိမ်ကြီး၏အမည်မှာ အေသယ်လ်ဟမ့်ပ်တန်ဟုအမည်ရပြီး အစောပိုင်းတူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မူရင်းနေအိမ်ကို ဆောက်လုပ်ခဲ့သူ Saxon တစ်ဦး၏အမည် အေသယ်ရစ်ခ်ကို အစွဲပြုကာမှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
စိတ်မကောင်းဖွယ်မှာ မူရင်းနေအိမ်၏ လက်ရာများ မရှိတော့ခြင်းဖြစ်၏။

ယခုတည်ရှိသည့်နေအိမ်မှာ ၁၅ ရာစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆာ ဝီလျံ မာတင်က ၁၄၈၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာမာတင်က ခြံဝန်းအတွင်းတွင် သမင်ဥယျာဉ်ကြီးတစ်ခုပင် ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းကာလများတွင် မာတင်မိသားစုသည် နေအိမ်ကို စဉ်ဆက်မပြတ်မွမ်းမံခြင်း၊ တိုးချဲ့ ဆောက်လုပ်ခြင်းများ ပြုလုပ်လျက်ရှိနေခဲသည်။
၁၅၉၈ ခုနှစ်တွင် နီကိုလပ် မာတင်ကွယ်လွန်ခဲ့ပြီးနောက် အမွေဆက်ခံမည့် သမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

အဆိုပါသမီး ၄ ဦးက နေအိမ်ကို ၄ ပိုင်းအညီအမျှပိုင်းလိုက်ကြပြီး နေထိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင် နေအိမ်၏တစ်ပိုင်းချင်းစီ၌ ပိုင်ရှင်များစွာ ပြောင်းလဲသွားခဲ့ကြပြီးနောက် နှစ်ပေါင်း ၂၅၀ အကြာ ၁၈၄၈ ခုနှစ်သို့ရောက်မှ နေအိမ်တစ်ခုလုံးကို ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည်။
နေအိမ်ကြီးအတွင်းတွင် မူရင်းအလယ်ခေတ်ပရိဘောဂများကို ယနေ့တိုင်တွေ့နိုင်သေးသည်။

အဲလစ်ဇဘက်ခေတ်အမိုးခုံးမျက်နှာကြက်များ၊ အနုပညာလက်ရာများဖြင့် မွမ်းမံထားသည့် အခန်းများတွေ့ရပြီး များစွာအဖိုးထိုက်တန်သည့် အနုပညာလက်ရာများစွာရှိသည့်အနက် ၁၅၂၀ ပြည့်နှစ်ခန့်က ပန်းချီကားတစ်ချပ်ဖြစ်သော The Adoration of the Magi ကို တွေ့ရသည်။

၁၈၉၁ ခုနှစ်တွင် အဲဖရက် ကာ့ထ် ဒီ လာဖောင်တိန်က ဝယ်ယူခဲ့ပြီး နေအိမ်ဝန်းကျင်တွင် လှပသော ပန်းဥယျာဉ်များ ပျိုးထောင်ခဲ့သည်။

ယင်းကာလက Arts and Crafts လှုပ်ရှားမှုကြီး အရှိန်အဟုန်ကောင်းနေချိန်လည်း ဖြစ်သည်။

နာမည်ကျော် ပန်းခြံဒီဇိုင်နာများဖြစ်သော ရယ်ဂျီနယ် ဘလွန်းဖီးနှင့် အင်ဒီဂို သောမတ်စ်တို့က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ အင်္ဂလန်တွင် အလှဆုံးပန်းဥယျာဉ်များစာရင်းတွင် ပါဝင်လျက်ရှိနေဆဲ ဖြစ်သည်။

ပန်းဥယျာဉ်အတွင်း အရောင်အသွေးစုံလင်သော ပန်းမန်မျိုးစုံစိုက်ပျိုးထားရာ နှင်းပန်း၊ လီလီ၊ နှင်းဆီ၊ တံတိုင်မွှေးတို့ အပါအဝင် ရှားပါးအပင်မျိုးစိတ်များစွာ စိုက်ပျိုးထားသည်။

ခြံဝန်းအတွင်း အာရုံကို ချက်ချင်းဖမ်းစားနိုင်မည့်အရာမှာ ခြုံနွှယ်ပင်များဖြင့် ပိရမစ်ပုံဖော်ထားသည့်အရာ ၁၂ ခုတည်ရှိနေခြင်း ဖြစ်သည်။

စိတ်ဝင်စားဖွယ် သမိုင်းအချက်အလက်တစ်ခုမှာ သောမတ်စ် ဟာဒီ၏ ဖခင်ဖြစ်သူသည် ယခုနေအိမ်မွမ်းမံစဉ်ကာလအတွင်း အလုပ်လုပ်ခဲ့ဖူးသည်ဆိုသည့်အချက်ပင်။

သောမတ်စ်ဟာဒီကိုယ်တိုင်လည်း အလည်အပတ်လာရောက်ခဲ့ဖူးပြီး သူ၏ The Dame of Athelhall ကဗျာတွင် ယခုနေအိမ်ကို ထည့်သွင်းရေးဖွဲ့ခဲ့ဖူးသည်။

သူ၏နေ့စဉ်မှတ်တမ်းတွင်လည်း ပထမကမ္ဘာစစ်ကြီးစတင်ချိန်ခန့်အတွင်း ဤနေအိမ်ကြီးတွင် ညစာစားခဲ့သည်ကို သတိရမိကြောင်း ရေးသားဖော်ပြခဲ့ဖူးသည်။

၁၉၅၇ ခုနှစ်တွင် ရောဘတ် ဗစ်တာ ကွတ်ခ်ဆိုသူက ဝယ်ယူလိုက်ပြီး ယနေ့အခါတွင် ၎င်း၏မြေးဖြစ်သူက ပိုင်ဆိုင်ထားသည်။

အေသယ်ဟမ့်ပ်တန်စံအိမ်ကြီးသည် အင်္ဂလန်ရှိ သရဲအခြောက်ဆုံးနေအိမ်ကြီးများတွင် အကျော်ကြားဆုံးနေအိမ်လည်း ဖြစ်၏။

မီးခိုးရောင်မိန်းမဟု အများကနာမည်ပေးထားသည့် သရဲမ၊ ဘုန်းကြီးတစ္ဆေဟု ယူဆရသော အရိပ်မည်းကြီးနှင့် မျောက်ဝံသရဲတို့ကို ယခုနေအိမ်ကြီးအတွင်း တွေ့မြင်ရသူ များစွာရှိခဲ့သည်ဟုဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service