ပွဲဆူနေသော အခွန်ဥပဒေမူကြမ်း

ပွဲဆူနေသော အခွန်ဥပဒေမူကြမ်း - Property News in Myanmar from iMyanmarHouse.com
23 Feb 2018 12:19 pm တွင် တင်ခဲ့သည်
5018 ကြိမ် ကြည့်ရှု့ပြီး
ဖေဖော်ဝါရီ ဒုတိယပတ်တွင် ထုတ်ပြန်သော ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းသည် ရက်ပိုင်းအတွင်း စီးပွားရေးနယ်ပယ်၌ ဒီဘိတ်ကြီးတစ်ခု မွေးဖွားပေးခဲ့သည်။ ဥပဒေကြမ်းတွင် အခွန်လွတ်ငြိမ်းခွင့်နှင့် အခွန်နှုန်းထားလျှော့ပေးခြင်းများ ထည့်သွင်းထားမှုအပေါ် စီးပွားရေး လောက၌ ကြိုဆိုသူများရော ဝေဖန်ကန့်ကွက်သူများပါ ပွက်ပွက်ညံနေသည်။

၂၀၁၈ ပြည်ထောင်စုအခွန် အကောက်ဥပဒေကြမ်းတွင် အ ရေးကြီးသည့်အချက်တစ်ခု ပါဝင်လာသည်။ ဥပဒေကြမ်းပုဒ်မ ၂၅ တွင် ပြည်တွင်းနေ နိုင်ငံသား၊ ပြည်ပနေနိုင်ငံသားများ၏ဝင်ငွေရ လမ်းတစ်ခုခု(သို့မဟုတ်)စီးပွား ရေးလုပ်ငန်းတစ်ခုခုဆောင်ရွက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် ပျက်ကွက် ခြင်း၊ အခွန်ပမာဏလျော့နည်း ပေးဆောင်ခြင်းတို့အပါအဝင် လက်ဝယ်ရှိသည့် ငွေကြေးဖြင့် ပြည်တွင်း၌ မြေ၊ အဆောက်အ အုံနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ ထိတွေ့ကိုင်တွယ်ရသော ပစ္စည်း၊ ထိတွေ့ကိုင်တွယ်မရ သော ပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရင်းနှီးမြှုပ်နှံ ခြင်း၊ အစုရှယ်ယာထည့်ဝင်ခြင်း တို့အတွက် အသုံးပြုမည်ဆိုပါက ပထမခြောက်လအတွင်း အခွန် ၃ ရာခိုင်နှုန်း၊ ဒုတိယခြောက်လ တွင် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

လက်ရှိကျင့်သုံးနေသည့် အခွန်ဥပဒေတွင် ဝင်ငွေရလမ်းမဖော် ပြနိုင်သော ငွေကြေးများဖြင့် အိမ် မြေ၊ တိုက်ခန်းများ ဝယ်ယူပါက တစ်ကျပ်မှ သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ မှ သိန်း ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ သိန်း ၁,၀၀၀ အထက် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ယခုဥပဒေကြမ်းဖြေလျှော့ခြင်းသည် ဝင်ငွေရလမ်းမဖော်ပြသော ငွေကြေးများ ဖြင့် ဝယ်ယူမှုကို ၃ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းသတ်မှတ်ကောက်ခံမည်ဖြစ်သည်။

ဝင်ငွေရလမ်း မဖော်ပြနိုင် သော ငွေကြေးများတွင် ကျောက်စိမ်း၊ ကျောက်မျက်၊ သစ်စသော တန်ဖိုးရှိ သယံဇာတများကို မှောင်ခိုထုတ်လုပ်ရောင်းချထားသည့်ငွေ ကြေးများရှိပြီး မူးယစ်ဆေးဝါးရောင်းချထားသော ငွေမည်းများအထိ ပါဝင်သည်။

အခွန်အကောက် ဥပဒေကြမ်းအတည်ပြုခဲ့ပါက အခွန် ရှောင်နေသော ငွေကြေးများ ဈေးကွက်အတွင်း ရောက်လာကာကျဆင်းနေသော မြန်မာ့စီးပွားရေး ပြန်လည်လှုပ်ရှားတော့မည်ဟု ပညာရှင်အချို့နှင့် လုပ်ငန်းရှင် များက မျှော်လင့်နေသည်။

‘‘ဒီအခွန်နှုန်းထားဖြေလျှော့မှုက စီးပွားရေးပြန်လည်နှိုးဆွတဲ့ သဘောပဲ’’ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

