အခွန်ဥပဒေကြမ်းက ဆောက်လုပ်ရေးကို အသက်ရှု ချောင်စေဟု လုပ်ငန်းရှင်များ ပြော

အခွန်ဥပဒေကြမ်းက ဆောက်လုပ်ရေးကို အသက်ရှု ချောင်စေဟု လုပ်ငန်းရှင်များ ပြော - Property News in Myanmar from iMyanmarHouse.com
20 Feb 2018 11:34 am တွင် တင်ခဲ့သည်
4898 ကြိမ် ကြည့်ရှု့ပြီး
လာမည့် ၂၀၁၈- ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းပါ စာမျက်နှာ ၁၆ အပိုဒ် ၂၅ တွင် ဖော်ပြထားသော အခွန်နှုန်းထား အပြောင်းအလဲက လက်ရှိရပ်ဆိုင်းလုနီးပါးဖြစ်နေသော ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို အသက်ရှုချောင်သွားစေမည်ဟု ထိပ်တန်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ယုံကြည်နေကြသည်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်သော ဆောက်လုပ်ရေး ကဏ္ဍတွင် တွေ့ကြုံနေရသော အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်းပေးပါရန် တင်ပြသော အခမ်းအနား၌ ၎င်းတို့က ယင်းသို့ ပြောကြားကြသည်။ယခု၂၀၁၇-၂၀၁၈ ခုနှစ် အခွန်ုအကောက်ဥပဒေတွင် ဝင်ငွေခွန် မဆောင်ရသေးသူများသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဝယ်ယူပါက အခွန် ၁၅ ရာခိုင်နူန်းမှ ၃၀ ရာခိုင်နူန်းအထိ ပေးဆောင်ရန် သတ်မှတ်ထားပြီး လာမည့် ၂၀၁၈- ၂၀၁၉ ခုနှစ် အခွန်အကောက် ဥပဒေမူကြမ်းတွင် ယင်းကို ၃ ရာခိုင်နူန်းမှ ၅ ရာခိုင်နူန်းသို့ လျှော့ချ ဖော်ပြရေးဆွဲ ထားသည်။

ထိုဝင်ငွေခွန် လျှော့ပေးလိုက်ခြင်းသည် လက်ရှိ ဝယ်ယူမှု နည်းပါးပြီး ဈေးကွက်ပျက်နေရာမှ အခွန်လျှော့ခြင်းကြောင့် အရောင်းအဝယ်များ ရှိလာပြီး ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာစေနိုင်သောကြောင့် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဧရာဝတီ သို့ ပြောဆိုကြသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဝိတ်က “အခွန်ဥပဒေကြမ်းကို မြန်မြန်ကြေညာပေးဖို့ပါ။ အချိန်စောလေလေ ကောင်းလေလေပါပဲ။ အခုတော့ ဧပြီ ၁ ရက်နေ့လောက် စမယ်လို့ ကျနော်တို့ သိရပါတယ်။ အခွန်များပါတယ်ဆိုတဲ့ လူတွေ အားလုံးက အရောင်းအဝယ်ထဲကို ရောက်လာမယ် ထင်ပါတယ်။ စောင့်ကြည့်ပါဦးမယ် ဆိုတဲ့သူတွေလည်း အခွန်လျှော့လာပြီဆိုတော့ ဒီအချိန်က ရင်းနှီးမြှုပ်နှံမှု ကောင်းတဲ့အချိန်ဆိုပြီး ဝင်လာမယ်ပေါ့။ ဒါကြောင့် ကျနော်ထင်ပါတယ်။ တဝက်လောက် ဒါမှမဟုတ်လဲ ၃ ပုံ ၁ ပုံလောက် ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်ပတ်သွားနိုင်ပါတယ်”ဟု ပြောသည်။

အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် ထိုင်းမှိုင်းသွားခဲ့ခြင်းသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၂၀၁၇ ခုနှစ်တွင် အဆိုးဆုံးကာလ ဖြစ်ခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ငွေမည်းကိုင်ဆောင်ထားသူများစွာသည် အိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြရာ အဝယ်များပြီး ဈေးနှုန်းများလည်း ထိုးတက်သွားခဲ့ကြောင်း ထောက်ပြကာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်က အိမ်ခြံမြေ အရောင်းအဝယ် အခွန်ကောက်ခံမှု ၃၀ ရာခိုင်နှုန်း အပါအဝင် ငွေမည်းမှ ငွေဖြူလျှော်ဖွတ်မှု တားဆီးရေး စည်းကမ်းများ တင်းကျပ်လာခြင်းတို့ကြောင့် ၂၀၁၆ ခုနှစ်မှ စတင်လာသော ဈေးကွက်ပြိုကွဲမှုသည် ၂၀၁၇ တွင် အရောင်းအဝယ် အထိုင်းဆုံး ဖြစ်လာခဲ့သည်။

ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အကြွေးဝန်ပိကာ ဆောက်လုပ်ဆဲလုပ်ငန်းများ ရပ်ဆိုင်းထားကြရပြီး အလုပ်သမားများ၏ အလုပ်နေရာ အာမခံနိုင်မှုလည်း မရေမရာ ဖြစ်လာခဲ့ရသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ စုဝေးကာ အစိုးရဘက်မှ ကူညီပေးရန် တောင်းဆိုလာခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၇ ရက် ရန်ကုန်ပွဲမတိုင်မီ ဇန်နဝါရီလ ၂၆ ရက်တုန်းကလည်း မန္တလေးတွင် စုဝေးခဲ့ကြသေးသည်။

အဆိုပါ ဆွေးနွေးပွဲ ၂ ခုလုံးတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်အခွန်များအား ၃၀ ရာခိုင်နူန်းမှ ၅ ရာခိုင်နူန်းသို့ ယာယီ ၂ နှစ်ခန့် လျော့ချပေးနိုင်ရေး၊ စီမံကိန်းများ အာမခံထား၍ စီမံကိန်း အကြီး၊ အသေးအပေါ်မူတည်၍ ၃ နှစ်မှ ၁၀ နှစ်အထိ ဘဏ်ချေးငွေ ရရှိရေး၊ ဘဏ်ချေးငွေ အတိုးနူန်းများအား ၁၃ ရာခိုင်နူန်းမှ ၉ ရာခိုင်နူန်းသို့ လျှော့ချပေးနိုင်ရေး၊ အိမ်ရာဝယ်ယူသူများအတွက် ၁၅ နှစ်မှ ၂၀ နှစ်အထိဘဏ်ချေးငွေများနှင့် ထိထိရောက်ရောက်ရရှိနိုင်ရေး၊ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ်ပေးမည့် ကာလသတ်မှတ်ချက် ကြေငြာပေးနိုင်ရေး (ဥပမာ- တိုက်ခန်း ၈ ထပ်ခွဲနှင့် အောက် ၁ လအတွင်း၊ ၁၂ ထပ်အထိ ဆိုလျှင် ၂ လအတွင်း၊ ၁၂ ထပ်နှင့် အထက် ဆိုလျှင်ကား ၆ လအတွင်း စသည်ဖြင့် ကာလတခု သတ်မှတ်ပေးနိုင်ရေး)နှင့် နိုင်ငံတော်ဘတ်ဂျက်ငွေနှင့် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများကို အရေအတွက် များများ အကောင်အထည်ဖော်ပေးနိုင်ရေး တို့ကှို စုပေါင်း တောင်းဆိုခဲ့ကြသည်။

ရန်ကုန် Myanmar Convention Center (MCC) တွင် ပြုလုပ်သော အစည်းအဝေးသို့ တက်ရောက်လာသော ရန်ကုန်တိုင်း ဒေသကြီးချုပ် ဦးဖြိုးမင်းသိန်းက ”ကျနော်တို့ တာဝန်ယူလိုက်တဲ့ အချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းက မိုးပျံပူဖောင်းလို အမြင့်ဆုံးမှာ ပေါက်တော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးကဏ္ဍရဲ့ မူဘောင်တွေကလည်း ပြန်လည် သုံးသပ်ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်း အိမ်ခြံမြေရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုက မိုးပျံပူဖောင်းတက်သလိုမဟုတ်ပဲ စနစ်တကျနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မြင်တွေ့ရလိမ့်မယ်”ဟု ပြောဆိုခဲ့သည်။

ယင်းအပြင် ဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနှင့် တည်ဆောက်မည့် ကြည့်မြင်တိုင် တဖက်ကမ်းရှိ မြို့သစ် စီမံကိန်း၊ ရန်ကုန်အထူးစီးပွားရေးဇုန် ဖော်ဆောင်မည့် ကိစ္စ စသည့် စီမံကိန်းများ လုပ်ဆောင်သွားမည့် အစီစဉ်များကိုလည်း လုပ်ငန်းရှင်များနှင့် ပြည်သူများကို အသိပေးပြောကြားလိုကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service