သီလဝါ အထူးစီးပွားရေးဇုန် အောင်မြင်၍ ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် ဂျပန်အစိုးရက ကူညီရန်အစီအစဉ်ရှိဟုဆို

သီလဝါ အထူးစီးပွားရေးဇုန် အောင်မြင်၍ ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် ဂျပန်အစိုးရက ကူညီရန်အစီအစဉ်ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Mar 2018 10:04 am တွင် တင်ခဲ့သည်
4671 ကြိမ် ကြည့်ရှု့ပြီး
သီလဝါ အထူးစီးပွားရေးဇုန် တည်ထောင်ရာတွင် အောင်မြင်မှုများရရှိ၍ ထားဝယ် အထူးစီးပွားရေးဇုန်၌ ဂျပန် အစိုးရက ဝင်ရောက် အကောင်အထည်ဖော် လုပ်ကိုင်ရန် အစီအစဉ် ရှိကြောင်း ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)ရုံး မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စတာမစယုကီကာ ရာစဝါက ပြောသည်။

လက်ရှိတွင် ဂျပန်နိုင်ငံကထားဝယ်အထူးစီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး ရေး ဖွံ့ဖြိုးရေးမဟာစီမံကိန်းရေး ဆွဲနေပြီး စီမံကိန်းပြီးစီးပါက မြန်မာအစိုးရ၏ ဆုံးဖြတ်ချက် ပေါ်မူတည်၍ ဂျပန်နိုင်ငံက ဝင် ရောက်လုပ်ကိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

‘‘အထူး စီးပွားရေးဇုန်ကို တည်ဆောက်ခြင်းဖြင့် လိုအပ် လာမယ့် လျှပ်စစ်၊ ဆိပ်ကမ်းလို ဟာမျိုးနဲ့ ပတ်သက်တာတွေကို တိုင်းတာမှုစစ်တမ်း လုပ်နေပါ တယ်။ ရလာတဲ့ သုံးသပ်ချက် ပေါ်မူတည်ပြီး မြန်မာနိုင်ငံ အစိုးရ ကနေ ဘယ်လိုဆုံးဖြတ်မလဲဆို တာ မူတည်ပြီး ပါဝင်သွားမယ်’’ ဟု မစ္စတာမစယုကီကာရာစဝါက ပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်ကို အပိုင်း(က)နှင့် (ခ)ဟူ၍ နှစ်ပိုင်းခွဲကာ အကောင်အထည် ဖော်မည်ဖြစ်ပြီး အပိုင်း (က)ကို အီတာလျံ-ထိုင်းကုမ္ပဏီက မြေ ယာဖော်ထုတ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြော သည်။ အပိုင်း (ခ)စီမံကိန်းကို နိုင်ငံတကာ တင်ဒါခေါ်ယူမည်ဟု ၎င်းက ဆက်လက်ပြောသည်။ အ ပိုင်း (က) တွင် စီမံကိန်းအသေးစား များပါဝင်ပြီး အပိုင်း(ခ)တွင် စီမံ ကိန်း အကြီးစားများ ပါဝင်မည်ဟု ဦးဆက်အောင်က ပြောသည်။

ထားဝယ် အထူးစီးပွားရေး ဇုန် စီမံကိန်းသည် ဂျပန်နိုင်ငံ အကူအညီဖြင့် ရေးဆွဲနေသည့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေး မဟာစီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီး အဆိုပါစီမံကိန်း ရေးဆွဲမှုသည် ၂၀၁၈ မေလ တွင် ပြီးစီးမည်ဟု ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆန်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းလုပ်ကိုင်ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ချင်း လက်မှတ်ထိုးပြီး ထိုင်းနိုင်ငံ ဘက်မှ အီတာလျံထိုင်းကုမ္ပဏီ နှင့် ပြည်တွင်းမှ မက်စ်(မြန်မာ) ကုမ္ပဏီတို့ စတင်လုပ်ကိုင်ခဲ့ သည်။ သို့သော် ၂၀၁၃ တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည်။

၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေး နွေးပြီး ဂျပန်အစိုးရကအဆိုပါ စီးပွားရေးဇုန်အပါအဝင် ထား ဝယ်ဒေသ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။

ယခု ပြန်လည်စတင်မည့် စီမံကိန်းဧရိယာအတွင်း ကျေးရွာခြောက်ရွာပါဝင်ပြီး စုစုပေါင်း အိမ်ထောင်စု ၁,၂၀၀ ကျော်ရှိ ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service