အိမ်ခြံမြေဈေးကွက်ကျဆင်းမှုအကျိုးဆက်သည် မြန်မာနိုင်ငံ ငွေကြေးဈေးကွက်အပေါ် ကြီးမားသည့်ရိုက်ခတ်မှုရှိနိုင်ကြောင်း ဘဏ်လုပ်ငန်းပညာရှင်များက မကြာခဏသတိပေးနေသည်။ ငွေ ချေးယူသူများထံမှ အာမခံချက်အ ဖြစ် ဘဏ်များကအိမ်မြေများကို သာ လက်ခံထားခြင်းကြောင့် အိမ် မြေဈေးကျချိန်တွင် ဘဏ်လုပ်ငန်းရှင်များအတွက် ခေါင်းခဲစရာဖြစ် နေသည်။

အာရှစီးပွားရေးပျက်ကပ်ဟု လူသိများသည့် ၁၉၉၇ ကစတင် သော စီးပွားရေးအကျပ်အတည်းက အိမ်ခြံမြေဈေးကွက်တည် ဆောက်ရေးလုပ်ငန်းများကစတင်ခဲ့သည်။ ၁၉၉၇ တွင် ထိုင်းနိုင်ငံမှ စတင်သည့် အိမ်ခြံမြေတည် ဆောက်ရေးလုပ်ငန်းများ အကျပ် အတည်းက အရှေ့တောင်အာရှ နိုင်ငံအများစုကို ရိုက်ခတ်သကဲ့သို့ မြန်မာနိုင်ငံကိုလည်း ရောက်ရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က သတိပေးပြော ထားသည်။

ထိုကဲ့သို့ ဘဏ်လုပ်ငန်းရှင် နှင့်ချိတ်ဆက်နေသော အိမ်ခြံမြေ ဈေးကွက်အတွက် အစိုးရက အခွန်နှုန်းထားတစ်နှစ်ဖြေလျှော့ ပေးမည့်အစီအစဉ်သည် မြန်မာ နိုင်ငံ၏ စီးပွားရေးကိုပြန်လည်နှိုးဆွရန် အစိုးရ၏အစီအစဉ်တစ်ခု ဖြစ်ကြောင်း ပညာရှင်များနှင့်လုပ် ငန်းရှင်များက ရှုမြင်သုံးသပ်မှုများလည်းရှိသည်။

သို့သော် အခြားတစ်ဖက်တွင် ငွေမည်းများဖြင့် အိမ်ခြံမြေ၊ ကားကဲ့သို့ နယ်ပယ်များ၌ ပမာဏများစွာ ဝယ်ယူရင်းနှီးမြှုပ်နှံပါက ငွေကြေးများစီးဝင်လာသည့်အတွက် ငွေကြေးဖောင်းပွလာမည်ကို ပူပန်မှုများလည်း ရှိသည်။ ထို့ ပြင် အိမ်ခြံမြေဈေးနှုန်းများတက်သွားသည့်အတွက် လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများ နေအိမ်ပိုင်ဆိုင်ရေးအိပ်မက်ပျက်စီးသွားမည့်အပေါ် စိုးရိမ်မှုများလည်းရှိသည်။

ဒီချုပ်အစိုးရသက်တမ်း ၂ နှစ်အတွင်း အစိုးရ၏အဓိကဝင် ငွေဖြစ်သော အခွန်ဝင်ငွေသည် အိမ်ခြံမြေကဏ္ဍတွင် သိသာစွာ လျော့နည်းခဲ့သည်။ တရားမဝင် ရောင်းဝယ်မှုများနှင့် ဈေးကွက် အေးစက်မှုကြောင့် အစိုးရသက်တမ်း ၂ နှစ်အတွင်း အိမ်ခြံမြေအခွန်ကောက်ခံရရှိမှု ၇၀ ရာခိုင်နှုန်းကျဆင်းကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေရောင်းဝယ်ရာမှ ကျပ် ၅၀ ဘီလီယံအခွန်ရသော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ၁၀ လ တွင် ကျပ် ၁၀ ဘီလီယံခန့်သာရရှိထားကြောင်း ၎င်းတို့က ဆို သည်။

အခွန်နှုန်းထား လျှော့ပေး ခြင်းကြောင့် စီးပွားရေးလောကမှ အခွန်ဆောင်သည့်ဦးရေပမာဏတိုးလာပြီး အခွန်ငွေရရှိမှုပမာဏမြင့်တက်လာနိုင်ကြောင်း ဦးဇော်ဖေဝင်းက ခန့်မှန်းပြောကြားသည်။

စီးပွားရေးကျပြီး ဝယ်လိုအားနည်းနေချိန်တွင် အစိုးရက အခွန်လျှော့ချပေးခြင်းသည် စီးပွားရေးလုပ်ငန်းများထံ ငွေပြန်ဝင်လာမည့် အစီအစဉ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျပ်သိန်း ၁,၀၀၀ နှင့်အထက် ရောင်းဝယ်မှုများတွင် အခွန်၃၀ ရာခိုင်နှုန်း သတ်မှတ်ခြင်း ကြောင့် အခွန်ရှောင်မှုများသော အိမ်မြေရောင်းဝယ်မှု၊ မော်တော်ယာဉ်ရောင်းဝယ်မှုများ၌ တရားဝင်အခွန်ဆောင်ပြီး အရောင်းအ ဝယ်ပြုလုပ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

‘‘အခွန်ရှောင်တဲ့သူတွေအတွက် အစိုးရကပေးတဲ့ အခွင့်အ ရေးတစ်ခုပဲ’’ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

ထို့အပြင် ၂ နှစ်ခန့်ကြာ ငြိမ်သက်နေသော ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ရေးလည်း အခွန်ဥပဒေကြမ်းကြောင့် မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီဟူသော အိပ်မက်တစ်ခုက ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြားပေါ်ထွက်လာသည်။

၂၀၁၆ က စ၍ အိမ်ခြံမြေ ဝယ်ရောင်းဈေးကွက်တုံ့ဆိုင်းခဲ့ပြီး ယင်းအခက်အခဲနှင့် ဆက်စပ်၍ တည်ဆောက်ရေးလုပ်ငန်းများ ထိခိုက်ခဲ့သည်။ ထို့အပြင် ရန်ကုန်တိုင်းအစိုးရသစ်က အထပ်မြင့်တိုက်များ ဆောက်လုပ်မှုခေတ္တ ရပ်နားစေ၍ ပြန်လည်စစ်ဆေးခြင်း သည် ဈေးကွက်အကျဘက်သို့ ဦးတည်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကို အဆင်းဘီးတပ် ပေးသကဲ့သို့ ဖြစ်ခဲ့သည်။

ရန်ကုန်တိုင်းအစိုးရက အထပ်မြင့် စီမံကိန်းများကို ယာယီရပ်နားစေသော ဆုံးဖြတ်ချက်အ ပေါ် ပြင်းထန်စွာ ဝေဖန်မှုများထွက် ပေါ်လာပြီးနောက် ပြန်လည်ခွင့်ပြု ရာတွင် စည်းမျဉ်းစည်းကမ်းများ မကြာခဏ ပြောင်းလဲခြင်း၊ ဒေါ်လာဈေးမြင့်တက်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများ တန်ဖိုးမြင့်တက်ခြင်း၊ တည်ဆောက်ခွင့်များ ကြန့်ကြာခြင်းတို့အပြင် တရားဝင်ရောင်းဝယ်ရာ၌ အခွန်နှုန်းထား များခြင်းကြောင့်၊ ဝယ်လိုအားကျ ဆင်းခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း အကျပ်အတည်းတွေ့ ကြောင်း လုပ်ငန်းရှင်များက ပြော သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက် ရောက်သော ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ဆောက်လုပ်ရေး ကဏ္ဍ၌ တွေ့ကြုံနေရသည့် အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေး နိုင်ငံတော်က ကူညီဖြေရှင်းပံ့ပိုးပေးနိုင်ပါရန် တင်ပြခြင်းအခမ်းအနားတွင် အခွန်ဥပဒေမူကြမ်းကို ထောက်ခံကြောင်း မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအ သင်းချုပ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဆောက်လုပ် ရေးလောကကို မှီခိုပြီး လုပ်ကိုင်စားသောက်နေသူ တစ်သန်းကျော်ရှိနေခြင်းကြောင့် ယနေ့ ဆောက်လုပ်ရေးလောကပြိုလဲမည်ကို စိုးရိမ်နေကြောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်သူအချို့က ပြောသည်။

‘‘အခွန်ဥပဒေကို ဆက်လက်အတည်ပြုပေးဖို့ လုပ်ငန်းရှင်များအားလုံးကိုယ်စား မေတ္တာရပ်ခံပါတယ်’’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

ယနေ့ဆောက်လုပ်ရေးလောကသည် အစိုးရသတ်မှတ်ကောက် ခံသော အခွန်နှုန်းများကြောင့် အိမ်ခြံမြေဈေးကွက်ပြိုလဲရာမှ ဆက်စပ်ပြီး ကြီးမားသည့်အကျိုးဆက်ကို ခံစားနေရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

‘‘အောက်ဈေးနဲ့ပဲဖြစ်ဖြစ်၊ သင့်တော်တဲ့ဈေးနဲ့ပဲ ဖြစ်ဖြစ် အ ရောင်းအဝယ်ဖြစ်ပြီး လည်ပတ်လာစေဖို့ရာ အစိုးရကို တင်ပြ တောင်းဆိုအပ်ပါတယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ပြောသည်။

ဆောက်လုပ်ရေးလောကတွင် ၂၅ နှစ်ကြာ ကျင်လည်လုပ်ကိုင်ခဲ့သည့် ဦးမောင်ဝိတ်က ယနေ့ဆောက်လုပ်ရေးလောက၏အခက်အခဲကို အစိုးရက ဖြေရှင်းပေးရန် အချက်ခြောက်ချက်ကို အစိုးရထံ တင်ပြခဲ့သည်။ ထိုအချက်များတွင် အိမ်ခြံမြေ၊ တိုက်ခန်းရောင်းဝယ်ရာတွင် ပေးဆောင်ရသည့် အခွန် ၃၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းသို့ ၂ နှစ်ခန့် ယာယီလျှော့ချပေးရန် ပါဝင်သည်။

‘‘ကျွန်တော်တို့တိုင်းအတွင်းမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ထောက်ခံမှု၊ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ထောက်ခံမှု၊ ကျွန်တော်တို့တိုင်းအတွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ထောက်ခံမှုကို ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်ကြီးများ ယူဆောင်သွားပါ။ ပြည်ထောင်စုလွှတ်တော် မှာ ပြည်ထောင်စုအစိုးရတင်သွင်း တဲ့ဥပဒေကြမ်းကိုလည်း အတည် ပြုပေးပါလို့ ဒီနေရာက ပန်ကြားအပ်ပါတယ်’’ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ပြောသည်။

၂၀၁၈ ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းတွင် အခွန်နှုန်းထားလျှော့ချပေးထား ခြင်း ရည်ရွယ်ချက်သည် ကျဆင်းနေသည့်စီးပွားရေးပြန်လည်နှိုးဆွရန်နှင့် အခွန်ဆောင်ပြီး ငွေဖြူဖြင့် စီး ပွားရေးလုပ်ငန်းများ တိုးချဲ့လုပ် ကိုင်လာရန်ဖြစ်သည်ဟု မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင် မောင်လေးက ပြောသည်။

အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ထိုကဲ့သို့ အခွန်သက်သာခွင့်မက်လုံးဖြင့် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စု၏အခွန်အ ကောက်ဥပဒေကြမ်းနှင့်ပတ်သက် ၍ ထိုသို့ မျှော်လင့်သူများရှိသလို တစ်ဖက်တွင် ငွေမည်းများ စီးပွားရေးလောကထဲဝင်လာပြီး ငွေကြေးဖောင်းပွလာမည်ကို စိုးရိမ်ပူပန်သူများ ရှိနေသည်။

ငွေမည်းများကို အခွန်ဆောင်ပြီး ငွေဖြူပြုလုပ်ရန် အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက်ဈေးကစားမည်ကိုလည်း စိုးရိမ်နေကြခြင်းဖြစ်သည်။ ငွေမည်းများကို ငွေဖြူပြုလုပ်မည်ဆိုပါက အိမ်ခြံမြေဈေးကွက်အပါအဝင် စီးပွားရေးလော ကအတွင်း ကြီးမားသည့် ငွေကြေးဖောင်းပွမှုကြုံတွေ့ရမည်ကို လွှတ်တော်ကိုယ်စားလှယ်အချို့က စိုးရိမ်နေသည်။ ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံသားများအပါအဝင်ငွေမည်းခဝါချရန် အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက်ဈေးကစားမှုကြောင့် စည်းမျဉ်းစည်းကမ်းများတင်းကျပ်ချိန်တွင် စီးပွားရေးနှေးကွေးခဲ့သည်ဟု ဝေဖန်သူများ ရှိနေသည်။

‘‘တစ်ဖက်က ကြည့်တော့ ငွေကြေးအလုံးအရင်းသိပ်မများ သူလုပ်ငန်းရှင်တွေအဖို့ ပိုအလုပ် ဖြစ်နိုင်ပေမယ့် အရင်ကလို ခွင်ရိုက်စားတာမျိုးတွေလည်း ရှိလာ နိုင်မှာပဲ’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးမင်းတင်က ဆိုသည်။

ထို့အပြင် အခွန်နှုန်းထား လျှော့ချပေးမှုက ၂၀၁၃ က ကြုံ တွေ့ခဲ့ရသည့် အိမ်ခြံမြေဈေးကွက် အခြေအနေမျိုးကို ကြိုတင်တွက်ဆထားသင့်သည်ဟု ၎င်းက ပြောသည်။ အခွန်နှုန်းထားလျှော့ချပြီး စီးပွားရေး ဆွဲတင်သည့်ပုံစံမျိုးကို ၂၀၀၇ တွင် စစ်အစိုးရ ကျင့်သုံးခဲ့ဖူးကြောင်း စီးပွားရေးသမားအချို့က ပြောသည်။ ထိုစဉ်က အစိုးရ၏အခွန်ဖြေလျှော့မှု အခွင့်အရေးကို ရယူပြီး မြန်မာ့အိမ်ခြံမြေများ ဈေးကစားမှုကြောင့် အိမ်ဈေး၊ မြေဈေးနှုန်းများ ဆက်တိုက်မြင့် တက်ခဲ့သည်။အိမ်ခြံမြေ ဈေးနှုန်းသည် ၂၀၀၈ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး နောက်ပိုင်းဆက်တိုက်မြင့်တက်လာပြီး ယနေ့အချိန်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မြေတစ်ကွက်တန်ဖိုးက ၁၀ ဆခန့်မြင့် တက်လာသည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားသည်။

‘‘ဒီပြဿနာက ငွေမည်းကို ငွေဖြူဖြစ်စေ၊ နိုင်ငံစီးပွားတက်စေဆိုတဲ့သဘောပဲ။ အောင်မြင်နိုင်သလို စွန့်စားခန်းလည်း ဝင်ရတတ်တာမျိုးပါ၊ စိန်ခေါ်မှုကြီးပါတယ်’’ ဟု ဦးမင်းတင်က သူ၏အမြင်ကို ပြောသည်။

ထို့ပြင် ပုံမှန်အခွန်ပေးဆောင် သူများက အဆင့်ဆင့်ပေးဆောင်ရပြီး အခွန်မဆောင်သူများကိုမူ ၃ ရာခိုင်နှုန်းသာ ပေးဆောင်စေရန် သတ်မှတ်ထားခြင်းကလည်း လူအများဝေဖန်သည့်အချက်ဖြစ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။

အခွန် ဥပဒေသက်တမ်းက တစ်နှစ်သာဖြစ်၍ တစ်နှစ်အတွင်း နိုင်ငံစီးပွားရေးတိုးတက်ရန် ယာယီဆောင်ရွက်သည့် ပုံသဏ္ဌာန်ဖြစ်နေခြင်းကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ‘‘အခွန်လျှော့ပေး တယ်။ နောက်တစ်ခါ တစ်နည်းနည်းနဲ့ ပြန်တိုးကောက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေက လာမှာ မဟုတ်ဘူး။ အခွန်တိုးကောက် ကောက်၊ လျှော့ကောက်ကောက် အဓိကတည်ငြိမ်မှုကို ထိန်းနိုင်ဖို့လိုတယ်’’ဟု ပြောသည်။

အခွန်နှုန်းထား လျှော့ပေး ခြင်းကြောင့် ငွေမည်းမှ ငွေဖြူပြု လုပ်ခြင်းပြဿနာက စီးပွားရေးတစ်ခုလုံးနှင့် သက်ဆိုင်နေပြီး အစိုးရအနေဖြင့် အခြားနည်းလမ်းများဖြင့် ထိန်းသိမ်းရန် ကြိုတင်ပြင် ဆင်ထားသင့်သည်ဟု နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများက အကြံပြုသည်။

ဒီချုပ်အစိုးရသက်တမ်း ၂ နှစ်ခန့်ရှိလာပြီးနောက် ရှေ့လာမည့် သုံးနှစ်တွင် စီးပွားရေးတက်လာ ရေးဆောင်ရွက်ရန် လိုအပ်နေသည်။ ကြိုဆိုမှုများနှင့်အတူ ဝေဖန်မှုများရှိနေသော အခွန်အကောက်ဥပဒေကို လာမည့် သီတင်းပတ်တွင် လွှတ်တော်၌ ဆွေးနွေးတော့မည်ဖြစ်သည်။ ‘‘အစိုးရက အခွန်ရှောင်တာတွေ ဆောင်ရဲလာ အောင် ရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းတယ်လို့ နားလည်ထားပါတယ်။ ဒီလိုခွင့်ပြုပေးတာက တစ်ဖက်မှာ ကောင်းကျိုးရှိသလို တစ်ဖက်မှာလည်း ဆိုးကျိုးတွေရှိတာကို သတိထားဖို့ရာနဲ့ ဆင်ခြင်သုံးသပ်နိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးသွားပါမယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုလေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service